အိန္ဒိယနိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ UNSC ပြန်လည်ပြုပြင်တည်ထောင်ရေးက အရေးကြီးဆုံးဖြစ်သော်လည်း ယခုတိုင် လိပ်ခဲတင်းလင်းဖြစ်နေသည်ဟု ဖေါ်ပြလိုက်သည်။

အိန္ဒိယနိုင်ငံသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီအား စောလျင်စွာ ပြုပြင်ပြောင်းလဲဖွဲ့စည်းရေးသို့ ဦးတည်အရေးယူဆောင်ရွက်ပါရန် တောင်းဆိုခဲ့ပြီး၊ ယင်းသို့ပြုလုပ်ခြင်းက မှန်ကန်စွာ ဗဟိုနှင့် အာဖရိကနိုင်ငံတို့၏ ဦးဆောင်မှု အခန်းကဏ္ဍက ယင်းအဖွဲ့ကြီးမှာ ၁၉၄၅ ခုနှစ်ကဲ့သို့မဟုတ်ဘဲ ယနေ့ခေတ်ကမ္ဘာအပေါ် အကျိုးသက်ရောက်မှုရှိစေလိမ့်မည်ဟု ဖေါ်ပြလိုက်သည်။ အိန္ဒိယနိုင်ငံအစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ အထွေထွေညွှန်ကြားရေးမှူး Mr Sanjay Rana သည် လွန်ခဲ့သောဗုဒ္ဓဟူးနေ့ကကျင်းပခဲ့သော နိုင်ငံတကာ နိုင်ငံပေါင်းစုံပါဝင်ရေးဝါဒနှင့် ငြိမ်းချမ်းရေးအတွက် သံတမန်ရေးရာဆက်ဆံမှုနေ့ အထိန်းအမှတ် အဆင့်မြင့် သင်းလုံးကျွတ်အစည်းအဝေးပွဲသို့ တက်ရောက်အမှာစကားပြောကြားစဉ် ယခုကဲ့သို့ ဖေါ်ပြခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံက လုံခြုံရေးကောင်စီအား ပြန်လည်ပြုပြင်တည်ထောင်ရေးမှာ အရေးအကြီးဆုံးဖြစ်ကောင်းဖြစ်နိုင်သော်လည်း အထွေထွေညီလာခံ၏ လုပ်ငန်းစဉ်များတွင် ယခုတိုင် လိပ်ခဲတင်းလင်းဖြစ်လျှက်ရှိနေသည်ဟု ဖေါ်ပြလိုက်သည်။ Mr Rana သည် နိုင်ငံပေါင်းစုံပါဝင်ရေးဝါဒသည် အလွန်လိုအပ်လျှက်ရှိသော ယခုခေတ်ကာလ၌ အကြပ်အတည်းတခုနှင့် ကြုံတွေ့လျှက်ရှိနေသည်ဟု ဖေါ်ပြခဲ့သည်။ Mr Rana သည် လာမည့်ကုလသမဂ္ဂ၏ (၇၅) နှစ်ပြည့် နှစ်ပါတ်လည် အခမ်းအနားသည် လူတိုင်းလူတိုင်းအား မိမိကိုယ်ကို အဆိုပါပန်းတိုင်သို့ ရောက်ရှိရေးအတွက် လိုအပ်သည်တို့ကို အောင်မြင်စေရေးအတွက် လုပ်ကိုင်သွားရန် ပြန်လည်ဂတိခံယူချက်များ ချမှတ်ရန် အခွင့်အလမ်းတခု ပေးဆောင်လျှက်ရှိသည်ဟု ဖေါ်ပြခဲ့ကြောင်း။