အောက်လွှတ်တော် ရွေးကောက်ပွဲများ၏ ဧပြီလ ၂၃ ရက်နေ့တွင်ပြုလုပ်မှု တတိယပိုင်းအတွက် မဲဆွယ်စည်းရုံးမှုများ ပိုမိုပြင်းထန်လျှက်ရှိသည်။

အောက်လွှတ်တော် ရွေးကောက်ပွဲများ၏ ဧပြီလ ၂၃ ရက်နေ့တွင်ပြုလုပ်မှု တတိယပိုင်းအတွက် မဲဆွယ်စည်းရုံးမှုများ ပိုမိုပြင်းထန်လျှက်ရှိသည်။ ဤအပိုင်းတွင် ပြည်နယ် ၁၃ ခုနှင့် ပြည်ထောင်စု နယ်မြေ ခုတို့၏ မဲဆန္ဒနယ်မြေ ၁၁၆ ခုတို့သည် အင်္ဂါနေ့တွင် မဲပေးသွားကြမည်ဖြစ်သည်။ Etah ခရိုင်၊ Numais ရှိ Vijay Sankalp ဟောပြောပွဲ၌ အမှာစကားပြောကြားစဉ် Mr. Modi သည် ပြည်သူလူထုအနေဖြင့် ဗဟိုတွင် တည်ငြိမ်တောင့်တင်းသည့် အစိုးရတစ်ရပ် အလိုရှိကြောင်း ဖော်ပြခဲ့သည်။ ၎င်းအစိုးရ၏ ပေါ်လစီနှင့် အစီအစဉ်များကိုထည့်သွင်းလျှက် ဝန်ကြီးချုပ်သည် BJP ပါတီကို မဲပေးကြပါရန် ပြည်သူလူထုကို တောင်းဆိုခဲ့သည်။ Bihar ပြည်နယ်၊ Supaul မြို့ လူထုဟောပြောပွဲတစ်ခုသို့ ပြောကြားစဉ် ကွန်ဂရက် ပါတီဥက္ကဌ Mr. Rahul Gandhi သည် ၎င်း၏ပါတီအနေဖြင့် အာဏာရရှိရန် မဲပေးခဲ့မည်ဆိုလျှင် ပါလီမန်လွှတ်တော်၊ ပြည်နယ် လွှတ်တော်များနှင့် ဗဟိုအစိုးရ အလုပ်နေရာများတွင် အမျိုးသမီးများအတွက် ၃၃% ခွဲတန်း သတ်မှတ်မှုများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ကြေညာဖော်ပြခဲ့သည်။ ကွန်ဂရက်ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စစ် Priyanka Gandhi Vadra သည်လည်း Kerala ပြည်နယ်၊ Wayanad မြို့၌ လူထုဟောပြောပွဲတစ်ခုကို ပြုလုပ်ခဲ့ကြောင်း။ ဤအတောအတွင်း ပဥ္စမပိုင်း အောက်လွှတ်တော်ရွေးကောက်ပွဲအတွက် အမတ်လောင်းစာရင်း တင်သွင်းမှု ပြီးဆုံးသွားပြီဖြစ်ပြီး အမတ်လောင်း နှုတ်ထွက်မှု နောက်ဆုံနေ့မှာ တနင်္လာနေ့ဖြစ်သည်။ ဤအပိုင်းတွင် ပြည်နယ် ခုတို့ရှိ မဲဆန္ဒနယ်မြေ ၅၁ ခုတို့တွင် မဲပေးသွားကြမည်ဖြစ်ကြောင်း။