ပါကစ္စတန်နိုင်ငံသည် ချစ်ကြည်ရေးသဘောထားအနေနှင့် နောက်ထပ်အိန္ဒိယတံငါသည် (၁၀၀) ကျော်တို့ကို လွှတ်ပေးလိုက်သည်။

ပါကစ္စတန်နိုင်ငံသည် ချစ်ကြည်ရေးသဘောထားတခုအဖြစ် နောက်ထပ် အိန္ဒိယတံငါသည် (၁၀၀) တို့ကို လွှတ်ပေးလိုက်သည်။ လွန်ခဲ့သော စနေနေ့က ယင်းတံငါသည်များကို ပါကစ္စတန်နိုင်ငံက ပြန်လွှတ်ပေးရန် ကတိပြုထားသောအိန္ဒိယအကျဉ်းသားပေါင်း (၃၆၀) တို့ကို အဆင့် (၄) ဆင့်ဖြင့်လွှတ်ပေးရေး၏ ဒုတိယပိုင်းအဖြစ် လွှတ်ပေးခြင်းဖြစ်သည်။ ပထမပိုင်း အိန္ဒိယတံငါသည် (၁၀၀) တို့ကို ယခုလ (၇) ရက်နေ့က လွှတ်ပေးခဲ့ပြီးဖြစ်သည်။  သက်ဆိုင်ရာ အသိုင်းအဝိုင်းတို့က Karachi မြို့ရှိ Malir အကျဉ်းထောင်မှ လွှတ်ပေးလိုက်သော တံငါသည်တို့ကို ရထားဖြင့် Lahore မြို့သို့ ခေါ်ဆောင်သွားကြောင်း ဖေါ်ပြကြသည်။ ယင်းတံငါသည်တို့ကို ယနေ့ Wagah နယ်စပ်တွင် အန္ဒိယအာဏာပိုင်များထံ လက်လွှဲပေးအပ်လိမ့်မည်ဖြစ်သည်။ AIR သတင်းထောက်သည် များသောအားဖြင့် Gujarat ပြည်နယ်မှဖြစ်ကြသော အိန္ဒိယတံငါသည်တို့ကို အာရေးဗီးယားပင်လယ်မှ ပါကစ္စတန်နိုင်ငံ၏ ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ငါးဖမ်းမှုကြောင့် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ဖေါ်ပြသည်။ နောက်ထပ်တံငါသည် (၁၀၀) တို့ကို လာမည့် ဧပြီလ (၂၂) ရက်နေ့၌ လွှတ်ပေးလိမ့်မည်ဖြစ်ပြီး ကျန်ရှိသူတို့ကို ဧပြီလ (၂၉) ရက်နေ့၌ လွှတ်ပေးလိမ့်မည်ဖြစ်ကြောင်း။