စိတ်နှလုံးမှ ပြောသောစကား (အပိုင်း ၂.၁)

ချစ်ခင်လေးစားအပ်ပါသော နိုင်ငံသူ/သားအပေါင်း မင်္ဂလာပါခင်ဗျာ

ဒီနေ့ရက်တွေအတွင်း ကျွန်ုပ်တို့ရဲ့နိုင်ငံဟာ တဖက်မှာ မိုးရွာသွန်းမှုတွေကြောင့် ဝမ်းမြောက် ပျော်ရွှင်နေရသလို အခြားတဖက်မှာလည်း နိုင်ငံတော်ရဲ့နေရာဒေသတိုင်းတို့မှာလည်း ပွဲတော်တွေနှင့် ပြပွဲတွေကို ကျင်းပစီရင်လျှက်ရှိနေကြပါတယ်။ ဒါဟာ ဒေဝါလီပွဲတော်အထိ ရှိနေမှာဖြစ်ပါတယ်။ မိမိတို့ရဲ့ ဘိုးစဉ်ဘောင်ဆက်တို့ဟာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် လူ့ဘောင်အဖွဲ့အစည်းအတွင်း ပျင်းရိငြီးငွေ့ဖွယ် မဖြစ်စေတဲ့နည်းလမ်းနှင့် နှစ်စဉ် ရာသီစက်ဝန်းအလိုက်၊ စီးပွားရေး ရာသီအလိုက်နှင့် လူမှုနှင့်ဘဝနေထိုင်မှု စနစ်တွေကို အနုစိတ် ထားရှိခဲ့ကြဟန် ရှိပါတယ်။ ကုန်လွန်ခဲ့တဲ့နေ့တွေမှာလည်း ပွဲတော်အနည်းငယ်တို့ကိုလည်း ကျွန်ုပ်တို့ ကျင်းပခဲ့ကြပါတယ်။ ယမန်နေ့ကတော့ အိန္ဒိယနိုင်ငံတဝှမ်းကို Krishna နတ်ဘုရားရဲ့ ဖွားမြင်တော်မူခြင်း ပွဲတော်ဖြစ်တဲ့ Krishna- Janma Mahotsav ပွဲတော်ကို ကျင်းပခဲ့ကြပါတယ်။ နှစ်ကာလ ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက်မှာတောင် ပွဲတော်ဟာ အင်အားသစ်တွေ ဖော်ဆောင်လျှက် ထပ်ဆင့်ဆန်းသစ်မှုတွေနှင့်အတူ ပေါ်ပေါက်လျှက်ရှိတယ်ဆိုတဲ့ ကြီးမြတ်ထူးခြားချက်ကို ဘယ်သူ တွေးကြည့်နိုင်ပါသလဲ။ Krishna နတ်ဘုရားရဲ့ ဗုဒ္ဓဝင်ဟာ ထောင်စုနှစ်ချီ ကြာမြင့်နေပြီဖြစ်ပေမယ့် ဒါဟာ ပြဿနာတွေကို ဖြေရှင်းချက်ပြုရာမှာ ကိုက်ညီသင့်လျော်နေဆဲ ဖြစ်ပါတယ်။ ဘယ်သူမဆို ဒီကနေ့ခေတ် ပြဿနာတွေအတွက် Krishna နတ်ဘုရားရဲ့ ဘဝမှတ်တမ်းကနေ ဖြေရှင်းချက်တွေ ရှာဖွေနိုင်မှာဖြစ်ပါတယ်။ တန်ခိုးစွမ်းအားရှင် ဖြစ်ခဲ့ပေမယ့် တရားရှုမှတ်ရာ ပွားများနေခဲ့တဲ့အချိန်တွေ၊ တခြားအချိန်တွေမှာ နွားလေးတွေနှင့် နွားကျောင်းသားလေးတွေနှင့်အတူ ရှိနေချိန်တွေ၊ တခါတရံ ကစားပျော်မွေ့နေချိန်တွေနှင့် မကြာခဏ ပလွေမှုတ်နေလေ့ရှိတာတွေ ရှိခဲ့မှာပဲ ဖြစ်ပါတယ်။ လူ့လောကနှင့် လူ့ဘောင်အဖွဲ့အစည်းကို အခွင့်အာဏာပေးဖို့သက်သက် ရည်စူးထားတဲ့ ဉာဏ်ရည်အမျိုးမျိုး၊ စွမ်းရည်အများအပြားတို့နှင့်ပြည့်နက်နေတဲ့ အရည်အသွေးတွေဟာ ထူးချွန်အောင်မြင်မှုတွေ၊ သုတရတနာတွေ၊ လူ့လောက ကယ်တင်ရှင်တစ်ဦး ပေါ်လွင့်စေခဲ့တဲ့ အရည်အသွေးတွေပဲ ဖြစ်ပါတယ်။ ချစ်ကြည်ရင်းနှီးမှု အလေ့အကျင့်တွေမှာ ဘယ်လိုအရည်သွေးတွေ ရှိသင့်ပါသလဲ။ သုဓမ္မာရဲ့ဖြစ်ရပ်နှင့် ဖြစ်ပျက်ခဲ့တဲ့ တိုက်ပွဲကြီးကို ဘယ်သူ မေ့ပျောက်နိုင်ပါသလဲ။ မြင်းရထားစစ်သည်တစ်ဦးအဖြစ် လုပ်ဆောင်နေစဉ်၊ သို့မဟုတ် တောင်ပူစာတစ်လုံးကို မယူဆောင်ကြဉ်းနေစဉ်တို့မှာ သူ့ရဲ့အနန္တ တန်ခိုးကြီးမားမှုတွေ ပေါ်လွင်နေပေမယ့် သူ ဘယ်အရာကိုပဲလုပ်လုပ် တမူထူးခြား သစ်လွင်မှုရှိတာကို သိမြင်ခံစားမိကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ ကျွန်ုပ်ဟာ နတ်ဘုရား ၂ မျိုးနှင့်ပတ်သက်ပြီး စကားအနည်းငယ် ပြောလိုပါတယ်။ ၁ မျိုးကတော့ Krishna နတ်ဘုရားကိုင်ဆောင်ထားတဲ့ Sudarshan စင်္ကြာလက်နက်ဖြစ်ပြီး နောက်တစ်မျိုးက Krishna နတ်ဘရားကိုင်ဆောင်တဲ့ စင်္ကြာဖြစ်ပါတယ်။ Krishna ကိုင်ဆောင်တဲ့ Sudarshan စင်္ကြာလက်နက်ဟာ သူ့ကိုယ်သူ Dwarika မြို့မှာ အခြေတည်စေလျှက် Gujarat ပင်လယ်ကမ်းခြေအတွက် ယမုံနာမြစ်ကမ်းပါးမှာ ရှိနေခဲ့ပြီး ပင်လယ်ကမ်းခြေမှာ ဖွားမြင်ခဲ့တဲ့ Krishna ဟာ ဒေလီမှာ နောက်ဆုံးထွက်သက်နှင့်အတူ ယမုံနာမြစ်ကမ်းကို ရောက်ရှိခဲ့ပါတယ်။ နှစ်ကာလ ထောင်ပေါင်းများစွာအကြာက Krishna နတ်ဘုရားမှာရှိခဲ့တဲ့ Sudarshan စင်္ကြာလက်နက်မှာ အဲဒီခေတ်ကာလရဲ့ လက္ခဏာဖြစ်တဲ့ စစ်ပွဲတွေ တားဆီးဖို့၊ ပဋိပက္ခဖြစ်ပွားမှုတွေ ကာကွယ်ဖို့ နတ်ဘုရားရဲ့ ဉာဏ်ပညာ၊ အသိတန်ဝန်၊ ခွန်အားနှင့် သဘောတရားတို့ အသင်္ချေ ပါရှိနေခဲ့ပါတယ်။ ဒီလိုပဲ Krishna နတ်ဘုရားကိုင်ဆောင်ခဲ့တဲ့ ဘီးစင်္ကြာဟာလည်း အဲဒီခေတ်က တကမ္ဘာလုံး ဘေးဒုက္ခ ကျရောက်စေခဲ့ပြီး ဒီကနေ့ကာလအထိ ဆက်လက်တည်ရှိနေဆဲဖြစ်တဲ့ လွတ်လပ်ရေး၊ လူသားတန်ဖိုး ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အခြေခံလက္ခဏာ အရည်အသွေး ကောင်းမွန်တိုးတက်ရေးတို့အတွက် အလားတူ လမ်းကြောင်း ရွေးချယ်ပေးပါတယ်။ ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်မှု၊ အသိပညာရဲ့ အရေးပါမှု ဒါမှမဟုတ် ဘဝရဲ့ ဆင်းရဲဒုက္ခကြီးစွာ ကျရောက်နေချိန်မှာ ပြုံးရွှင်စွာနှင့် ရှေ့သို့ချီတက်ရာတို့မှာ အရာခတ်သိမ်းတို့ကို ကျွန်ုပ်တို့အနေနှင့် Krishna နတ်ဘုရားရဲ့ ဘဝပုံရိပ်တွေထံကနေ လေ့လာသင်ယူနိုင်ကြပါတယ်။ ဒါကြောင့်လည်း Krishna နတ်ဘုရားကို ကမ္ဘာကြီးရဲ့ ဆရာတပါးလို့ ခေါ်ဝေါ်ကြတာဖြစ်ပါတယ်။

ဒီကနေ့ ကျွန်တော်တို့ ဖော်ပြနေသလိုပဲ အိန္ဒိယနိုင်ငံအတွင်း အဓိက ပွဲတော်ကြီးတစ်ခုအတွက် ပွဲတော်ဆိုင်ရာ ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ အိန္ဒိယနိုင်ငံတွင်းမျှသာ မဟုတ်ပါဘူး၊ ကမ္ဘာတစ်ခုလုံးမှာ အကျယ်တဝင့် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပါတယ်။ ကျွန်တော်ဆိုလိုတာက မဟတ္တမ ဂန္ဒီကြီးရဲ့ နှစ်ပေါင်း ၁၅၀ ပြည့်၊ မွေးနေ့နှစ်ပတ်လည်ပွဲတော်ကို ဖြစ်ပါတယ်။ ၁၈၆၉ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှာ ပေါ်ဘန်ဒါ ကမ်းခြေရဲ့ ယနေ့အခါ Kirti Mandir ရယ်လို့ ခေါ်ဆိုကြတဲ့ အိမ်လေးတစ်လုံးမှာ သာမန် လူသားတစ်ဦးမျှသာမဟုတ်တဲ့ ခေတ်သစ်တစ်ခု ပေါက်ဖွားခဲ့ပြီး လူသားမျိုးနွယ်တို့ရဲ့ သမိုင်းလမ်းကြောင်းမှာ ထူးချွန်ပြောင်မြောက်မှုတို့နှင့်အတူ လမ်းကြောင်းသစ်အပေါ်မှာ အတူတကွထားရှိပေးဖို့ ပေါ်ပေါက်ခဲ့ပါတယ်။ မဟတ္တမ ဂန္ဒီကြီးမှာ အမြဲတမ်းရှိနေတဲ့ ပင်ကိုယ်အရည်အချင်းတစ်ရပ်ကတော့ အလုပ်တာဝန် ထမ်းဆောင်လိုစိတ်ပင် ဖြစ်ပါတယ်။ ဂန္ဒီကြီးရဲ့ ဘဝတလျှောက်လုံးကို ကြည့်မယ်ဆိုရင် အဲဒီခေတ်က ခွဲခြားဆက်ဆံခံနေခဲ့ကြရတဲ့ တောင်အာဖရိကနိုင်ငံမှ လူ့ဘောင်အသိုင်းအဝိုင်းကို ကြောက်ရွံ့မှု အလျဉ်းမရှိဘဲ ထမ်းဆောင်ပေးခဲ့တာကို သတိပြုမိကြမှာဖြစ်ပါတယ်။ သူဟာ Champaran ဒေသမှာ ခွဲခြားဆက်ဆံခဲ့ရတဲ့ တောင်သူလယ်သမားတွေအတွက်၊ လုပ်အားခ ရသင့်သလောက်မရတဲ့ ကြံစက်ရုံ အလုပ်သမားတွေအတွက်၊ ဆင်းရဲချို့တဲ့သူတွေ၊ ခိုကိုးရာမဲ့သူတွေ၊ အားနည်းနေသူတွေနှင့် ငတ်မွတ်ခေါင်းပါးနေသူတွေအတွက် သူ့ဘဝရဲ့အဓိက တာဝန်ကြီးတစ်ရပ်အဖြစ် ထမ်းဆောင်ပေးခဲ့ပါတယ်။ အဲဒီခေတ်က နူနာရောဂါနှင့်ပတ်သက်တဲ့ ဒဏ္ဍာရီတွေအစွဲ အများအပြားရှိခဲ့ကြပါတယ်။ ဂန္ဒီကြီးဟာ အဲဒီအစွဲတွေ ပျောက်ကွယ်ဖို့အတွက် အနူရောဂါ ခံစားနေရသူတွေကို အနီးကပ် ပြုစုစောင့်ရှောက်ခဲ့ပြီး ဒီလိုလုပ်ဆောင်မှုကြားခံနှင့် ဥပမာကောင်းတွေ ကိုယ်ထင်ပြခဲ့ပါတယ်။ ဂန္ဒီကြီးဟာ သစ္စာတရားနှင့် နှောင်ဖွဲ့မှုပေးခဲ့ပြီး ထမ်းဆောင် အလုပ်အကြွေးမှုတို့ဖြင့် အလားတူ စည်းနှောင်မှုကိုလည်း ပေးအပ်ခဲ့ပါတယ်။ လူသားအကျိုး ထမ်းရွက်လိုစိတ်သာမက ဒါကိုဦးဆောင်ဖို့အတွက် အတွင်းစိတ် ငြိမ်းချမ်းရေးနှင့်ပတ်သက်လို့လည်း သူက အလေးအနက် ဖော်ပြခဲ့ပါတယ်။ မိမိတို့အနေနှင့် ဂန္ဒီကြီးထံကနေ ဒါကို လေ့လာသိရှိနိုင်ပါတယ်။ ဒါကြောင့် ဂန္ဒီကြီးဟာ လူသားတန်ဖိုးနှင့် လူ့ဂုဏ်သိက္ခာ တိုးတက်မြင့်မားစေရာမှာ မရေမတွက်နိုင်သော အိန္ဒိယပြည်သူလူထုတို့ရဲ့ အသံတွေ ဖြစ်လာခဲ့သလို ကမ္ဘာ့အသံလည်း ဖြစ်လာခဲ့ပါတယ်။ သူ့အတွက်တော့ အသီးပုဂ္ဂလနှင့် လူ့ဘောင်အဖွဲ့အစည်း၊ လူသားတွေနှင့် လူသားမျိုးနွယ်တို့ဟာ အရာခတ်သိမ်း ဖြစ်ခဲ့ပါတယ်။ အာဖရိကဒေသမှ Phoenix ဒါမှမဟုတ် Tolstoy လယ်တောမှာပဲဖြစ်ဖြစ်၊ Sabarmati Ashram ဒါမှမဟုတ် Wardha မြို့မှာပဲဖြစ်ဖြစ် လူထုလှုပ်ရှားရေးနှင့်ပတ်သက်ပြီး ကိုယ်ပိုင်နည်းဟန်နှင့် အထူး အလေးပေးခဲ့သူ ဖြစ်ပါတယ်။ လူထုဝန်ဆောင်မှုနှင့် လူထုလှုပ်ရှားမှုတို့ဟာ မိမိတို့ရဲ့ ဘဝမှန်ကိုနှလုံးသွင်းရာမှာ အရေးပါတာကြောင့် အလုပ်တာဝန်ထမ်းဆောင်လျှက် ဂန္ဒီကြီးကို ဂါရဝပြုခြင်းဟာ စစ်မှန်တဲ့ နည်းလမ်း ဖြစ်သွားမှာဖြစ်ပါတယ်။ ဂန္ဒီကြီးရဲ့ နှစ် ၁၅၀ ပြည့် မွေးနေ့အခါသမယမှာ စုပေါင်းကြိုးပမ်း ထမ်းဆောင်မှု ပြုကြပါစို့။ မိမိတို့ အတူတကွလက်တွဲပြီး နိုင်ငံအတွင်းမှ အိမ်နီးချင်းတွေအားလုံး အတူတကွ ချီတက် လုပ်ဆောင်သွားကြပါစို့။ သန်းပေါင်း ၁ ထောင့်၊ ၃ ရာရှိသော နိုင်ငံသားတွေမှာ အလားတူအရေအတွက်ရှိတဲ့ အတွေးအခေါ် အကြံဉာဏ်တွေရှိနေကြမယ်ဆိုတာ ကျွန်ုပ် ယုံကြည်ပါတယ်။

ချစ်လှစွာသော နိုင်ငံသားတို့ခင်ဗျာ

လွန်ခဲ့တဲ့ လအနည်းငယ်က Dandi ဒေသကို ကျွန်ုပ် ရောက်ရှိခဲ့ပါတယ်။ မိမိတို့ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုတွေမှာ Dandi ဒေသမှ ဆား ချီတက်ပွဲဟာ အရေးပါတဲ့ အချိုးအကွေ့ အပြောင်းအလဲတစ်ရပ် ဖြစ်ပါတယ်။ အဲဒီမှာ ဂန္ဒီကြီးအတွက်ရည်စူးလျှက် နောက်ဆုံးပေါ်နည်းပညာနှင့် ပြတိုက်တစ်လုံးကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ လာမယ့်နေ့ရက်တွေမှာ မဟတ္တမ ဂန္ဒီကြီးနှင့် ပတ်သက်ဆက်နွယ်မှုရှိတဲ့ ပေါ်ဘန်ဒါ၊ Sabarmati Ashram၊ Champaran၊ Wardha မြို့မှ Ashram နှင့် ဒေလီမြို့မှ နေရာဒေသတွေလို အနည်းဆုံး နေရာ ၁ ခုခုကို သွားရောက်ကြဖို့ တိုက်တွန်းတောင်းဆိုလိုပါတယ်။ အဲဒီလို သွားရောက်ကြတဲ့အခါ တခြားသူတွေကိုလည်း လှုံဆော်မှုရှိစေဖို့အတွက် လူမှုဆက်သွယ်ရေးကွန်ယက်တွေပေါ်မှာ ဓာတ်ပုံတွေ တင်ပေးထားကြပါ။ နှလုံးသည်းခြေက ပေါ်ထွက်လာတဲ့ စိတ်ခံစားချက်ဟာ စာနှင့်ချရေးထားတဲ့ ဘယ်အရာထက်မဆို များစွာ သာလွန်နေမှာဖြစ်ပါတယ်။

ဒီတကြိမ် ယခုကျရောက်မယ့် ပွဲတော်အတွက် အစီအစဉ်တွေ၊ ယှဉ်ပြိုင်ပွဲတွေနှင့် ပြပွဲပေါင်းများစွာတို့ကို စီစဉ်ထားပြီးဖြစ်ပါတယ်။ ဒီကိစ္စနှင့်ပတ်သက်ပြီး အင်မတန်စိတ်ဝင်စားဖွယ် အချက်ကို မျှဝေဖော်ပြလိုက်ပါတယ်။ Venice Biennale’ လို့ခေါ်တဲ့ ကျော်ကြားတဲ့ ပန်းချီပြပွဲတစ်ရပ် ပါဝင်မှာဖြစ်ပြီး အဲဒီမှာ ကမ္ဘာတဝှမ်းမှ စုရုံးပါဝင်လာကြမှာဖြစ်ပါတယ်။ အဲဒီမှာ ဂန္ဒီကြီးရဲ့ အထိမ်းအမှတ်တွေအပေါ်အခြေခံပြီး အလွန်စိတ်ဝင်စားဖွယ် ပြပွဲတစ်ရပ်ကို ပြုလုပ်သွားမှာဖြစ်ပါတယ်။ Gujarat ပြည်နယ်မှာ Haripura ကွန်ဂရက် ညီလာခံ အစည်းအဝေးပွဲမှာ Subhash Chandra Bose ကို ဥက္ကဌအဖြစ်ရွေးချယ်ခဲ့တယ်ဆိုတဲ့ သမိုင်းမှတ်တမ်းကို သတိရကြမှာဖြစ်ပါတယ်။ Haripura ညီလာခံမတိုင်မီ ၁၉၃၇-၃၈ ခုနှစ်က မဟတ္တမ ဂန္ဒီကြီးဟာ အဲဒီကာလမှာ Shantiniketan အေးရိပ်သာရှိ Kala Bhavan ကျောင်းအုပ်ကြီး Nandlal Bose ကို ဖိတ်ကြားခဲ့ပါတယ်။ အိန္ဒိယပြည်သူလူထုရဲ့ ဘဝသရုပ်ကို ပန်းချီအနုပညာကတဆင့် ရေးဆွဲပြသဖို့ဟာ ဂန္ဒီကြီးရဲ့ ဆန္ဒဖြစ်ပြီး အဲဒီပန်းချီသုခုမကို အစည်းအဝေးမှာ ခင်းကျင်းပြသခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါဟာ Nandlal Bose  ရဲ့ ပန်းချီကားတွေက မိမိတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တန်ဆာဆင်ထားပြီး ဒီဥပဒေကို ထူးခြားဆန်းသစ်တဲ့ သင်္ကေတအဖြစ် အထောက်အကူဖြစ်စေလိုက်တာနှင့် အလားသဏ္ဍာန်တူညီနေပါတယ်။ ဒီလို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပေါ် Nandlal Bose ရဲ့ အထူးယုံကြည်ချက်နှင့် ယုံကြည်ကိုးစားမှုတို့ဟာ သူ့ကို မနားမနေ ကြိုးပမ်းအားထုတ်မှု ပြုစေခဲ့ပါတယ်။ Nandlal Bose ဟာ Haripura ဒေသဝန်းကျင်မှ ကျေးရွာတွေကို ခရီးသွားလာခဲ့ပြီး အိန္ဒိယ ကျေးလက်ဒေသတွေရဲ့ ဘဝသရုပ်ကို ပေါ်လွင်စေလျှက် ပန်းချီလက်ရာတချို့ကို ရရှိစေခဲ့ပါတယ်။ အဲဒီလို အဖိုးမဖြတ်နိုင်တဲ့ ပန်းချီလက်ရာဟာ ပြပွဲရဲ့ အလေးနက်ဆုံးအပိုင်း ဖြစ်ခဲ့ပါတယ်။ ဂန္ဒီကြီးရဲ့ နှစ်ပေါင်း ၁၅၀ ပြည့် မွေးနေ့နှင့်ပတ်သက်ပြီး ကြိုဆိုမှုနှင့်အတူ အိန္ဒိယနိုင်ငံသားတိုင်းတို့ထံကနေ သန္နိဋ္ဌာန်ပြုချက် ၁ ရပ်ရရှိဖို့ ကျွန်ုပ်ရဲ့ မျှော်မှန်းချက်တွေကို ထပ်မံဖော်ပြလိုပါတယ်။ လူ ၁ ဦး ၁ ယောက်ဟာ နိုင်ငံအတွက်၊ လူ့ဘောင်အဖွဲ့အစည်းအတွက် ဒါမှမဟုတ် အခြားသူ ၁ ဦးအတွက် တစ်စုံတစ်ရာ ပြုလုပ်ပေးခြင်းဟာ ဂန္ဒီကြီးကို စစ်မှန်တဲ့ ဂါရဝပြုချက်ပင် ဖြစ်သွားမှာဖြစ်ပါတယ်။

အို အမိ အိန္ဒိယနိုင်ငံရဲ့ ကြီးမြတ်လှသော ရင်သွေးအပေါင်းတို့

ကျွန်ုပ်တို့ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကာလတို့ရဲ့ အောက်တိုဘာလ ၂ ရက်နေ့မတိုင်မီ သီတင်းပတ် အနည်းငယ်အလိုမှာ “သန့်ရှင်းမှုရှိရေးအတွက် ရှာဖွေဆောင်ရွက်ချက်ဟာ တာဝန်ထမ်းရွက်မှုဖြစ်တယ်” ဆိုတဲ့ တနိုင်ငံလုံးအတိုင်းအတာထိ ကျယ်ပြန့်တဲ့ စည်းရုံးလှုံ့ဆော်မှုတစ်ရပ်ကို ဆောင်ရွက်လုပ်ကိုင်လာခဲ့ကြပါတယ်။ ယခုအကြိမ်မှာတော့ စက်တင်ဘာလ ၁၁ ရက်နေ့ဝန်းကျင်လောက်မှာ လှုပ်ရှားမှု စတင်သွားမှာဖြစ်ပြီး အဲဒီကာလအတွင်း မိမိတို့အားလုံးတို့ဟာ မဟတ္တမ ဂန္ဒီကြီးကို စစ်မှန်တဲ့ ဂါရဝပြုမှုအဖြစ် အားသွန်ခွန်စိုက် သွေးနှင့်ချွေးတွေ ပေးဆပ်လျှက် သန့်ရှင်းရေး လုပ်သွားကြမှာဖြစ်ပါတယ်။ နေအိမ်တွေ၊ အိမ်နီးချင်း ရပ်ကွက်တွေ၊ လမ်းမဝန်းကျင်တွေ၊ လူကူးမျဉ်းကျားတွေ ဒါမှမဟုတ် ရေနှုတ်မြောင်းတွေ၊ စာသင်ကျောင်းတွေနှင့် ကောလိပ်ကျောင်းတွေ စတဲပ့ ပြည်သူပိုင် နေရာဒေသ အသီးသီးတို့အတွင်း သန့်ရှင်းစင်ကြယ်ရေး လှုံ့ဆော်ပွဲကြီးမှာ ကျွန်ုပ်တို့ ပါဝင်သွားကြရမှာ ဖြစ်ပါတယ်။ မိမိတို့ အလေးအနက်ပြုကြရမှာကတော့ ပလစ်စတစ် အသုံးပြုမှုကင်းစင်ရေးပဲ ဖြစ်ပါတယ်။ တစ်ခါသုံး ပလစ်စတစ် ပပျောက်ရေးပြုလုပ်ရာမှာ မိမိတို့အနေနှင့် အတူတကွ လက်တွဲလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ကျွန်ုပ်ရဲ့ အရောင်းအဝယ်လုပ်နေကြသူ ညီအကို မောင်နှမများစွာတို့ဟာ ဈေးဝယ်ခြမ်းကြသူတွေကို ပစ္စည်းထည့်ဖို့ အိတ်တွေ တပါတည်းဆောင်ယူလာကြဖို့အတွက် ထင်သာမြင်သာအောင်ဖော်ပြလျှက် ၎င်းတို့ရဲ့ စီးပွားရေး အဆောက်အဦးနေရာတွေမှာ နံရံကပ် ပိုစတာတစ်ခုကို ကပ်ထားကြပြီးဖြစ်ကာ ဒါဟာလည်း သဘာဝပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ဖို့ အထောက်အကူပြုတဲ့ ရလဒ်ထွက်လာမှာဖြစ်ပါတယ်။ ယခုနှစ် အောက်တိုဘာလ ၂ ရက်နေ့မှာကျရောက်တဲ့ ဂန္ဒီကြီးရဲ့ နှစ် ၁၅၀ ပြည့် မွေးနေ့အခါသမယမှာ အိန္ဒိယနိုင်ငံကို ကွင်းပြင်မှာ မစင်စွန့်မှု ကင်းရှင်းတဲ့နိုင်ငံသာမက နိုင်ငံတဝှမ်း ပလစ်စတစ် အသုံးပြုမှုဆန့်ကျင်ရေး အခြေခံအုတ်မြစ် ချမှတ်သွားဖို့လည်းရည်စူးလျှက် ကျင်းပသွားမှာဖြစ်ပါတယ်။ ဂန္ဒီကြီးမွေးနေ့မှာ ပလစ်စတစ် ကင်းစင်တဲ့ အမိနိုင်ငံတော်ကြီးဖြစ်ရေး အထိမ်းအမှတ်အဖြစ် အောက်တိုဘာလ ၂ ရက်နေ့ မွေးနေ့ကို နေ့ထူးနေ့မြတ်အဖြစ် ကျင်းပသွားကြပါစို့။ နိုင်ငံသားတိုင်း လုပ်အားဒါနပြုလျှက် အထူး သန့်ရှင်းရေး ပွဲတော်ကြီးအဖြစ် ကျင်းပသွားကြပါစို့။ ပလစ်စတစ် အမှိုက်တွေ ကောက်ယူသိုလှောင်ဖို့ လုံလောက်မှုရှိတဲ့ စီမံချက်တွေ ထားရှိနိုင်ရေးအတွက် နိုင်ငံသားတိုင်း ပါဝင်ကြိုးပမ်းမှုရှိစေဖို့ စည်ပင်သာယာရေးအဖွဲ့အစည်းတွေ၊ ခရိုင် အုပ်ချုပ်ရေးအဖွဲ့တွေ၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေ၊ အစိုးရနှင့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအပြင် တခြားအဖွဲ့အစည်း အားလုံးတို့ကိုလည်း ကျွန်တော် တိုက်တွန်းတောင်းဆိုအပ်ပါတယ်။ ဒီနည်းအားဖြင့် ကျွန်ုပ်တို့ဟာ ယခုနှစ် ဒေဝါလီပွဲတော်မတိုင်မီ ပလစ်စတစ် စွန့်ပစ်ပစ္စည်းတွေ လုံခြုံဘေးကင်းစွာ ရှင်းလင်းဖယ်ရှားရေးဖြစ်တဲ့ မိမိတို့ရဲ့ လုပ်ငန်းတာဝန်ကြီးကို ပြီးစီးနိုင်ကြမှာဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော နိုင်ငံသားအပေါင်းတို့

ကျွန်ုပ်တို့ရဲ့ ဆန်ခရက်ဘာသာ Subhashit ကဗျာစာပေရဲ့ တိုတိုနှင့်ထိရောက်တဲ့ ကဗျာပိုဒ်တွေဟာ အသိပညာ ရတနာတွေ ဖြစ်ကြပါတယ်။ မိမိတို့ဘဝမှာ လိုအပ်လာတိုင်း စာပေတွေကနေ ရရှိနိုင်ကြပါတယ်။ Subhashit ကဗျာကျမ်းကို ရာစုနှစ်များစွာအကြာက ရေးသားပြုစုခဲ့တယ်ဆိုပေမယ့် ဒီကနေ့ခေတ်ကာလအထိ များစွာ ကိုက်ညီလျှက် ရှိနေပါတယ်။ ကျမ်းမှာပါတဲ့ ရေ၊ ကောက်ပွဲသီးနှံနှင့် Subhashit တို့ဟာ ကမ္ဘာပေါ်မှာတွေ့ရှိရတဲ့ ရတနာ ၃ မျိုးတို့ဖြစ်ကြတယ်လို့ ဆိုပါတယ်။ အမြော်အမြင်မရှိသူတွေကတော့ ကျောက်တုံးတွေကို ရတနာတွေလို့ ခေါ်ဆိုကြပါတယ်။ ကျွန်ုပ်တို့ရဲ့ ယဉ်ကျေးမှုမှာ ချီးကျူးထိုက်တဲ့အရာကို အစားအစာရယ်လို့ လက်ခံမှတ်ယူထားပါတယ်။ အာဟာရဓာတ် မျှတပြည့်ဝတဲ့ အစားအစာဟာ ကျွန်ုပ်တို့အားလုံးအတွက် မရှိမဖြစ် လိုအပ်ချက်ပင် ဖြစ်ပါတယ်။ လူသားတွေဟာ အာဟာရဓာတ် ချို့တဲ့မှုအပေါ် ကြံဆမှုရှိတဲ့နည်းလမ်းတွေနှင့် ဆန့်ကျင်တိုက်ဖျက်လျှက် ရှိနေကြပါတယ်။

ကျွန်ုပ်တို့နိုင်ငံရဲ့ အာဟာရဓာတ် ချို့တဲ့မှု ဆန့်ကျင်တိုက်ဖျက်ရာမှာ ထိရောက်နိုင်မယ့် အရာလေးတွေ အများအပြားရှိကြပါတယ်။ ဒီကနေ့ခေတ်မှာ ဆင်းရဲနွမ်းပါးသူတွေနှင့် ချမ်းသာကြွယ်ဝသူ မိသားစုတွေဟာ နားလည်သဘောပေါက်မှု မရှိကြတာကြောင့် အာဟာရဓာတ် ချို့တဲ့မှုကို ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ စက်တင်ဘာလမှာတော့ နိုင်ငံတဝှမ်းမှာ ‘Poshan Abhiyaan’ ခေါ် အာဟာရဓာတ် ချို့တဲ့မှုကင်းရှင်းရေး အောင်ပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။

စူးစမ်းလေ့လာ ရှာဖွေရေး ချန်နယ်လိုင်းကနေထုတ်လွှင့်တဲ့ “လူသားနှင့် သားရိုင်း” ရုပ်မြင်သံကြားတင်ဆက်မှုအကြောင်း သိရှိလိုကြောင်း ဖော်ပြထားကြတဲ့ Srishti Ji၊ Haryana ပြည်နယ်၊ Sohna မြို့မှ KK Pandey ji၊ Surat မြို့မှ Aishwarya Sharma နှင့် အခြားသူ များစွာတို့ကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြလိုက်ပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ပြည်သူလူထုတို့ကိုတွေ့တိုင်း “လူသားနှင့် သားရိုင်း” ကဏ္ဍကို ဖော်ပြလေ့ရှိကြပါတယ်။ အဲဒီ ထုတ်လွှင့်မှု ၁ ခုနှင့်အတူ ကျွန်ုပ်ဟာ ကမ္ဘာတဝှမ်းမှ လူငယ်တွေနှင့် အချိတ်အဆက် ရရှိလာခဲ့ပြီး ဒီလို ကမ္ဘာတဝှမ်းမှ လူငယ်တွေရဲ့စိတ်နှလုံးကို ထိတွေ့ဖို့ အခွင့်အလမ်းတစ်ရပ် ရရှိလာလိမ့်မယ်လို့ ကျွန်ုပ် ဘယ်တုန်းကမျှ မထင်မှန်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ သီတင်းပတ်ကတင်ပဲ ကျွန်တော်ဟာ ဘူတန်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ဝန်ကြီးချုပ်တစ်ဦးအဖြစ် သွားရောက်ခွင့် ရရှိခဲ့တဲ့အခါတိုင်း နိုင်ငံတကာ ယောဂနေ့ အခမ်းအနားဟာ အမှတ်ရစရာတွေရှိနေတယ်လို့ ထင်မြင်ခဲ့ပေမယ့် ယခုအခါမှာတော့ အခြေအနေတွေဟာ ကျွန်ုပ်သွားတဲ့နေရာတိုင်းမှာ အကြောင်းဖန်လာပါတယ်။ အဲဒါကတော့ ယောဂ လေ့ကျင့်မှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ဦးဟာ မေးခွန်းတွေ ရှိနေဟန်ဖြစ်နေပြီး ကျွန်ုပ်ဟာ အမေးအဖြေကဏ္ဍကို ၅ မိနစ်မှ ၇ မိနစ်အဖြစ် လုပ်ဆောင်နေရပါတယ်။

ကျနော်နှင့်အတူ ယောဂအကြောင်း မဆွေးနွေးဖူးတဲ့ အဓိကကျတဲ့ ကမ္ဘာ့ခေါင်းဆောင်တစ်ဦးရှိတယ်ဆိုတာ အတော်ရှားပါးပြီး ဒါဟာ မိမိရဲ့ ကမ္ဘာတဝှမ်းရဲ့ အတွေ့အကြုံပဲ ဖြစ်ပါတယ်။ ဒီနေ့ရက်တွေမှာ ဆွေးနွေးမှုတွေက ကဏ္ဍသစ်ကို ရောက်လာပါတယ်။ ကျွန်ုပ်တွေ့တဲ့သူတိုင်း ဒါမှမဟုတ် ဆွေးနွေးဖို့အဖွင့်ပေါ်လာတိုင်း အာရုံပြုချက်ဟာ သားရိုင်းတိရစ္ဆာန်တို့နှင့် ပတ်သက်နေပါတယ်။ သဘာဝပတ်ဝန်းကျင်အကြောင်း၊ ကျားတွေ၊ ခြင်္သေ့တွေအကြောင်း ဆွေးနွေးမှုတွေနှင့် လူသားတွေအနေနှင့် သဘာဝကို ဘယ်လောက် စိတ်ဝင်စားကြတယ်ဆိုတာကို ကျွန်ုပ် အံ့အားသင့်မိပါတယ်။

စူးစမ်းရှာဖွေရေး ချန်နယ်လိုင်းဟာ ဒီအစီအစဉ်ကို ဘာသာစကားအသီးသီးတို့နှင့် ၁၆၅ နိုင်ငံတို့မှာ ထုတ်လွှင့်သွားဖို့ စီစဉ်လျှက်ရှိပါတယ်။ ဒီကနေ့ခေတ်ရဲ့ သဘာဝပတ်ဝန်းကျင်၊ ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲလာမှုတို့ ပေါ်ပေါက်နေတဲ့ အခြေအနေမျိုးမှာ ဒီလို တွဲဆက်ထုတ်လွှင့်မှုဟာ အိန္ဒိယနိုင်ငံရဲ့ ဓလေ့ထုံးစံတွေ၊ အိန္ဒိယနိုင်ငံရဲ့ ချီးကျူးဖွယ် အစဉ်အလာတွေမှာ သဘာဝအတွက် အလေးအမြတ်ထားမှုတွေ စတဲ့ အိန္ဒိယနိုင်ငံရဲ့ ဖွင့်ဟချက်တွေနှင့် ကမ္ဘာကြီးကို လိုက်လျောညီထွေ သဟဇာတ ကျစေရာမှာ များစွာ အထောက်အကူပြုလိမ့်မယ်လို့ ကျွန်ုပ် မျှော်လင့်ပါတယ်။ ကျွန်ုပ်ဟာ ဟိန္ဒီဘာသာစကားနှင့် စကားပြောပြီး Bear Grylls က ဟိန္ဒိဘာသာစကား နားမလည်တာကြောင့် မိမိတို့ ၂ ဦးအကြား ဒီလို မြန်မြန်ဆန်ဆန် စကားပြောဆိုမှုမျိုးကို ဘယ်လိုလုပ်ခဲ့တာလဲလို့ ပြည်သူလူထုအချို့က မေးမြန်းထားကြပါတယ်။

ဒီကိစ္စမှာ ဘာမှ လျှို့ဝှက်စရာ မရှိပါဘူး။ ပြည်သူအများအပြားတို့ဟာ ၎င်းတို့ရဲ့ စိတ်မှာ လျှို့ဝှက်မှုတချို့နှင့်ပတ်သက်တဲ့ အလားတူမေးခွန်းတွေ ရှိနေကြတာကြောင့် ဒီလျှို့ဝှက်ချက်ကို ကျွန်ုပ် ထုတ်ဖော်ပြောဆိုသွားမှာ ဖြစ်ပါတယ်။ တနည်းဆိုရရင် လျှို့ဝှက်ချက်ဆိုတာ ရှိကို မရှိတာပါ။ တကယ်တော့ Bear Grylls နှင့်အတူ ကျွန်တော် စကားပြောဆိုရာမှာ နည်းပညာကို အကျယ်တဝင့် အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။ ကျွန်တော် စကားပြောလိုက်ပြီးတာနှင့် ချက်ချင်းအားဖြင့် အင်္ဂလိပ်ဘာသာကို ဘာသာပြန်ပေးပြီး ဒါမှမဟုတ် တမဟုတ်ချင်း စကားပြန်ပေးပြီး Bear Grylls မှာက သူ့နားထဲမှာ ကြိုးမဲ့ ကိရိယာ သေးသေးလေ့တစ်ခု ထည့်ထားပါတယ်။ ဒါကြောင့် ကျွန်တော် ဟိန္ဒီဘာသာနှင့် စကားပြောခဲ့ပေမယ့် သူက အင်္ဂလိပ်ဘာသာနှင့် ကြားရတာကြောင့် မိမိတို့ ၂ ဦးအကြား စကားပြောဆိုမှု အလွန်လွယ်ကူလာခဲ့ပါတယ်။ ဒါဟာ နည်းပညာရဲ့ အံ့ဖွယ်လက္ခဏာပဲ ဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော နိုင်ငံသားများခင်ဗျာ

ကျွန်ုပ်တို့ရဲ့နိုင်ငံဟာ အရောင်အသွေးမျိုးစုံ အသွင်ကွဲပြားနေပြီး ဒီလို ကျယ်ပြန့်လှတဲ့ ကွဲပြားမှုတွေဟာ သင်တို့ရဲ့ ဘဝအသက်တာကို သုခရရှိစေမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအတွင်း သဘာဝပတ်ဝန်းကျင်အရေး စိုးရိမ်ချက်တွေနှင့် ဝန်းကျင်စောင့်ရှောက်မှုတို့ဟာ သဘာဝအလျောက် ဖြစ်ဟန်ရှိပါတယ်။ ပြီးခဲ့တဲ့လက ကျွန်ုပ်ဟာ နိုင်ငံအတွင်း ကျားအကောင်ရေ စစ်တမ်းကို ထုတ်ပြန်ပေးခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်း ကျားအကောင်ရေဟာ ၂ ထောင့်၊ ၉ ရာ၊ ၆ ဆယ့်၊ ၇ ကောင် ရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အကြာက မိမိတို့ဟာ လက်ရှိကျားအကောင်ရေရဲ့ ထက်ဝက်ခန့်သာရှိတဲ့ ပမာဏနှင့် များစွာ အခက်အခဲ ဖြစ်ခဲ့ရပါတယ်။ ၂၀၁၀ ခုနှစ်က ရုရှားနိုင်ငံ၊ St. Petersburg မြို့မှာ ဖြစ်ပွားခဲ့တဲ့ ကျားများဆိုင်ရာ ညီလာခံမှာ ကမ္ဘာတဝှမ်း ကျားအကောင်ရေ လျော့ပါးမှုနှင့်ပတ်သက်ပြီး စိုးရိမ်မကင်းဖော်ပြလျှက် ၂၀၂၂ ခုနှစ်အရောက်မှာ ကမ္ဘာတဝှမ်း ကျားအကောင်ရေ ၂ ဆတိုးရေးဆိုတဲ့ ဆုံးဖြတ်ချက်တစ်ရပ် ချမှန်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရည်မှန်းချက်တွေကို တတ်နိုင်သမျှ အမြန်ဆုံးအချိန်အတွင်း ဖော်ဆောင်လိုက်တာကတော့ ကျွန်ုပ်တို့ရဲ့ အိန္ဒိယ နိုင်ငံတော်သစ်ပင် ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာတင်ပဲ ကျားအရေအတွက်ကို ၂ ဆအထိ တိုးမြှင့်နိုင်ခဲ့ကြပါတယ်။

တိုးအကောင်ရေ စာရင်းကို ထုတ်ပြန်ခဲ့စဉ်က Gujarat ပြည်နယ်မှ၊ Gir သစ်တောမှာ အာရှတိုက်ရဲ့ ခြင်္သေ့တွေကိုလည်း သတိရခဲ့ပါတယ်။ Gujarat ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ကျွန်ုပ် ထမ်းဆောင်ခဲ့စဉ်က Gir သစ်တောများအတွင်း ခြင်္သေ့တွေ နေထိုင်ကျက်စားမှု လျော့ပါးနေခဲ့ပါတယ်။ တာကြောင့် Gir တောအုပ်အတွင်းမှာ လုပ်ဆောင်ချက်တွေ တစ်ခုပြီးတစ်ခု အများအပြား ပြုလုပ်ခဲ့ပါတယ်။

ရာစုနှစ်များစွာအကြာက ပြုစုခဲ့တဲ့ ကျွန်ုပ်တို့ရဲ့ စာပေကျမ်းဂန်ထဲမှာ

သစ်တောတွေ မရှိဘူးဆိုရင် ကျားတွေဟာ သူသားတွေ နေထိုင်ရာကိုအရဲစွန့်လာရောက်ဖို့ ဖိအားပေးခံရမှာဖြစ်ပြီး သေဆုံးကြရမည်ဖြစ်ကာ သစ်တောတွေထဲမှာ ကျားတွေမရှိရင်လည်း သူသားတွေဟာ သစ်တောတွေကို ခုတ်ထွင်ဖျက်ဆီးကြမယ်လို့ ဆိုပါတယ်။ တကယ်တော့ ကျားတွေဟာ သစ်တောတွေကို ကာကွယ်စောင့်ရှောက်ပြီး သစ်တောတွေက ကျားတွေကို ကာကွယ်စောင့်ရှောက်ထားတာ မဟုတ်တာကြောင့် ကျွန်ုပ်တို့ရဲ့ ဘိုးဘေးတွေဟာ ဒီလိုအမှန်တရားကို ကိုက်ညီစွာဖြင့် ရှင်းလင်းဖော်ပြခဲ့ကြပါတယ်။

ချစ်လှစွာသော နိုင်ငံသူ/သားများခင်ဗျာ

၁၈၉၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ဟောပြောခဲ့တဲ့ Swami Vivekananda ရဲ့ သမိုင်းဝင် မိန့်ခွန်းကို ဘယ်သူ မေ့လျော့နိုင်ပါ့မလဲ။ တကမ္ဘာလုံးမှ လူသားမျိုးနွယ်တို့ရဲ့ အသိစိတ်ကို နိုးကြားစေခဲ့သူ အိန္ဒိယနိုင်ငံရဲ့ ဦးဇင်းငယ်လေးဟာ အိန္ဒိယနိုင်ငံရဲ့ တောက်ပတဲ့ဝိသေသကို ကမ္ဘာသို့ ပေးဆောင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ Swami Vivekananda ရှုမြင်ခဲ့တဲ့အတိုင်း အိန္ဒိယနိုင်ငံတော်သစ်ကို တွေ့မြင်ပြီး သူ နားလည်သဘောပေါက်ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ အမွေအနှစ်ခွန်အားကို ထားရှိ ကျင့်သုံးကြပါစို့။ ကျွန်ုပ်တို့ဟာ အရာခတ်သိမ်းကို ပိုင်ဆိုင်ထားပြီး ယုံကြည်မှုနှင့် ဆက်လုပ်ကြပါစို့။

လေးစားအပ်ပါသော နိုင်ငံသားများခင်ဗျာ

ဒီကနေ့ထုတ်လွှင့်တဲ့ ‘Mann Ki Baat’ အစီအစဉ်ရဲ့ လက်ရှိကဏ္ဍပိုင်းကတော့ ဒီမှာတင် ပြီးဆုံးပါပြီ။ နောက်နောင်မှာ သင်တို့နှင့် တွေ့ပါဦးမည်။ သင်တို့ရဲ့ အကြံဉာဏ်များကို ကျွန်ုပ် စောင့်မျှော်လျှက် ရှိနေပါမည်။ ကျွန်ုပ်တို့၏ လွတ်လပ်ရေး တိုက်ပွဲဝင်များမက်ခဲ့သည့် အိပ်မက်ဖြစ်သည့် အိန္ဒိယနိုင်ငံ တည်ထောင်ရေးနှင့် ဂန္ဒီကြီး၏ အိပ်မက်များ ဖော်ဆောင်ရေးအတွက် ကျွန်ုပ်တို့အားလုံး အတူတကွ လက်တွဲချီတက်ကြပါစို့။ လောကအကျိုးသယ်ပိုးလျှက် ကျွန်ုပ်တို့၏ စိတ်နှလုံးကို ဆက်လက် ပျော်ရွှင်ချမ်းမြေ့မှု ခံစားသွားကြပါစို့။

ကျေးဇူးအထူး တင်ရှိပါတယ်။

Namaskar