အိန္ဒိယ ရေတပ်မတော်သည် လမ်းညွှန်ထိန်းကြောင်းပစ်ခတ်လာသည့် ဒုံးကျည်ဖျက် ‘Imphal’ သင်္ဘောကို ရေချလိုက်သည်။

အိန္ဒိယရေတပ်မတော်သည် ယမန်နေ့၌ Mumbai မြို့၊ Mazagon Dock သင်္ဘောကျင်းတွင် လမ်းညွှန်ထိန်းကြောင်း ပစ်ခတ်လိုက်သည့် ဒုံးကျည်ဖျက် Imphal သင်္ဘောကို ရေချလိုက်သည်။ Imphal သင်္ဘောသည် ကဏ္ဍစုံ အသုံးပြုနိုင်သည့် ရဟတ်ယာဉ် စီးတို့ကို သယ်ဆောင် အသုံးပြုရန် သင်္ဘောများကို တည်ဆောက်နေသည့် စီမံကိန်းတစ်ခုအောက်မှ တတိယမြောက် သင်္ဘောဖြစ်သည်။ သင်္ဘောကိုယ်ထည်နှင့် ရေဒါ မြင်နိုင်မှုကုန်းပတ် တပ်ဆင် အသုံးပြုမှုတို့ဖြင့် အဆင့်မြှင့်ထားသည့် လုံခြုံရေး ဝိသေသများဖြင့် ပြုလုပ်ထားပြီး သင်္ဘောများကို ရှာဖွေသိရှိရန် ခက်ခဲစေသည်ဟု ထုတ်ပြန်ကြေညာချက်တစ်စောင်တွင် ရေတပ်မတော်က ဖော်ပြထားသည်။ အခမ်းအနားသို့ အမှာစကားပြောကြားစဉ် ရေတပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Sunil Lanba သည် ၎င်းအနေဖြင့် တပ်ဖွဲ့၏ သင်္ဘောများအပေါ် ကျေနပ်အားရမှုရှိပြီး နောက်ထပ် လေယာဉ်နှင့် ရေငုပ်သင်္ဘောများကို လာမည့်နေ့ရက်များတွင် ထားရှိသွားနိုင်မည်ဟု ဖော်ပြခဲ့သည်။ နှစ်ကာလတလျှောက်တွင် ရေတပ်မတော်သည် ဝယ်ယူသူအဆင့်မှ တည်ဆောက်သူအဆင့် ဖြစ်လာပြီဖြစ်ပြီး လာမည့်နှစ်များတွင် ပိုလျံမှုအဆင့်သို့ ကျော်လွှားနိုင်လိမ့်မည်ဟုလည်း ရေတပ်ဗိုလ်ချုပ်ကြီးက ဖော်ပြခဲ့ကြောင်း။