NIA သည် ပါကစ္စတန်နိုင်ငံအခြေစိုက် JeM အကြမ်းဖက်အုပ်စုဝင်နှစ်ဦးကို ဖမ်းဆီးလိုက်သည်။

နိုင်ငံတော်စုံစမ်းစစ်ဆေးရေးအေဂျင်စီ NIA သည် ပါကစ္စတန်နိုင်ငံအခြေစိုက် Jaish-e-Mohammed အကြမ်းဖက်အုပ်စုဝင်နှစ်ဦးတို့ကို ဖမ်းဆီးလိုက်သည်။ NIA က ထုတ်ပြန်သော စာတမ်းတခုတွင် အကြမ်းဖက်နှစ်ဦးဖြစ်ကြသော Tanveer ခေါ် Tanveer Ahmad Ganie နှင့် Bilal Mir ခေါ် Bilal Ahmad Mir တို့ကို ပြည်သူ့လုံခြုံရေး အက်ဥပဒေအရ ဖမ်းဆီးခဲ့ပြီး၊ Jammu ပြည်နယ်ရှိ Kot Bhalwal ထောင်၌ ထိန်းသိမ်းထားကြောင်း ဖေါ်ပြထားသည်။ ယင်းစာတမ်းတွင် ယမန်နေ့က ၎င်းအကြမ်းဖက်သမားများကို အထူးတရားရုံးတခုရှေ့မှောက်တင်သွင်းခဲ့ပြီး၊ ယင်းတရားရုံးက NIA ၏ ထိန်းသိမ်းမှုအောက် (၇) ရက် ထားရှိရန် အမိန့်ချမှတ်ခဲ့သည်ဟု ဖေါ်ပြထားသည်။ အဆိုပါအေဂျင်စီသည် ယင်းအကြမ်းဖက်သမားနှစ်ဦးတို့ကို JeM ခေါင်းဆောင်ပိုင်းက အိန္ဒိယနိုင်ငံအခြေစိုက် အဆိုပါပိတ်ပင်ထားခြင်းခံနေရသော အကြမ်းဖက်သမားအုပ်စု တောင့်တင်းခိုင်မာစေရေးအတွက် လူများစုဆောင်းပြီး၊ အကြမ်းဖက်လှုပ်ရှားမှုများပြုလုပ်ရန် အကြံအစည်တို့ကို အကောင်အထည်ဖေါ်သည့် ရာဇဝတ်မှုတခုဖြင့် အရေးယူထားခြင်းဖြစ်သည်ဟု ဖေါ်ပြခဲ့ကြောင်း။