နိုင်ငံခြားရေးဝန်ကြီး Mrs Sushama Swaraj သည် Libya နိုင်ငံမှ စွန့်ခွာထွက်လာကြသော အိန္ဒိယနိုင်ငံသားများအား ကူညီထောက်ပံ့ရန် စေ့စပ်ညှိနှိုင်းပေးသူ (၁၇) ဦးခန့် အပ်ထားကြောင်း ဖေါ်ပြခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး Mrs Sushma Swaraj သည် Libya နိုင်ငံမှ ထွက်ခွာလာကြသော အိန္ဒိယနိုင်ငံသားများကို ကူညီထောက်ပံ့ရန် စေ့စပ်ညှိနှိုင်းပေးသူပေါင်း (၁၇) ဦး ခန့်အပ်ထားသည်ဟု ဖေါ်ပြခဲ့သည်။ Tweet တခုတွင် Mrs Swaraj သည် အိန္ဒိယသံရုံးသည် ၎င်းတို့အား ထွက်ခွာခွင့် Visa ရယူရေး၌ ကူညီပေးလျှက်ရှိပြီး၊ Visa သက်တမ်းကုန်ဆုံးသွားပြီဖြစ်သော အိန္ဒိယနိုင်ငံသားတို့ကိုလည်း အထောက်အကူပြုလျှက်ရှိသညဟု ဖေါ်ပြထားသည်။ Mrs Swaraj က ယခုအခါ လေဆိပ်ကို ဖွင့်လှစ်အသုံးပြုလျှက်ရှိသည်ဟု ပြောကြားခဲ့ပြီး၊ အိန္ဒိယနိုင်ငံသားတို့အား ဤအခွင့်အရေးကို ရယူသုံးစွဲကြပါရန် တိုက်တွန်းလိုက်သည်။ စောစောပိုင်းက နိုင်ငံခြားရေးဝန်ကြီးသည် Libya နိုင်ငံ Tripoli မြို့၌နေထိုင်လျှက်ရှိကြသော အိန္ဒိယနိုင်ငံသားတို့အား အိန္ဒိယအစိုးရသည် နောက်ပိုင်း၌ ၎င်းတို့ကို သယ်ယူပြောင်းရွှေ့ရန် တတ်နိုင်စွမ်းရှိလိမ့်မည်မဟုတ်သောကြောင့် ယင်းစစ်ဘေးဒါဏ်လွှမ်းမိုးနေသည့်နိုင်ငံမှ ချက်ချင်းထွက်ခွာကြပါရန် ပြောကြားခဲ့ကြောင်း။