အောက်လွှတ်တော် Lok Sabha ရွေးကောက်ပွဲများ ဒုတိယပိုင်းအတွက် မဲဆွယ်မှုများကို အရှိန်အဟုန် အပြည့်အဝနှင့် ပြုလုပ်လျှက်ရှိကြသည်။

အောက်လွှတ်တော် Lok Sabha ရွေးကောက်ပွဲများ ဒုတိယပိုင်းအတွက် မဲဆွယ်မှုများ ပြီးဆုံးရန် နှစ်ရက်သာကျန်ရှိနေသည့်အလျောက် မဲဆွယ်မှုများက အထွဋ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဤအပိုင်း၌ ပြည်နယ်ပေါင်း (၁၇) ခုနှင့် ပြည်ထောင်စုနယ်မြေ (၁) ခုအတွင်းရှိ မဲဆန္ဒနယ်မြေပေါင်း (၉၇) ခုတို့၌ လာမည့်ကြာသပတေးနေ့တွင် မဲဆန္ဒပေးကြမည်ဖြစ်သည်။ နိုင်ငံရေးပါတီအဖြာဖြာတို့မှ ခေါင်းဆောင်များသည် မဲဆန္ဒရှင်များအား စွဲဆောင်ရန် အစွမ်းကုန် ကြိုးပမ်းမဲဆွယ်လျှက်ရှိကြသည်။ ယမန်နေ့က ဝါရင့် BJP ပါတီခေါင်းဆောင်နှင့် ဝန်ကြီးချုပ် Mr Narendra Modi တို့သည် Jammu ပြည်နယ် Kathua အရပ်ဒေသနှင့် Uttar Pradesh ပြည်နယ် Aligarh နှင့် Moradabad မြို့များတွင် လူထုအစည်းဝေးပွဲများသို့ တက်ရောက်အမှာစကားပြောဆိုခဲ့ကြသည်။ ယမန်နေ့က ကွန်ဂရက်စ်ပါတီ အထွေထွေအတွင်းရေးမှူး Mrs Priyanka Gandhi Vadra သည် အာသံပြည်နယ် Sichar မြို့တွင် ကားတန်းဖြင့် လှည့်လည်ပွဲများ ပြုလုပ်ခဲ့သည်။ အဆိုပါရွေးကောက်ပွဲများ ဒုတိယပိုင်း၌ Tamil Nadu ပြည်နယ်အတွင်း မဲဆန္ဒနယ်မြေ (၃) ခုစလုံးတို့တွင် မဲဆန္ဒပေးကြမည်ဖြစ်သည်။ တခြားပါလီမန်လွှတ်တော် မဲဆန္ဒနယ်မြေများမှာ Karnataka ပြည်နယ်၌ (၁၄) ခု၊ Maharashtra ပြည်နယ်၌ (၁၀) ခု ၊ Uttar Pradesh ပြည်နယ်၌ (၈) ခု၊ အာသံ၊ Bihar နှင့် Odisha ပြည်နယ်တို့၌ မဲဆန္ဒနယ်မြေ (၅) ခုစီ၊ Chhattisgarh နှင့် အနောက်ဘင်္ဂလားပြည်နယ်တို့၌ (၃) ခု၊ Jammu နှင့် Kashmir ပြည်နယ်၌ (၂) ခုနှင့် Manipur ၊ Tripura နှင့် Puducherry ပြည်တို့၌ မဲဆန ၵနယ်မြေ (၁) ခုစီတို့၌ မဲဆန္ဒပေးကြမည်ဖြစ်ကြောင်း။