အစီအရင်ခံချက်တခုတွင် ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်တို့ဦးဆောင်သော ညွှတ်ပေါင်းတပ်ဖွဲ့များ၏ Syria နိုင်ငံ၏ Raqa မြို့အပေါ် တိုက်ခိုက်မှုတွင် အရပ်သား ၁၆၀၀ ခန့် သေဆုံးခဲ့သည်ဟု ဖေါ်ပြထားကြောင်း။

လွန်ခဲ့သော ကြာသပတေးနေ့က နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လေကြောင်းစစ်ပွဲများ စောင့်ကြည့်ရေးအုပ်စုသည် လွန်ခဲ့သော ၂၀၁၇ ခုနှစ်အတွင်း အမေရိကန်တို့ဦးဆောင်သော ညွှတ်ပေါင်းတပ်ဖွဲ့များ၏ Syria နိုင်ငံ၏ Raqa မြို့အပေါ် (၄) လကြာမျှ ဗုံးကြဲတိုက်ခိုင်မှုများတွင် အရပ်သားပေါင်း (၁၆၀၀) ကျော် သေဆုံးခဲ့ကြကြောင်း အစီအရင်ခံခဲ့သည်။ အဆိုပါအေဂျင်စီက ညွှတ်ပေါင်းတပ်ဖွဲ့များသည် ယင်းသေဆုံးသူဦးရေ၏ ၁၀% အတွက် တာဝန်ရှိကြောင်း ဝန်ခံခဲ့သည်ဟု ဖေါ်ပြသည်။ အဆိုပါတွေ့ရှိချက်များကို လပေါင်းများစွာ ကွင်းဆင်းသုတေသနပြုလုပ်ခြင်းနှင့် Data ခွဲခြမ်းလေ့လာမှု အသေးစိတ်အပြင် digital ကျွမ်းကျင်သူ ၃၀၀၀ ကျော်တို့၏ ဂြိုလ်တုမှပေးပို့သော ရုပ်ပုံသတင်းပေးပို့မှုများကို စုပေါင်းတွက်ချက်ဖေါ်ပြခဲ့ခြင်းဖြစ်သည်။ အဆိုပါအေဂျင်စီသည် ထိပ်တန်းညွှန့်ပေါင်းတပ်ဖွဲ့တို့အား ပိုမိုပွင့်လင်းမြင်သာမှုရှိရေးနှင့် တာဝန်ရှိမှုတို့ကို ဖေါ်ပြကြပါရန် တိုက်တွန်းထားသည်။ ၂၀၁၇ ခုနှစ်လယ်ပိုင်းတွင် Raqa မြို့သည် Islamic State စစ်သွေးကြွအုပ်စုတို့၏ နယ်ခြားဖြတ်ကျော်သိမ်းယူမှုတွင် Syria မြို့တော်အစစ်အမှန်အဖြစ် (၃) နှစ်ကြာမျှ တည်ရှိနေခဲ့ပြီး၊ အမေရိကန်တို့ဦးဆောင်သော ညွှန့်ပေါင်းတပ်ဖွဲ့တို့က Jihadi တို့၏ ၎င်းတို့၏အဓိကအချက်အချာစခန်းအတွင်း ချေမှုန်းရန် စစ်ဖက်ဆိုင်ရာ ထိုးစစ်ဆင်မှုတခုကို ပြုလုပ်ခဲ့ကြကြောင်း။