ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိချုပ်သည် Jammu နှင့် Kashmir ပြည်နယ်၌ ဤနှစ်တွင် ယခုအချိန်အထိ အကြမ်းဖက်သမားပေါင်း (၇၀) ကို ချေမှုန်းခဲ့ကြောင်း ဖေါ်ပြသည်။

Jammu နှင့် Kashmir ပြည်နယ်တွင် ပူးတွဲလုံခြုံရေးတပ်ဖွဲ့များသည် ဤနှစ်အတွင်း ယခုအချိန်အထိ Jaish-e-Mohammed အုပ်စုဝင် (၄၆) ဦးအပါအဝင် အကြမ်းဖက်သမား (၇၀) တို့ကို သုတ်သင်ချေမှုန်းခဲ့ကြသည်။ လုံခြုံရေးအသိုင်းအဝိုင်းက အားလုံးကိုခြုံကြည့်လျင် ထူးကဲသော တိုးတက်မှုများကို တွေ့ရှိရပြီး၊ အကြမ်းဖက်သမားများ စုဆောင်းမှုနှင့် Kashmir အရပ်ဒေသ၌ ခဲလုံးများဖြစ် ပစ်ခတ်တိုက်ခိုက်မှုများသည် လျော့နည်းကျဆင်းလာခဲ့သည်ဟု ဖေါ်ပြကြသည်။ လွန်ခဲ့သော ဗုဒ္ဓဟူးနေ့က Srinagar မြို့တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲတခုသို့ တက်ရောက်အမှာစကားပြောကြားစဉ် ပြည်နယ်ရဲအရာရှိချုပ် Mr Dilbagh Singh သည် လွန်ခဲ့သော ၂၀၁၈ ခုနှစ်က အကြမ်းဖက်ဝါဒကို ကိုင်တွယ်ဖြေရှင်းရေး၌ အကောင်းဆုံးနှစ်ဖြစ်ခဲ့သည်ဟု ဖေါ်ပြသည်။ ဆက်လက်၍ ရရှိသောရလဒ်တခုမှာ ဒေသခံပြည်သူတို့အား အကြမ်းဖက်သမားများအဖြစ် စုဆောင်းမှုမှာ အလွန်လျော့ပါးခဲ့သောကြောင့် ကောင်းမွန်သော လက္ခဏာတခုဖြစ်သည်ဟု ဖေါ်ပြခဲ့သည်။ GOC 15 Corps မှ ဗိုလ်ချုပ်ကြီး KJS Dhillon သည် ယခုနှစ်အတွင်း Jaish အကြမ်းဖက်သမားများစွာတို့ သေဆုံးကြပြီး၊ ယခုအချိန်၌ ယင်းတောင်ကြားဒေသမှ အကြမ်းဖက်သမားများအတွက် ခေါင်းဆောင်မှု ကင်းမဲ့လျှက်ရှိသည်ဟု ဖေါ်ပြခဲ့ကြောင်း။