အောက်လွှတ်တော် Lok Sabha ရွေးကောက်ပွဲများ စတုတ္ထပိုင်းအတွက် မဲဆွယ်မှုများ အရှိန်ရလျှက်ရှိသည်။

အောက်လွှတ်တော် Lok Sabha ရွေးကောက်ပွဲများ စတုတ္ထပိုင်းအတွက် မဲဆွယ်မှုများသည် ပါတီအဖြာဖြာတို့မှ ထိပ်တန်းခေါင်းဆောင်များ၏ နေရာအနှံ့ လူထုအစည်းအဝေးပွဲများနှင့် ကားများဖြင့် လှည့်လည်မှုများဖြင့် မဲဆန္ဒရှင်များအား စွဲဆောင်နေကြသည်နှင့်အတူ အရှိမြင့်တက်လာလျှက်ရှိသည်။ ဤအပိုင်းအတွက် မဲပေးမှုကို လာမည့်ဧပြီလ (၂၉) ရက်နေ့၌ ပြုလုပ်လိမ့်မည်ဖြစ်သည်။ လွန်ခဲ့သော ကြာသပတေးနေ့က BJP ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ဖြစ်သူ Mr Narendra Modi သည် ဗာရာဏသီမြို့၌ ကားဖြင့် လှည့်လည်မှုတခုပြုလုပ်ခဲ့သည်။ Mr Modi သည် ယနေ့အောက်လွှတ်တော်အမတ်နေရာအတွက် အရွေးခံရန် အမည်စာရင်းတင်သွင်းလိမ့်မည်ဖြစ်သည်။ AIR သတင်းထောက်သည် ဝန်ကြီးချုပ်က ၎င်း၏ကားဖြင့် လှည့်လည်ပွဲကို Banaras Hindu တက္ကသိုလ်ရှိ ကျော်ကြားသော Lanka Gate မှ မစတင်မှီ ယင်းတက္ကသိုလ်အား အုတ်မြစ်ချဖွင့်လှစ်ခဲ့သူ Pandit Mandan Mohan Malviya အား ရိုသေဂါရဝပြုခဲ့ကြောင်း သတင်းပေးပို့သည်။ ယမန်နေ့က Mr Modi သည် Uttar Pradesh ပြည်နယ် Banda မြို့၌ Bihar ပြည်နယ် Darbhanga မြို့တို့၌ လူထုစည်းဝေးပွဲများ ကျင်းပခဲ့သည်။ ဝန်ကြီးချုပ်က အတိုက်အခံတို့သည် ဇာတ်အနိမ့်အမြင့်နှင့် ဒေသပိုင်းဝါဒ နိုင်ငံရေးကို ကစားနေကြသည်ဟု ဖေါ်ပြခဲ့သည်။ ၎င်း၏ပါတီ၏ အကြမ်းဖက်ဝါဒ ပျက်သုန်းရေးအတွက် ခံယူချက်ကို ဖေါ်ပြခဲ့ပြီး၊ Mr Modi က အတိုက်အခံတို့တွင် အကြမ်းဖက်ဝါဒကို ရင်ဆိုင်ဖြေရှင်းရန် မည်သည့်ပေါ်လစီမူဝါဒမျှမရှိပါဟု ဖေါ်ပြခဲ့ကြောင်း။