Finland နိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် Social Democrats ပါတီ အနိုင်ရရှိသွားသည်။

Finland နိုင်ငံ၏ လက်ဝဲယိမ်း Social Democrats တို့သည် ယမန်နေ့ကကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲများတွင် ကပ်၍ အနိုင်ရရှိမှုတခုကို မှတ်တမ်းတင်လိုက်သည်။ မဲပုံးအရေအတွက် ၁၀၀% ပြည့် ရေတွက်ပြီးသည့်အချိန်တွင် လင်္ကျာအစွန်းရောက် Finns Party အား နောက်ချန်လျှက် Mr Antti Rinne ဦးဆောင်သော Social Democrats ပါတီသည် အမတ်ဦးရေ (၂၀၀) ရှိသောပါလီမန်လွှတ်တော်တွင် အမတ်နေရာ (၄၀) ကို သိမ်းပိုက်နိုင်ကာ၊ Finns ပါတီသည် အမတ်နေရာ (၃၉) နေရာကို ရယူနိုင်ပေသည်။ National Coalition Party သည် အမတ်နေရာ  (၃၈) နေရာကို ရရှိခဲ့ပြီး၊ အာဏာရ Centre ပါတီသည် အမတ်နေရာ (၃၁) နေရာတို့၌ အနိုင်ရရှိခဲ့သည်။ ကျန်အမတ်နေရာများကို တခြားပါတီများက အနိုင်ရရှိခဲ့ကြသည်။ ရာထူးမှ ဆင်းသက်ပေးရမည့် ဝန်ကြီးချုပ် Mr Juha Sipila သသသည် ၎င်း၏ Centre Party မှာ ရွေးကောက်ပွဲ၏ အကြီးမားဆုံး ဆုံးရှုံးမှုဖြစ်သည်ဟု ဖေါ်ပြခဲ့ပြီး စီးပွားရေးကို ညီမျှစေရေးအတွက် ကြိုးပမ်းမှုတခုအဖြစ် ၎င်း၏အုပ်ချုပ်ရေးကပြုလုပ်ခဲ့သော ခက်ခဲ့သည့် စီးပွားရေးဆုံးဖြတ်ချက်များကို အပြစ်တင်ခဲ့သည်။ The Social Democrats ပါတီသည် အငယ်တန်းညွှတ်ပေါင်းပါတီအဖြစ်ရှိနေခဲ့ရာမှ (၁၆) နှစ်ကျော်ကာလတွင် ပထမအကြိမ်အစိုးရကို ဦးဆောင်လိမ့်မည်ဖြစ်ကြောင်း။