လွန်ခဲ့သော ကြာသပတေးနေ့က သီရိလင်္ကာကာကွယ်ရေးအတွင်းဝန်သည် လွန်ခဲ့သော Easter ပွဲတော် တနင်္ဂနွေနေ့ကဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများကြောင့် နိုင်ငံသည် တင်းမာမှုအောက် ကျရောက်ရှိနေသောကြောင့် ရာထူးမှ နှုတ်ထွက်လိုက်သည်။ Mr Hemasiri Fernando သည် ၎င်းတာဝန်ဝတ္တရား၌ ပျက်ကွက်မှုတစုံတရာမရှိသော်ငြားလည်း ၎င်းအနေနှင့် ကာကွယ်ရေးအတွင်းဝန်အဖြစ် ဦးဆောင်သောတခြားဌာနများ၏ တာဝန်လျစ်လျူပျက်ကွက်မှုများအတွက် တာဝန်ယူခြင်းဖြစ်သည်ဟု ဖေါ်ပြခဲ့သည်။ ဤအရေးကိစ္စနှင့်စပ်လျင်း၍ Australia ဝန်ကြီးချုပ် Scott Morrison သည် အသေခံဗုံးဖေါက်ခွဲသမားတဦးက Australia နိုင်ငံတွင် ကျောင်းသားနှင့် ဘွဲ့ရသော ကျွမ်းကျင်သူ Visa နှင့် အချိန်အတော်ကြာ နေထိုင်ခဲ့သည်ကို အတည်ပြုလိုက်ကြောင်း။