သီရိလင်္ကာသမ္မတသည် လွန်ခဲ့သော တနင်္ဂနွေနေ့တိုက်ခိုက်မှုများအတွက် ပါတီစုံညီလာခံတခု ဆင့်ခေါ်ထားသည်။

ယနေ့ သီရိလင်္ကာနိုင်ငံသမ္မတ Mr Maithripala Sirisena သည် လူပေါင်း (၃၅၉) ဦးတို့သေဆုံးခဲ့ကြသော လွန်ခဲ့သောတနင်္ဂနွေနေ့ တိုက်ခိုက်မှုများနောက်ပိုင်း လက်ရှိအခြေအနေနှင့် အနာဂါတ်ခြေလှမ်းများကို ဆွေးနွေးရန် ပါတီစုံညီလာခံတခု ဆင့်ခေါ်ထားသည်။ သမ္မတသည် ကိုးကွယ်ရာဘာသာစုံအကြံပေးကော်မတီနှင့်လည်း အစည်းအဝေးပွဲတခု ကျင်းပလိမ့်မည်ဖြစ်သည်။ စောစောပိုင်းက ယင်းနိုင်ငံ၏ ရဲဦးစီးချုပ်နှင့် ကာကွယ်ရေးအတွင်းဝန်တို့အား သမ္မတ၏ ထုတ်ပြန်ချက်တွင် အခင်းဖြစ်ပွားမှုမှာ တာဝန်ထမ်းဆောင်ရာ၌ လျစ်လျူမှုများရှိခဲ့သည့်အလျှောက် အဆင့်မြင့်လုံခြုံရေးရာထူးနေရာများတွင် ချက်ချင်းပြောင်းလဲမှုများ ပြုလုပ်လိမ့်မည်ဟု ဖေါ်ပြထားသည့်အတိုင်း ရာထူးမှ ဖယ်ရှားလိုက်သည်။ ဤအတောအတွင်း လုံခြုံရေးအခြေအနေတို့မှာ တဖြေးဖြေး ပုံမှန်ဖြစ်လာလျှက်ရှိပြီး၊ ယမန်နေ့က မည်သည့်ကြီးမားသော အခင်းဖြစ်ပွားမှုမျှကို တိုင်တန်းခြင်းမရှိခဲ့ပေ။ AIR သတင်းထောက်သည် သီရိလင်္ကာနိုင်ငံ၌ လုံခြုံရေးအခြေအနေများ တဖြေးဖြေး ပုံမှန်ဖြစ်လာလျှက်ရှိပြီး၊ လွန်ခဲ့သောတနင်္ဂနွေနေ့ တိုက်ခိုက်မှုကို ဆက်လက်စုံစမ်းစစ်ဆေးလျှက်ရှိကြသည်။ နိုင်ငံတဝှမ်း သင်္ကာမကင်းဖြစ်ရသူများကို ရှာဖွေဖမ်းဆီးလျှက်ရှိပြီး၊ လူပေါင်းများစွာတို့ကို ဖမ်းဆီးခဲ့သည်ဟု သတင်းပေးပို့သည်။ ကာကွယ်ရေးဝန်ကြီးသည် အဆိုပါတိုက်ခိုက်မှုများတွင် အမျိုးသမီးတဦးအပါအဝင် အသေခံဗုံးဖေါက်ခွဲသမားပေါင်း (၉) ဦး ပါဝင်ခဲ့ကြသည်ဟု ဖေါ်ပြခဲ့ကြောင်း။