အမေရိကန်ပြည်ထောင်စု-အိန္ဒိယ ကုန်သွယ်ရေးတင်းမာမှုများ”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံတော် ပြည်သူ့ဘဏ္ဍာငွေနှင့် ပေါ်လစီဌာနမှ တွဲဖက်ပါမောက္ခ Dr. Lekha Chakraborty ဝေဖန်ရေးသားပေးပို့ထားတဲ့ “အမေရိကန်ပြည်ထောင်စု-အိန္ဒိယ ကုန်သွယ်ရေးတင်းမာမှုများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
မကြာသေးမှီက အမေရိကန်ပြည်ထောင်စု ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr Wilbur Ross ဟာ အိန္ဒိယနိုင်ငံကို ကမ္ဘာပေါ် အခွန်အများဆုံး ချမှတ်တဲ့နိုင်ငံအဖြစ်ကြေငြာခဲ့ပါတယ်။ အဲဒီဝန်ကြီးဟာ New Delhi မြို့မှာ (၁၁) ကြိမ်မြောက် US Trade Winds Indo-Pacific Business Forum and Mission Initiative ညီလာခံကို တက်ရောက်နေခဲ့ပါတယ်။ အဲဒီညီလာခံဟာ အမေရိကန်အစိုးရရဲ့ အကြီးမားဆုံးကုန်သွယ်ရေးမစ်ရှင်ဖြစ်ခဲ့ပြီး၊ ဒီနှစ်အစည်းအဝေးပွကို New Delhi မှာ ကျင်းပခဲ့ဒါဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အိန္ဒိယနိုင်ငံရဲ့ တရုတ်နိုင်ငံပြီးရင် အကြီးမားဆုံးကုန်သွယ်ရေး ဖက်စပ်လုပ်ကိုင်တဲ့နိုင်ငံဖြစ်ပါတယ်။ အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီးနဲ့ အပြန်အလှန်ဆွေးနွေးပွဲမှာ Mr Ross ဟာ အမေရိကန်ပြည်ထောင်စုသမ္မတ Mr Donald Trump ရဲ့ ကြွေးကြော်သံဖြစ်တဲ့ “Make America Great Again” ကို ထပ်လောင်းအတည်ပြုခဲ့ပါတယ်။ Mr Ross က “Let’s make America great again by making India-US relations for better again” လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဟာ အစီအစဉ်သစ်တခုဖြစ်တဲ့ ‘MAGAWIC’ သို့မဟုတ် “အိန္ဒိယနိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အမေရိကန်ပြည်ထောင်စုအား တခါပြန်ပြီး မဟာနိုင်ငံဖြစ်အောင် ပြုလုပ်ကြပါစို့” ဆိုဒါကို ဖေါ်ထုတ်ခဲ့ပါတယ်။ ဒါပေမမဲ့ အင်ဒို-အမေရိကန်ကုန်သွယ်ရေးဆက်ဆံမှုတွေမှာ အစစအရာရာပြေလည်မှုမရှိပါဘဲ ဖုန်းကွယ်နေတဲ့ တင်းမာမှုတွေရှိနေပါတယ်။
အိန္ဒိယနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့အကြား ဆိုးဝါးလာနေတဲ့ ကုန်သွယ်ရေးစစ်ပွဲအပေါ် စိုးရိမ်မကင်းဖြစ်နေပြီး၊ အီရန်နိုင်ငံမှ ရေနံတင်သွင်းမှုအပေါ် ပိတ်ဆို့ထားမှုနဲ့ Generalized System of Preferences (GSP) အရ အိန္ဒိယနိုင်ငံအား မက်လုံးပေးထားမှုတွေ ရုပ်သိမ်းခြင်းကြောင့် အကြပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ GSP ဟာ အမေရိကန်တို့ရဲ့ ကုန်သွယ်ရေးအစီအစဉ်အရ ဖွံ့ဖြိုးစဲနိုင်ငံတွေကို ၁၉၇၄ ခုနှစ်ဆိုင်ရာ ကုန်သွယ်ရေးအက်ဥပဒေမှာ ထည့်သွင်းထားတဲ့ တန်ဘိုးအမျိုးမျိုးရှိတဲ့ ထုတ်ကုန်တွေအပေါ် အမြတ်တော်ခွန်ကင်းလွှတ်ခွင့်ပေးထားဒါဖြစ်ပြီး၊ အိန္ဒိယနိုင်ငံဟာ GSP ရဲ့ အကျိုးခံစားခွင့်ရရှိတဲ့နိုင်ငံဖြစ်ပါတယ်။ GSP ဟာ WTO ကပေးထားတဲ့ အသင့်ဖြစ်တဲ့ “Most Favoured Nation (MFN)” နဲ့ ကွာခြားပါတယ်။ သမ္မတ Mr Donald Trump မှာ အိန္ဒိယနိုင်ငံအတွက် ပေးကမ်းထားတဲ့ (GSP) ကို အဆုံးသတ်ဘို့ အစီအစဉ်ရှိနေပါတယ်။ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးကလည်း အိန္ဒိယနိုင်ငံရဲ့ အမေရိကန်ကုန်ပစ္စည်းတွေအပေါ် တုန့်ပြန်ပြီး အခွန်မြင့်တင်ခြင်းဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး WTO ရဲ့ စည်းမျဉ်းနဲ့ ကိုက်ညီလိမ့်မယ်မဟုတ်ဘူးလို့ သတိပေးလိုက်ပါတယ်။
သတင်းတွေမှာ အမေရိကန်ပြည်ထောင်စုဝန်ကြီးဟာ အိန္ဒိယနိုင်ငံမှာ ကမ္ဘာပေါ် အခွန်နှုန်းအများဆုံးရှိနေတယ်လို့ မှားယွင်းဖေါ်ပြခဲ့တာဖြစ်ပါတယ်။ အမှန်တကယ်တော့ အိန္ဒိယနိုင်ငံရဲ့ ပျမ်းမျှအခွန်နှုန်းဟာ ၇.၅% သာရှိပြီး Brazil နိုင်ငံရဲ့ ၁၀% နဲ့ တောင်ကိုးရီးယားနိုင်ငံရဲ့ ၉% ထက် လျော့နည်းနေပါတယ်လို့ ဖေါ်ပြကြပါတယ်။
အမေရိကန်ပြည်ထောင်စု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနဲ့ အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးတို့ဟာ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား ခိုင်မာပြီး၊ အရှိန်အဟုန်ပြင်းစွာနဲ့ ကြီးထွားလာနေတဲ့ အပြန်အလှန်ဆက်ဆံရေးတွေကို ချီးကျူးဖေါ်ပြကြပါတယ်။ ပူးတွဲကြေငြာစာတမ်းမှာ အပြန်အလှန်ကုန်သွယ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေဟာ ၂၀၁၇ ခုနှစ်မှာ ဒေါ်လာပေါင်း ၁၂၆ ဘီလီယံမှ ၂၀၁၈ ခုနှစ်မှာ ၁၄၂ ဘီလီယံသို့ ၁၂.၆% ကြီးထွားလာတာကို မှတ်တမ်းတင်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ အဲဒီ Forum စည်းဝေးပွဲမှာ ပထမဦးဆုံးအကြိမ်အဖြစ် အသေးစားနဲ့ အလတ်စားစီးပွားဖြစ်လုပ်ကိုင်မှုတွေကို အလေးအနက်အာရုံပြုခဲ့ပါတယ်။ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဟာ အမေရိကန်ကုန်သွယ်ရေးခေါင်းဆောင် (၁၀၀) ကျော်ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တက်ရောက်ခဲ့ပါတယ်။ ပြတ်သားတဲ့ပန်းတိုင်တခုကတော့ အိန္ဒိယနိုင်ငံမှ စီးပွားရေးလုပ်ကိုင်မှု လွယ်ကူသက်သာစေရေးအတွက် အမေရိကန်ကုမ္ပဏီတွေအား ဒေသပိုင်း Data စာရင်းအရ ဝင်ခွင့်ကန့်သတ်ချက်တွေကို ပယ်ရှားပြီး၊ အခွန်ဆိုင်ရာနဲ့ အခွန်မဟုတ်တဲ့ အဟန့်အတားတွေကို ကင်းလွှတ်ခွင့်ပေးရေးတို့ပင်ဖြစ်ပါတယ်။
အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား ကြီးထွားလာနေတဲ့ ကုန်သွယ်ရေးမညီမညာမှုတွေကို လွန်ခဲ့တဲ့ ၂၀၁၇-၂၀၁၈ ခုနှစ်တွေမှာ သမ္မတ Mr Trump က မီးမောင်းထိုးပြသခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ရောင်းချမှုတန်ဘိုး ဒေါ်လာပေါင်း ၄၇.၉ ဘီလီယံရှိပြီး၊ အိန္ဒိယနိုင်ငံရဲ့ မှာယူတင်သွင်းမှုက ဒေါ်လာပေါင်း ၂၆.၆ ဘီလီယံရှိတာကို ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင်အမေရိကန်ပြည်ထောင်စုဟာ အိန္ဒိယဗဟိုဘဏ်တိုက်ကြီးရဲ့ ငွေကြေးဆိုင်ရာကုမ္ပဏီတွေအပေါ် ပေါ်လစီဖြစ်တဲ့ ဒေသခံ Server တွေမှာ Data သိုလှောင်ထားရှိရမည်ဆိုတာကို ပြန်လည်သုံးသပ်ဘို့လည်း တောင်းဆိုနေပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ကုန်သွယ်ရေးဆက်ဆံမှုချိန်ခွင်ရှာညီမျှစေဘို့ တင်းခံနေပါတယ်။ ဒါပေမဲ့ အကယ်၍သာ အမေရိကန်ပြည်ထောင်စုက GSP ကို ရုပ်သိမ်းမယ်ဆိုရင် အိန္ဒိယနိုင်ငံကလည်း တုန့်ပြန်တဲ့နည်းလမ်းတွေ ကျင့်သုံးမယ်ဆိုဒါကို မှတ်သားရမယ်ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ မိမိတို့ရဲ့ စီးပွားရေးအကျိုးအမြတ်တွေကို ကာကွယ်စောင့်ရှောက်ဘို့ရာ နိုင်ငံရဲ့တာဝန်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Lekha Chakraborty ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။