အပြုသဘောဖြင့် အဆင့်မြှင့်လိုက်သော အိန္ဒိယ-အမေရိကန်ဆက်ဆံရေး

သောတရှင်များခင်ဗျာ ဒီကနေ သတင်းဝေဖန်ချက်အခန်းမှာအပြုသဘောဖြင့် အဆင့်မြှင့်လိုက်သော အိန္ဒိယအမေရိကန်ဆက်ဆံရေး ဆိုတဲ့ခေါင်းစဉ်နှင့် JNU တက္ကသိုလ်မ အမေရိကန လေ့လာရေးဌာန ဒုတိယတွဲဘက အဓိပတိပါမောက္ခ Chintamani Mahapatra ရေးသားပေးပို့တဲ့ဆောင်းပါးကိုဖတ်ကြားအစီရင်ခံပါရစေ

သောတရှင်များခင်ဗျာ အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကနသံအမတ်ဟောင်း Robert Blackwill က အမေရိကန သမ္မတရဲအိန္ဒိယနိုင်ငံဆိုင်ရာ မူဝါဒအပေါ် သုံးသပ်အကဲဖြတ်ရာမှာ “B Plus” အဆင့် ပေးလိုက်ပါတယ်။ ဒီလိုအကဲဖြတ်ဖို ရွေးလိုက်တဲ့အချိန်ဟာ အရေးကြီးပါတယ်။ ဒီအချိန်မှာ သမ္မတDonald Trump ဒုတိယအကြိမ သမ္မတသက်တမ်းအတွကစတင်မဲဆွယ်နေပြီဖြစ်သလို အိန္ဒိယနိုင်ငံရဲ လက်ရှိအစိုးရဟာလည်း နောက်တစ်ကြိမ်ဆက်ပြီး အာဏာရဖို ရွေးကောက်ပွဲဝင်နေချိန်လည်း ဖြစ်ပါတယ်။ Mr. Blackwill ခေါင်းဆောင်တဲနိုင်ငံခြားဆက်ဆံရေး ကောင်စီကထုတ်ပြန်သော အထူးအစီရင်ခံစာမှာ သမ္မတ Trump ရဲ နိုင်ငံခြားရေးဝါဒဟာ အပြင်ပမ်း မြင်ရတာထက်ပိုပြီးကောင်းပါတယ်လို ဖော်ပြထားပါတယ်။အိန္ဒိယနိုင်ငံနှင့် မဟာဗျူဟာမြောက ဆက်ဆံရေးကို အရှိန်မပျက မြှင့်တင်တဲ့အတွက သမ္မတ Trump ကို ဂုဏ်ပြုထိုက်တယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာလိုမဟုတ်ဘဲ အိန္ဒိယနိုင်ငံရဲနိုင်ငံခြားရေးဝါဒအပေါ် ယေဘုယျအားဖြင့် လေ့လာကြတဲအိန္ဒိယ ပညာရှင်များကတော အမေရိကန်ပြည်ထောင်စုနှင့်မဟာဗျူဟာမြောက ဆက်ဆံရေးကိုမြှင့်တင်ရာမှာရရှိတဲအိန္ဒိယနိုင်ငံရဲ အောင်မြင်မှုကို A အဆင့် ပေးနိုင်ဖွယ်ရှိပါတယ်။

၂၁ ရာစု အစပိုင်းကစပြီး တိုးတက်လာခဲ့တဲ အိန္ဒိယအမေရိကန မဟာဗျူဟာမြောက ဆက်ဆံရေးကို ရှေ့ဆက်ခိုင်မာအောငတည်ဆောက်နိုင်ခဲ့တဲ့အတွက သမ္မတ Trump ကို ဂုဏ်ပြုသင့်တယ်လို သံအမတ်ကြီး Blackwill က ယူဆပါတယ်။အိန္ဒိယနိုင်ငံကို ခေတ်မီအဆင့်မြင့် စစ်လက်နက်ပစ္စည်းတွေနှင့် နည်းပညာတွေ ကမ်းလှမ်းခြင်း တောင်အာရှဆိုင်ရာ အမေရိကန်ပြည်ထောင်စုရဲ မဟာဗျူဟာမှာ အိန္ဒိယနိုင်ငံကို အဆင့်မြှင့်တင်ခြင်း နေတိုး စစ်မဟာမိတ်စာချုပ်အဖွဲ့ဝင နိုင်ငံတွေ အာရှတိုက်က မဟာမိတ နိုင်ငံတွေနှင့် အိန္ဒိယနိုင်ငံကို တတန်းတည်းထားပြီး စစ်လက်နက်များ လွှဲအပ်ခြင်း အမေရိကနပြည်ထောင်စုရဲ အင်ဒိုပစိဖိတ သမုဒ္ဒရာနယ်မြေဆိုင်ရာမဟာဗျူဟာသစ်မှာ အိန္ဒိယနိုင်ငံကို သော့ချက်ကျသော မိတ်ဖက်နိုင်ငံအဖြစ သဘောထားခြင်း နိုင်ငံ ကြည်းရေလေ တပ်အားလုံးရဲ ပူးတွဲစစ်ရေး လေ့ကျင့်မှုအဆင့်ကို မြှင့်တင်ခြင်းစသည်တို့ဟာ အလွန်အပြုသဘောဆောင်သော တိုးတက်မှုများဖြစ်ပါတယ်။ ဒီလို အိန္ဒိယနှင့် ဆက်ဆံရေးတိုးမြှင့်ခြင်းဟာအမေရိကန ပြည်ထောင်စုရဲ အမျိုးသား အကျိုးစီးပွားတွေကို ပိုပြီး အထောက်အကူဖြစ်စေတယ်လို Blackwill က ရှုမြင်ပါတယ်။

ဒါပေမယ့် အမေရိကန်ပြည်ထောင်စုနှင့် မဟာဗျူဟာမြောက ဆက်ဆံရေး အရှိန်မပျက တိုးတက်အောင ဆောင်ရွက်ရာမှာ အိန္ဒိယနိုင်ငံရဲ အခန်းကဏ္ဍကို Mr. Blackwill အသိအမှတမပြုဘူးလို ဆိုနိုင်ပါတယ်။ ရာသီဥတု ဖောက်ပြန်မှုပြဿနာဖြေရှင်းရေး အခွန်စည်းကြည်ရေး မူဝါဒ H1B ဗီဇာကိစ္စနှင့် နှစ်နိုင်ငံ ကုန်သွယ်ရေးမှာကျင့်သုံးသော GSP စနစ အစရှိတဲကိစ္စရပ်တွေမှာ အမေရိကန်ပြည်ထောင်စုရဲ အိန္ဒိယအပေါ်အပြုသဘော မဆောင်သော သဘောထားတွေကိုတော Mr.Blackwill ထည့်တွက်ပုံ မရပါဘူး

ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ထိန်းသိမ်းရာမှာအိန္ဒိယနှင့် အမေရိကန တစ်သဘောတည်း ဖြစ်ရေးအတွကအမေရိကန်သမ္မတ အဆက်ဆက်နှင့် အိန္ဒိယဝန်ကြီးချုပအဆက်ဆက်တို နိုင်ငံအကြား မဟာဗျူဟာမြောက လက်တွဲဆောင်ရွက်ရေးကိုပုံသွင်းဖို ကြိုးစားခဲ့ကြရာမှာ အဆင်မပြေတဲ့အခါတွေရှိခဲ့သလို အခက်အခဲတွေလည်း ကြုံခဲ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုက မဟာမိတ်အဖွဲ့တွေ ဖွဲ့စည်းနေစဉအိန္ဒိယနိုင်ငံက ဘက်မလိုက်ဝါဒကို ကျင့်သုံးခဲ့တဲ နိုင်ငံသဘောချင်း မတိုက်ဆိုင်သော အတိတ်ကာလကစပြီး နိုင်ငံဆက်ဆံရေးဟာ ခရီးရှည်ကြီး ချီတက်လာခဲ့ရပါတယ်။

Trump အစိုးရရဲ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုနှင့်ရာသီဥတု ဖောက်ပြန်မှုဆိုင်ရာ မူဝါဒတွေဟာ အိန္ဒိယနိုင်ငံအပေါ် အဖျက်သဘောဆောင်စွာ ဂယက ရိုက်ခတ်ခဲ့ပါတယ်။ ဒီလိုအခက်အခဲတွေ ရှိလင့်ကစား အိန္ဒိယနိုင်ငံဟာ နိုင်ငံ မဟာဗျူဟာမြောက လက်တွဲဆောင်ရွက်ရေးရဲအရေးကြီးပုံကိုထောက်ရှုပြီး အဲဒီအခက်အခဲတွေအပေါ် ခံနိုင်ရည်များစွာရှိကြောင်း ပြသခဲ့ပါတယ်။ နိုင်ငံ စီးပွားရေးကဏ္ဍသဘောကွဲလွဲမှုကို အိန္ဒိယနိုင်ငံက အလွန်စိတ်ရှည်သီးခံစွာနှင့်ကိုင်တွယ်ခဲ့ပြီး အဲဒီသဘောကွဲလွဲမှုတွေ အိန္ဒိယအမေရိကနအကျိုးတူ မဟာဗျူဟာမြောက လက်တွဲဆောင်ရွက်မှုတည်ဆောက်ရာမှာ အဟန့်အတားဖြစ်လာမှာကို အိန္ဒိယကခွင့်မပြုပါဘူး နိုင်ငံအကြား မဟာဗျူဟာမြောက ပူးပေါင်းဆောင်ရွက်ရေးကို ခိုင်မာစေမယ့်နည်းလမ်း ခုအနေနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အရှိန်မပျက တိုးတက်ကောင်းမွန်လာအောင နိုင်ငံစလုံး အကျိုးရှိစေမယ့် မူဝါဒများ ကျင့်သုံးဖို သမ္မတ Trump အစိုးရကို အမေရိကနသံတမန်များအနေနှင့် နားချသင့်ပါတယ်။

အခြားနိုင်ငံတွေအပေါ်ကျင့်သုံးတဲ စီးပွားရေးမူဝါဒတွေမှာမိမိနိုင်ငံရဲ မဟာဗျူဟာ ရည်မှန်းချက ကိန်းအောင်းနေတတ်တယ်ဆိုတာကို လက်ရှိအမေရိကန်အစိုးရ သဘောပေါက်ပုံ မရပါဘူး သမ္မတ Trump ဟာ မိမိနိုင်ငံရဲ ပြည်တွင်းစီးပွားကုန်သွယ်ရေး အကျိုးစီးပွားကို မဟာဗျူဟာ အကျိုးစီးပွားထက်ပိုပြီး ဦးစားပေးပါတယ်။ ဒီအချက်ကို အမေရိကန်ပြည်ထောင်စုရဲမဟာဗျူဟာ လေ့လာရေး အသိုက်အဝန်း အသေအချာ သိမြင်ကြပါတယ်။ Mr. Donald Trump ရဲ ပထမ သမ္မတ သက်တမ်းကာလမှာတင်ပဲ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ ယောက နှုတ်ထွက်သွားခဲ့ကြတာက ဒါကို သက်သေပြနေပါတယ်။

ကမ္ဘာအနှံ့အပြားက အမေရိကန်ပြည်ထောင်စုရဲ မဟာမိတ်များနှင့် မဟာဗျူဟာမြောက ဆက်ဆံရေးထားရှိသော နိုင်ငံများစွာတို့ဟာ သမ္မတ Trump အစိုးရနှင့် ဆက်ဆံရာမှာ အလက်အခဲတွေ ကြုံနေကြရပါတယ်။ အဲဒီနိုင်ငံတွေစာရင်းမှာ အိန္ဒိယလည်းပါဝင်ပါတယ်။ ပါရီ ရာသီဥတု ဖောက်ပြန်မှုဖြေရှင်းရေးသဘောတူညီချက်မ အမေရိကန်ပြည်ထောင်စု နှုတ်ထွက်သွားပြီး အီရန်နှင့် ရုရှား နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ရာကမုန်တိုင်းထန်လာတဲ သံခင်းတမန်ခင်ဆိုင်ရာ ပင်လယ်ပြင်မှာအိန္ဒိယအမေရိကန မဟာဗျူဟာမြောက ဆက်ဆံရေးဆိုတဲ့လှေကို အောင်မြင်စွာ ပဲ့ကိုင်နိုင်ခဲ့တဲ အိန္ဒိယဝန်ကြီးချုပ်ကိုအမှတ်ပြည့်ပေးထိုက်ပါတယ်။

ကာလကြာမြင့်စွာကတည်းက မိတ်ဆွေအဖြစ ရပ်တည်ခဲ့ကြသောနိုင်ငံတွေနှင့် မဟာမိတ နိုင်ငံတွေရဲ အကျိုးစီးပွားတွေကို ဆိုးဝါးစွာထိခိုက်စေသော မူဝါဒအချို ချမှတ်ခြင်းကို Trump အစိုးရ ရှောင်ကြဉ်မှသာလျှင် နိုင်ငံခြားရေးဝါဒနှင့်ပတ်သက်လို ပိုပြီး အမှတ်ကောင်း ရနိုင်မှာ သေချာပါတယ်။ ဒါနှင့်မတူဘဲ မိမိနိုင်ငံရဲ အမျိုးသားလုံခြုံရေး အကျိုးစီးပွားကိုကာကွယ်ရေးကော ကျန်ကမ္ဘာ့နိုင်ငံတွေနှင့် ဆက်ဆံရေးကိုပကျွမ်းကျင်စွာ ကိုင်တွယ်နိုင်စွမ်းရှိတဲ အိန္ဒိယနိုင်ငံကို ဘက်လိုက်မှုကင်းတဲ အကဲဖြတ်ပုဂ္ဂိုလ်များက အမှတ်ပြည့်ပေးကြမှာဧကန်ဖြစ်ကြောင်း ပါမောက္ခ Chintamani Mahapatra ရဲ ဝေဖန်ရေးသားချက်ကို ဖတ်ကြားအစီရင်ခံလိုက်ရပါတယ်ခင်ဗျာ