အောက်လွှတ်တော် Lok Sabha ရွေးကောက်ပွဲများ စတုတ္ထပိုင်းအတွက် မဲဆွယ်မှုများသည် နိုင်ငံရေးပါတီတို့၏ နာမည်ကြီး၊ ကျော်ကြားထင်ရှားသော မဲဆွယ်သူများနှင့်အတူ အရှိမြင့်လာလျှက်ရှိသည်။ ဤအပိုင်း၌ ပြည်နယ် (၉) ခုတို့၌ ပြန့်နှံ့လျှက်ရှိသော မဲဆန္ဒနယ်မြေပေါင်း (၇၁) ခုတို့တွင် လာမည့်တနင်္လာနေ့၌ မဲပေးကြမည်ဖြစ်သည်။ BJP ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ဖြစ်သူ Mr Narendra Modi သည် လွန်ခဲ့သော (၅) နှစ်ကြာကာလအတွင်း BJP ဦးဆောင်သော NDA အစိုးရလက်ထက်၌ အိန္ဒိယနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် စွမ်းအားမြင့်မားလာခဲ့သည်ဟု ပြောကြားခဲ့သည်။ အတိုက်အခံပါတီတို့၏ ၎င်း၏အကြိမ်ပေါင်းများစွာသော နိုင်ငံခြားခရီးစဉ်များနှင့်ပါတ်သက်၍ အပြစ်တင်ကြခြင်းကို ခြေပလျှက် Mr Modi သည် ယခုအခါ ကမ္ဘာ့ခေါင်းဆောင်ပိုင်းက အိန္ဒိယနိုင်ငံအား လေးစားကြပြီး၊ အရေးကိစ္စများစွာတို့၌ ထောက်ပံ့လျှက်ရှိကြသည်ဟု ဖေါ်ပြခဲ့သည်။ ကွန်ဂရက်စ်ပါတီဥက္ကဌ Mr Rahul Gandhi သည် Lakhimpur Kheri ၊ Kanpur နှင့် Unnao မြို့များ၌ လူထုအစည်းဝေးပွဲများသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။ Mr Gandhi က Congress ပါတီတခုတည်းကသာလျှင် အတိဒုက္ခကြုံတွေ့နေကြသော တောင်သူလယ်သမားများနှင့် အလုပ်လက်မဲ့လူငယ်တို့၏ဘဝကို မြင့်တင်ပေးနိုင်သည်ဟု ပြောကြားခဲ့သည်။ Mr Rahul Gandhi သည် Nyay စီမံကိန်း၏ အကျိုးကျေးဇူးများကိုလည်း ရှင်းလင်းဖေါ်ပြခဲ့ကြောင်း။