ကုလသမဂ္ဂ လူ့အခွင့်အရေးများဆိုင်ရာကောင်စီ UNHCR ၏ ဥက္ကဌသည် Saudi Arabia နိုင်ငံ၏ လူအများ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ထိတ်လန့်ချောက်ချားဖွယ်ဖြစ်ပြီး၊ မုန်းတီးရွံရှာဖွယ်ဖြစ်သည်ဟု ခေါ်ဆိုလိုက်ကြောင်း။

ကုလသမဂ္ဂ လူ့အခွင့်အရေးများဆိုင်ရာ ကောင်စီဥက္ကဌ Ms Michelle Bachelet သည် Saudi Arabia နိုင်ငံ၏ ကလေးသူငယ် (၃) ဦးအပါအဝင် အမျိုးသား (၃၇) ဦးတို့ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းအား ထိတ်လန့်ချောက်ချားဖွယ်ဖြစ်ပြီး၊ မုန်းတီးရွံရှာဖွယ်ဖြစ်သည်ဟု ခေါ်တွင်လိုက်သည်။ အဆိုပါသတို့မှာ အကြမ်းဖက်ဝါဒနှင့်သက်ဆိုင်သော ရာဇဝတ်များကို ကျူးလွန်ခဲ့ကြသူများဖြစ်ကြသည်။ ယမန်နေ့က အဆိုပါဥက္ကဌ၏ ရုံးသည် Saudi Arabia နိုင်ငံတဝှမ်း မြို့ (၆) မြို့တို့တွင် လူ့အခွင့်အရေးများဆိုင်ရာ အရာရှိများက အကြိမ်ကြိမ် ယင်းလုပ်ငန်းစဉ်၏ ဟာကွက်များနှင့်ပါတ်သက်၍ သတိပေးခဲ့ကြသော်လည်း လွန်ခဲ့သောအင်္ဂါနေ့က ခေါင်းဖြတ်သတ်ခဲ့ကြသည်ဟု ဖေါ်ပြခဲ့သည်။ Ms Bachelet သည် Saudi Arabia နိုင်ငံအား ၎င်း၏ အကြမ်ဖးက်ဝါဒဆန့်ကျင်တိုက်ဖျက်ရေး အက်ဥပဒေများကို ပြန်လည်သုံးသပ်ပါရန်နှင့် ကလေးသူငယ်များကို သေဒါဏ်ပေးခြင်းအား အလျင်အမြန်တားမြစ်ပြီး၊ ကျန်ရှိနေသည့် သေဒါဏ်ပေးမှုများကို ရပ်ဆိုင်ထားပါရန် တိုက်တွန်းလိုက်ကြောင်း။