“အိန္ဒိယနိုင်ငံက တူရကီနိုင်ငံနှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့ သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ သံတမန်ရေးရာဆောင်းပါးရှင် Dipanjan Roy Chaudhury ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံက တူရကီနိုင်ငံနှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
အိန္ဒိယနဲ့ တူရကီနိုင်ငံတို့ဟာ ထိပ်တန်းအရာရှိအဆင့် အစည်းအဝေးပွဲတွေ တခုပြီးတခု ကျင်းပခြင်းဖြင့် မိမိတို့ရဲ့ ဖက်စပ်လုပ်ကိုင်မှုတွေကို အဆင့်မြင့်တင်ဘို့ရာ မကြာသေးမှီသောအတိတ်ကာလမှာ ဆိတ်ငြိမ်သော်လည်း အတိအကျဖြစ်တဲ့ တိုးတက်မှုတွေရရှိဘို့ ကြိုးပမ်းခဲ့ကြပါတယ်။ တူရကီနိုင်ငံဟာ မိမိရဲ့ဆက်ဆံမှုတွေကို ပေါ်ထွန်းလာနေတဲ့ မဟာမိတ်အိန္ဒိယနိုင်ငံနဲ့ ထုံးတမ်းအစဉ်အလာ မဟာမိတ်ဖြစ်တဲ့ ပါကစ္စတန်နိုင်ငံတို့အကြား ဆက်နွယ်မှုတွေရှိဘို့ ရည်စူးလျှက်ရှိပါတယ်။ Ankara အစိုးရဟာ သမ္မတရဲ့အကြံပေးအရာရှိ Dr. Ibrahim Kalin ကို New Delhi သို့စေလွှတ်ခဲ့ပြီး Mr Kalin က ဖက်စပ်လုပ်ကိုင်မှုတွေမှာ စီးပွားရေးအစွန်းအမြတ်တွေ တိုးများလာစေရန် ခြေလှမ်းတွေအပြင် အကြမ်းဖက်ဝါဒဆန့်ကျင်တိုက်ဖျက်ရေးနဲ့ အရင်းအမြစ်မှပြောင်းလဲရေးမူဝါဒတို့ကို ရင်ဆိုင်ရာမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ပါတ်သက်တဲ့ အရေးကိစ္စအဖြာဖြာတို့ကို အကျယ်တဝန့် ဆွေးနွေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကာလကြာကတည်းက နယ်ခြားဖြတ်ကျော်အကြမ်းဖက်မှုရဲ့ ဓါးစာခံဖြစ်နေတဲ့အလျောက် အဲဒီအန္တရာယ်တွေကို အာရုံပြုဘို့အတွက် တူရကီနိုင်ငံရဲ့ ဖက်စပ်လုပ်ကိုင်မှုကို တောင်းဆိုခဲ့ပါတယ်။ မကြာသေးမှီက သီရိလင်္ကာနိုင်ငံမှာပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကလည်း Mr Ibrahim Kalin က အိန္ဒိယနိုင်ငံတော်လုံခြုံရေးအရာရှိ (NSA) Mr Ajit Doval နဲ့ တွေ့ဆုံဆွေးနွေးပွဲရဲ့ တစိတ်တပိုင်းအဖြစ် ပါဝင်ခဲ့ပါတယ်။
Dr Kalin ရဲ့ ခရီးစဉ်ရဲ့သော့ချက်ကျအကြောင်းကိစ္စတခုကတော့ New Delhi အစိုးရနဲ့ Ankara အစိုးရတို့လိုလားကြတဲ့အတိုင်း ထိပ်တန်းအစ္စလမ်မစ်ပညာရှင်တွေနဲ့ ပညာအမြော်အမြင်မြင့်မားသူတွေအား တွေ့ဆုံဆွေးနွေးပြီး၊ အရင်းအမြစ်မှ ပြောင်းလဲရေးဝါဒကို ဆန့်ကျင်ပယ်ရှားရေးလုပ်ငန်းတွေမှာ ပူးပေါင်းလုပ်ကိုင်ရေးဘဲဖြစ်ပါတယ်။ အဲဒီအစည်းအဝေးပွဲဟာ အိန္ဒိယယဉ်ကျေးမှု၊ ဘာသာပေါင်းစုံတည်ရှိမှုနဲ့ အစ္စလာမစ်ဓလေ့ထုံးစံတွေကို ပိုမိုကောင်းမွန်စွာ သိရှိနားလည်းရေးအား ရည်စူးခဲ့ဒါဖြစ်ပါတယ်။
Dr. Kalin ရဲ့ ခရီးစဉ်အပြီးမှာ တူရကီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr Sedat Onal ဟာ သုံးရက်ကြာ အလည်အပါတ်ခရီးစဉ်နဲ့ အိန္ဒိယနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီဝန်ကြီးဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ အနောက်နိုင်ငံအရေးကိစ္စများဆိုင်ရာ အတွင်းဝန် Mr Gitesh A Sarma နဲ့ တွေ့ဆုံခဲ့ပြီး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုဆက်ဆံရေး တိုးမြှင့်ရေးအတွက် အခွင့်လမ်းတွေကို တီးခေါက်စမ်းသပ်ရေးအပါအဝင် အပြန်အလှန်ဆက်ဆံရေးမှ ရှုထောင့်အဖြာဖြာတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ဖက်စလုံးတို့ဟာ မိမိတို့ရဲ့ ဒေသပိုင်းအတွင်းက လက်ရှိအခြေအနေတွေကို သုံးသပ်ခဲ့ကြပြီး၊ နိုင်ငံတကာအရေးကိစ္စတွေနဲ့ပါတ်သက်ပြီး အမြင်ချင်းလည်း ဖလှယ်ခဲ့ကြပါတယ်။
Ankara အစိုးရဟာ အစဉ်အလာအားဖြင့် Islamabad အစိုးရရဲ့ မဟာမိတ်ဖြစ်တဲ့အလျောက် ပါကစ္စတန်နိုင်ငံမှ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဘို့အတွက် တူရကီနိုင်ငံရဲ့ ထောက်ပံ့မှုက အလွန်အရေးကြီးလှပါတယ်။ ဒါပေမဲ့ တူရကီသမ္မတ Mr Recep Tayyip Erdogan ဟာ တောင်အာရှမှာ တဖြေးဖြေးတူရကီနိုင်ငံရဲ့ ဝင်ရောက်မှုကို ရှာဖွေလျှက်ရှိခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ တိုင်လုံးကြီးသုံးခုသဏ္ဍာန်ရှိတဲ့ အနောက်အာရှမှ Saudi Arabia ၊ အီရန်နဲ့ တူရကီနိုင်ငံတွေကို ပါကစ္စတန်နိုင်ငံက နယ်ခြားဖြတ်ကျော် အကြမ်းဖက်မှုအား သူတို့နိုင်ငံရဲ့ ပေါ်လစီအဖြစ် အသုံးပြုနေဒါကို လက်ကိုင်ဖြေရှင်းရေးမှာ တက်ကြွစွာ ပါဝင်လုပ်ကိုင်စေလျှက်ရှိပါတယ်။ အထူးနယ်ပယ်တွေဖြစ်ကြတဲ့ ခရီးသွားလာမှု၊ စံပြမြို့များ၊ ဆောက်လုပ်ရေး၊ အခြေခံလိုအပ်ချက်အဆောက်အအုံနဲ့၊ IT ပြန်ကြားရေးနည်းပညာနယ်ပယ်တွေမှာ နှစ်နိုင်ငံစလုံးတို့က ရင်းနှီးမြှပ်နှံမှုအခွင့်လမ်းတွေကို စူးစမ်းရှာဖွေခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က တူရကီသမ္မတရဲ့ အိန္ဒိယနိုင်ငံသို့ အလည်အပါတ်ခရီးစဉ်နောက်ပိုင်းမှာ အပြန်အလှန်ကုန်သွယ်ရေးဟာ တဖြေးဖြေးမြင့်တက်လာပြီး လက်ရှိကာလမှာ ဒေါ်လာပေါင်း ၈.၆ ဘီလီယံသို့ ရောက်ရှိနေပါတယ်။ ရည်မှန်းချက်ကတော့ သက္ကရာဇ် ၂၀၂၀ ခုအရောက် ဒေါ်လာပေါင်း (၁၀) ဘီလီယံအထိ ရောက်ရှိရေးဘဲဖြစ်ပါတယ်။
အိန္ဒိယနဲ့ တူရကီနိုင်ငံတို့အကြား သမိုင်းဝင်ဆက်နွယ်မှုတွေလည်းရှိပါတယ်။ ပထမဦးဆုံးသော သံတမန်ရေးရာ မစ်ရှင်များဖလှယ်မှုအဖြစ် Ottoman Sultan တွေနဲ့ တိုက်ခွဲရဲ့အာဏာပိုင်အုပ်ချုပ်သူတွေအကြား ရှေးလွန်ခဲ့တဲ့ ၁၄၈၁-၁၄၈၂ ခုနှစ်မှာ စတင်ခဲ့ဒါဖြစ်ပါတယ်။ Maulana Jalaluddin Rumi ရဲ့ Sufi အတွေးအခေါ် အယူအဆတွေကို အိန္ဒိယတိုက်ခွဲမှာ မိမိတို့ရဲ့ ထုံးတမ်းအစဉ်အလာအရ Sufi ဝါဒနဲ့ Bhakti ယုံကြည်ကိုးကွယ်ရေးလှုပ်ရှားမှုတွေ ထွန်းကားဒါကို တွေ့ရှိရပါတယ်။ အိန္ဒိယနဲ့ တူရကီနိုင်ငံအကြား များမကြာမှီသောသမိုင်းဝင်ဆက်နွယ်မှုတွေကို ကျော်ကြားထင်ရှားတဲ့ အိန္ဒိယလွတ်လပ်ရေးတိုက်ပွဲဝင်သူ Dr. M.A. Ansari ဦးဆောင်တဲ့ ဆေးဖက်ဆိုင်ရာ မစ်ရှင်တခုက ၁၉၁၂ ခုနှစ်မှာ Balkan စစ်ပွဲကာလအတွင်းနဲ့ ၁၉၁၉ မှ ၁၉၂၄ ခုနှစ်အထိ Khilafat လှုပ်ရှားမှုကာလမှာ တူရကီနိုင်ငံသို့ သွားရောက်ခဲ့ဒါက ထင်ရှားစွာပေါ်လွင်နေပါတယ်။ အိန္ဒိယနိုင်ငံဟာ ၁၉၂၀ ခုနှစ်များမှာ တူရကီနိုင်ငံရဲ့ လွတ်လပ်ရေးစစ်ပွဲနဲ့ ၊ Turkish သမ္မတနိုင်ငံတည်ထောင်ရေးမှာ အထောက်အပံ့တွေ ပေးဆောင်ခဲ့ပါတယ်။ Mahatma Gandhi ကိုယ်တိုင်ကလည်း ပထမကမ္ဘာစစ်ကြီးပြီးဆုံးသွားသည့်အချိန်ကာလမှာ Turkey နိုင်ငံအပေါ်ကျရောက်ခဲ့တဲ့ မတရားမှုတွေကို ဆန့်ကျင်ရပ်တည်ခဲ့ပါတယ် စသည်ဖြင့်ဆောင်းပါးရှင် Dipanjan Roy Chaudhury ဝေဖန်ရေးသားပေးပို့ထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ်ခင်ဗျား။