ဘူတန်နိုင်ငံအစိုးရသည် BBIN အစပျိုးလုပ်ငန်းများကို သဘောတူလက်ခံရန် ဥပဒေမူကြမ်းတခုအား ၎င်း၏ အထက်ဆီးနိတ်လွှတ်တော်သို့တင်သွင်းရန်ရှိကြောင်း။

ဘူတန်နိုင်ငံအစိုးရသည် ဘင်္ဂလားဒေ့ရှ်-ဘူတန်-အိန္ဒိယ-နီပေါ (BBIN) ကုန်းလမ်းနှင့်ရထားလမ်းဆက်သွယ်မှုများအတွက် အစပျိုးလုပ်ကိုင်မှုတို့အား သဘောတူမှုရရှိရန် ဥပဒေမူကြမ်းတခုကို ၎င်း၏ အထက်ဆီးနိတ်လွှတ်တော်သို့ တင်သွင်းမည်ဖြစ်သည်။ အဆိုပါ အရေးကိစ္စနှင့်ပါတ်သက်၍ သတင်းမီဒီယာတို့အား ဘူတန်နိုင်ငံဝန်ကြီးချုပ် Dr. Lotay Tshering ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အလည်အပါတ်ခရီးစဉ်နှင့်ပါတ်သက်၍ ဖေါ်ပြရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Shahidul Haq သည် BBIN မှာ ဒေသပိုင်းအတွင်း အလွန်ကြီးမားသော ကုန်းလမ်းနှင့် မီးရထားလမ်းဆက်သွယ်ရေး တိုးမြှင့်ရေးအတွက် ကြီးမားသော အစပျိုးမှုတခုဖြစ်ပြီး၊ ဘူတန်ပါလီမန်လွှတ်တော်က မကြာမှီ ခွင့်ပြုလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖေါ်ပြခဲ့သည်။ လွန်ခဲ့သော ၂၀၁၅ ခုနှစ်က ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် နီပေါနိုင်ငံတို့က လေးနိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ကြရမည့် BBIN နိုင်ငံများ၏ မော်တော်ယာဉ်များဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးအကောင်အထည်ဖေးကြပြီး ဖြစ်သော်လည်း Bhutan နိုင်င့ကမူ ယင်းသဘောတူစာချုပ်ကို ယခုတိုင် လက်ခံအတည်ပြုခြင်းမရှိသေးကြောင်း။