သီရိလင်္ကာနိုင်ငံ၌ ဘုရားရှိခိုးကျောင်းများနှင့် ဟိုတယ်များအတွင်း ပေါက်ကွဲမှုအသီးသီးတို့တွင် လူပေါင်း ၁၆၀ ထက်မနည်းသေဆုံးခဲ့ပြီး အခြားသူ ၄၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိသွားသည်။

သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့တော်ရှိ ကြယ် ပွင့်အဆင့်ရှိ ဟိုတယ်များနှင့် နိုင်ငံတဝှမ်းရှိ ဘုရားကျောင်းများအား ပစ်မှတ်ထားလျှက် ဗုံးဖောက်ခွဲမှုအသီးသီးတို့တွင် လူပေါင်း ၁၆၀ ထက်မနည်းသေဆုံးခဲ့ပြီး အခြားသူ ၄၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိသွားသည်။ နိုင်ငံခြားသားများအတွက် နှစ်သက်ရာဒေသဖြစ်သည့် ကိုလမ်ဘိုမြို့ရှိ Shangrila Kingsbury နှင့် Cinnamon အဆင့်မြင့် ဟိုတယ်ကြီးများ၌ ပေါက်ကွဲမှုများတွင် နိုင်ငံခြားသေား အနည်းဆုံး ဦး သေဆုံးခဲ့ပြီး ၁၂ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများသည် အစ္စတာ ဆန်းနေ့နေ့ အခမ်းအနားကို ဘုရားရှိခိုးကျောင်းများ၌ လုပ်ဆောင်နေပြီး ဟိုတယ်ကြီးများတွင် ဝတ်ပြုဆုတောင်းမှု ပြုလုပ်နေခဲ့ကြစဉ် ယနေ့မနက် နာရီခန့်တွင် ဖြစ်ပွားခဲ့သည်။ ရဲတပ်ဖွဲ့များသည် အခင်းဖြစ်ပွားရာနေရာများသို့ အလျင်အမြန်ရောက်ရှိခဲ့ကြပြီး ဘုရားကျောင်းများနှင့် ဟိုတယ်များကို ကြိုးဝိုင်းပိတ်ဆို့ခဲ့ကြသည်။ ရဲတပ်ဖွဲ့သည် ပြည်သူလူထုကို အခင်းဖြစ်ပွားရာ နေရာများမှအဝေးတွင် နေကြပါရန်နှင့် ဆေးရုံများတွင် လူစုပြုံသွားရောက်မှု မပြုကြပါရန် အကြံပြုထားပြီးဖြစ်သည်။ ဝန်ကြီးချုပ် Mr. Ranil Wickremsinghe သည် အခြေအနေကို သုံးသပ်ရန်အတွက် အရေးပေါ် တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်ဟု AIR ရေဒီယိုသတင်းထောက်က အစီရင်ခံ ဖော်ပြထားသည်။ အဆိုပါတိုက်ခိုက်မှုအတွက် မည်သည့်အုပ်စု၏ လက်ချက်ဖြစ်သည်ဟု ဖော်ပြထားခြင်း မရှိသေးပေ။ ဤတိုက်ခိုက်မှုသည် ၂၀၀၉ ခုနှစ်တွင်ပြီးဆုံးခဲ့သည့် LTTE ဆန့်ကျင်တိုက်ဖျက်မှု စစ်ပွဲကာလကတည်းမှစ၍ သီရိလင်္ကာနိုင်ငံတွင် အကြီးမားဆုံး တိုက်ခိုက်မှုဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီး မစ္စစ် Sushma Swaraj သည် ကိုလမ်ဘိုမြို့ရှိ အိန္ဒိယသံရုံးနှင့်အတူ အဆက်မပြတ် ဆက်သွယ်နေကြောင်း ဖော်ပြခဲ့သည်။ နယူးဒေလီအစိုးရသည် သီရိလင်္ကာနိုင်ငံအတွင်း ပေါက်ကွဲမှုများစွာ ဖြစ်ပေါ်ခဲ့ရာတွင် အခြေအနေများကို မမှတ်မသုန် အနီးကပ်စောင့်ကြည့်နေကြောင်း မစ္စစ် Sushma Swaraj က ဖော်ပြခဲ့သည်။ သမ္မတ Mr. Ramnath Kovind ဒုသမ္မတ Mr. M Venkaiah Naidu နှင့် ဝန်ကြီးချုပ် Mr. Narendra Modi တို့ကလည်း သီရိလင်္ကာနိုင်ငံမှ ထိတ်လန့်ဖွယ် တိုက်ခိုက်မှုများကို ရှုတ်ချ ဖော်ပြခဲ့ကြကြောင်း။