အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ပဋိပက္ခ ပေါ်ထွက်လာခြင်း

သောတရှင်များရှင် ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အီရန်နိုင်ငံရေးရာ မဟာဗျူဟာရေး လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Asif Shuja ဝေဖန်ရေးသားပေးပို့ထားတဲ့အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ပဋိပက္ခ ပေါ်ထွက်လာခြင်းအကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အီရန်နိုင်ငံဟာ JCPOA သို့မဟုတ် ဘက်စုံ ပူးတွဲအရေးယူလုပ်ဆောင်ရေး စီမံကိန်းအောက်မှ ကတိပြုချက်တချို့ကို ပမာဏ လျှော့ချနေတယ်လို့ အီရန်နိုင်ငံသမ္မတ Mr. Hassan Rouhani က ဖော်ပြလိုက်ပါတယ်။ Mr. Donald Trump က အမေရိကန် သမ္မတဖြစ်လာပြီးနောက် အနုမြူ သဘောတူညီချက်ကနေ နှုတ်ထွက်ခဲ့ပြီး ယခု အရှေ့အလယ်ပိုင်းဒေသ၌ မကြာမီက စစ်ဖက်ဆိုင်ရာ ထားရှိမှုကြောင့် ယခုလို အီရန်နိုင်ငံက တုံ့ပြန်ကြေညာခဲ့ပါတယ်။ JCPOA ထံမှ နှုတ်ထွက်ပြီး စွန့်ခွာကတည်းက အမေရိကန်နိုင်ငံက အီရန်နိုင်ငံအပေါ် အဆိုပါ ဆုံးဖြတ်ချက်များကို အောင်မြင်စွာချမှတ်ခဲ့ရာ နိုင်ငံအကြား ပဋိပက္ခများကို ပိုမိုကျယ်ပြန့်စေခဲ့ပါတယ်။

အီရန်နိုင်ငံအပေါ် သမ္မတ Trump ရဲ့ ပေါ်လစီသစ်အောက်မှာ အမေရိကန်က အီရန်အပေါ် ပိတ်ဆို့အရေးယူမှုကို ပြန်လည်ထားရှိခဲ့ရာ ဒီပိတ်ဆို့မှုတွေကို JCPOA ရဲ့ အကောင်အထည် ဖော်မှုရဲ့ရလဒ်အဖြစ် ရုပ်သိမ်းခဲ့ပါတယ်။ ထို့နောက် IRGC သို့မဟုတ် အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ကို အမေရိကန်က အကြမ်းဖက်သမားအဖြစ် စာရင်းသွင်းခဲ့ပါတယ်။ အမေရိကန်က ပထမဆုံးအကြိမ် နိုင်ငံခြား အစိုးရတစ်ခုလုံးကို အကြမ်းဖက်သမားအဖြစ် စာရင်းသွင်းခဲ့ပါတယ်။ ပြီးခဲ့သောလက အမေရိကန်က အချို့သောနိုင်ငံများဖြစ်ကြသော အိန္ဒိယ၊ တရုတ်နှင့် တောင်ကိုရီးယားတို့အား အီရန်နိုင်ငံမှ ရေနံတင်သွင်းခွင့်ပေးဖို့ ငြင်းဆိုခဲ့ရာ အမေရိကန် သမ္မတဟောင်း Mr. Barack Obama ရဲ့ ခွင့်ပြုထားချက်ကို ပြောင်းလဲစေခဲ့ပါတယ်။

အဆိုပါ လှုပ်ရှားမှုများဖြင့် အီရန်နှင့် အမေရိကန်အကြား ပဋိပက္ခကို ပေါ်ထွက်စေခဲ့ပြီး အမေရိကန် ထောက်လှမ်းရေးအေဂျင်စီအရ အီရန်က အရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန်ရဲ့ အကျိုးစီးပွားကို တိုက်ခိုက်ရန် စီစဉ်မှုရှိကြောင်း အကဲဖြတ်မှုကြောင်း နိုင်ငံကြား အခြေအနေ ပိုမိုဆိုးရွားခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်က မိမိပိုင် ရေတပ်သင်္ဘော Abraham Lincoln ကို အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်ခဲ့ပါတယ်။ အမေရိကန်ရဲ့ ဒီလှုပ်ရှားမှုကို တုံ့ပြန်သောအနေဖြင့် အီရန်နိုင်ငံရဲ့ အမြင့်ဆုံးသော အမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခုဖြစ်ပွားခဲ့ပြီး အီရန်နိုင်ငံက JCPOA ရဲ့ ကတိကဝတ်တချို့ကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဖြင့် အီရန်နိုင်ငံသည် JCPOA မှ ထွက်ခွာမည်မဟုတ်ဟု အီရန်သမ္မတ Mr. Hassan Rouhani ဦးဆောင်သော အီရန်နိုင်ငံ အမြင့်ဆုံး အမျိုးသား လုံခြုံရေးကောင်စီက ကမ္ဘာ့အသိုင်းအား စိတ်ချပါရန် ပြောဆိုခဲ့ပါတယ်။ အဆိုပါဆုံးဖြတ်ချက်၌ ယူရေနီယမ် သန့်စင်မှုပါဝင်ခဲ့ပြီး မိမိကိုယ်မိမိ ပိတ်ပင်မှုကို အီရန်နိုင်ငံက ရက်ပေါင်း ၆၀ အတွက် ထားရှိခဲ့ပါတယ်။

ဒီအတောအတွင်း အမေရိကန်ရဲ့ သဘောတူညီမှုမှ ရုပ်သိမ်းမှုနှင့် ၎င်းရဲ့ အီရန်အပေါ် ပိတ်ပင်မှုကို ပြန်လည်ထားရှိခြင်းကြောင့် အနုမြူ သဘောတူညီချက်မှ အခြားနိုင်ငံများက ကံဆိုးမှုအဖြစ် ခေါ်ဆိုခဲ့ပါတယ်။ ဒီသဘောတူညီချက်ရဲ့ အဓိကအဖွဲ့ဝင်ဖြစ်သော ဥရောပ သမဂ္ဂကလည်း ဒီသဘောတူညီချက် မပျက်စီးစေရန် အပြင်းအထန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အကယ်၍ လက်ရှိ ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေပြီး အီရန်ကလည်း မိမိဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်မယ်ဆိုရင် အမေရိကန်နိုင်ငံရဲ့ နောက်ထပ်လုပ်ဆောင်မှုဟာ အီရန်ရဲ့ အနုမြူဆိုင်ရာ ပြဿနာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီထံ တင်သွင်းခဲ့လျှင် နိုင်ငံအကြား အခြေအနေ ပိုမိုဆိုးရွားလာလိမ့်မယ်ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုး၌ ဥရောပ သမဂ္ဂပါ ကမ္ဘာ့အသိုင်းအဝိုင်းက အမေရိကန်နှင့် အီရန်နိုင်ငံတို့ တွေ့ဆုံဆွေးနွေးပွဲ စာပွဲဝိုင်းသို့ရောက်စေရန် အင်တိုက်အားတိုက်ကြိုးပမ်းပြီး ဒီအခြေအနေကို ဖြေရှင်းသွားသင့်ပါတယ်။

ကမ္ဘာ့ အရှေ့အလယ်ပိုင်းဒေသ၌ ယခင်ကတည်းက ပဋိပက္ခမျိုးစုံ ဖြစ်ပွားနေချိန် အီရန်နှင့် အမေရိကန်အကြား ယခုလိုဖြစ်ပွားနေသော တင်းမာတဲ့အခြေအနေကြောင့် ဒေသအတွင်းသာမက တကမ္ဘာလုံးအတွက် အခြေအနေကို ဆိုးဝါးစေနိုင်မှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်များကို အမြဲလိုက်နာပြီး တစ်ဦးချင်းစီ တိုင်းပြည်ရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာဟု ပြောဆိုခဲ့ပါတယ်။ အီရန်နှင့် အမေရိကန် နိုင်ငံစလုံးတို့ နှစ်ဦးနှစ်ဖက် လက်ခံနိုင်သော ဖြေရှင်းချက်ရရှိဖို့ အိန္ဒိယနိုင်ငံက လိုလားကြောင်း ပြောဆိုခဲ့ပါတယ်။ အီရန်နိုင်ငံက အိန္ဒိယနိုင်ငံအား အဓိက ရေနံစိမ်း ရောင်းချသောနိုင်ငံဖြစ်မှုကြောင့် အမေရိကန်နှင့် အီရန်အပေါ် ပြန်လည်ပိတ်ဆို့မှု ထားရှိတာကြောင့် အိန္ဒိယရဲ့ စွမ်းအင်လုံခြုံရေးကို ထိခိုက်စေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက အီရန်နှင့် အမေရိကန် နိုင်ငံစလုံးတို့ရဲ့ မိတ်ဆွေနိုင်ငံဖြစ်ကာ မိမိရဲ့ မိတ်ဆွေ နိုင်ငံအကြား ပဋိပက္ခဟာ နယူးဒေလီအစိုးရရဲ့ အကျိုးစီးပွားကို ထိခိုက်စေနိုင်ကြောင်းစသဖြင့် ဆောင်းပါးရှင် Dr. Asif Shuja ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ရှင်။