Maan Ki Baat (29.09.2019)

ချစ်ခင်လေးစားအပ်ပါသော နိုင်ငံသားအပေါင်းတို့ မင်္ဂလာပါခင်ဗျာ

ဒီကနေ့ စိတ်နှလုံးမှ ပြောသောစကားများ ကဏ္ဍပိုင်းမှာ အိန္ဒိယနိုင်ငံသားတိုင်းရဲ့ နှလုံးအိမ်ကနေ ရိုသေလေးစား ချစ်ခင်ကြတဲ့ နိုင်ငံရဲ့ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးအကြောင်း ကျနော် ပြောသွားမှာဖြစ်ပါတယ်။ သူ့ကို လှိုက်လှိုက်လှဲလှဲ ရိုသေလေးစားမှုမရှိတဲ့ အိန္ဒိယနိုင်ငံသားရယ်လို့ ရှိမှာမဟုတ်ပါဘူး။ သူဟာ ကျနော်တို့အားလုံးနီးပါးတို့ထက်ကြီးပြီး နိုင်ငံတော် ကျော်ဖြတ်ခဲ့ရတဲ့ ကာလတလျှောက် ခေတ်စနစ် အသီးသီးတို့ကို ကြုံတွေ့ခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။ ဒါကတော့ ကျနော်တို့ရဲ့ အမကြီး Lata Didi ပဲ ဖြစ်ပါတယ်။ သူဟာ ဒီလ ၂၈ ရက်နေ့မှာ အသက် ၉၀ ပြည့်သွားပြီဖြစ်ပြီး ကျနော် နိုင်ငံခြားခရီးမသွားမီက သူနှင့်ဖုန်းပြောဖို့ အခွင့်အရေးတစ်ခု ရရှိခဲ့ပါတယ်။ စကားပြောကြပုံက မောင်လေးတယောက်ကနေ သူ့အမကြီးတယောက်ကို ပြောတဲ့ပုံစံမျိုးပါ။ ကျနော် များသောအားဖြင့် ဒီလို ကိုယ်ရေးကိုယ်တာ စကားပြောကြတာမျိုးကို တခြားသူတွေနှင့် ပြန်ပြောတာမျိုး လုပ်လေ့မရှိပါဘူး၊ ဒါပေမယ့် ဒီကနေ့မှာတော့ Lata Didi ရဲ့ စကားတွေကို သင်တို့ကိုလည်း နားထောင်စေချင်ပါတယ်။ အမကြီး Lata Didi ဟာ နိုင်ငံနှင့်ပတ်သက်တဲ့ အရာအားလုံး ဘယ်လောက် စိတ်အားထက်သန်တယ်ဆိုတာကို သင်တို့ကိုယ်တိုင်ပဲ နားဆင်ကြည့်လိုက်ကြပါ။ အမကြီးရဲ့ စိတ်ကျေနပ် အားရမှုတွေကလည်း အိန္ဒိယနိုင်ငံ ဆောင်ရွက်နေတဲ့ တိုးတက်မှုတွေ၊ အပြောင်းအလဲ လမ်းကြောင်းပေါ်မှ အိန္ဒိယနိုင်ငံနှင့် အဆင့်သစ်တွေရရှိနေတဲ့ အိန္ဒိယနိုင်ငံတော်ကြီး စတာတွေမှာ ကိန်းဝပ်နေပါတယ်။

(စကားပြော)

လေးစားအပ်ပါသော နိုင်ငံသားအပေါင်းတို့ခင်ဗျာ

ဒီကနေ့ Navaratri ပွဲတော်အကြို ကျရောက်လာမှုနှင့်အတူ အခြေအနေတို့ဟာ မျှော်လင့်ချက်အသစ်တွေ၊ စွမ်းအင်သစ်တွေ၊ အားမာန်သစ်တွေ၊ သန္နိဋ္ဌာန်ပြုချက်တွေနှင့် ပြည့်နက်နေပါတယ်။ နောက်ပြီး ဒီကာလဟာ ပွဲတော်ရာသီလည်း ဖြစ်ပါတယ်။ ကျနော်တို့အားလုံးဟာ Navaratri Mahotsava၊ Garba၊ Durga Puja၊ Dussehra၊ Diwali၊ Bhaiya Dooj နှင့် Chhath Puja စတဲ့ ပွဲတော်များစွာတို့ကို ကျင်းပသွားကြမှာ ဖြစ်ပါတယ်။ ကျရောက်လာမယ့် ဒီပွဲတော်တွေအတွက် နိုင်ငံသားအားလုံးတို့ကို ရင်ထဲကနေ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ပွဲတော်ကာလအတွင်းမှာ မိသားစုတွေ အတူတကွ တွေ့ဆုံကြပြီး အိမ်တိုင်းအိမ်တိုင်းမှာလည်း ပျော်ရွှင်ဝမ်းမြောက်မှုတွေ ဖုံလွှမ်းနေကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို ပွဲတော်ကျင်းပမှုတွေကနေ လွဲချော်နေကြရသူတွေလည်း မိမိတို့ဝန်းကျင်မှာ အများအပြားရှိနေကြတာကို သိရှိထားကြမှာ ဖြစ်ပါတယ်။ ဒါဟာ ညမီးအိမ်အောက်ခြေက အမှောင်ထုလိုပါပဲ။ ဒီဆိုရိုးစကားဟာ ကျနော်တို့အတွက် စကားလုံးသက်သက်မဟုတ်ဘဲ ဒဿနိက အတွေးအခေါ်တစ်ခု ဒါမှမဟုတ် လောက အတွေးအမြင်တစ်ခု ဖြစ်နိုင်ပါတယ်။ ဆင်ခြင်တွေးတော ကြည့်လိုက်ပါ၊ မီးအလင်းရောင်တွေ ထွန်းလင်းတောက်ပနေတဲ့ အိမ်တွေရှိသလို အခြားတဖက်မှာတော့ အဲဒီအနီးအနားမှာပဲ အမှောင်ထုထဲမှာ အိမ်တွေ ရှိနေကြပါတယ်။ စားဖွယ်သောက်ရာတွေ ပုပ်သိုးကုန်သည်အထိ ပစ်ထားတဲ့အိမ်တွေ၊ မုန့်ချိုလေးတစ်ခုလောက် စားသောက်ဖို့ တမ်းတနေတဲ့ ကလေးတွေနှင့်အိမ်တွေ၊ အဝတ်အစားတွေထည့်ဖို့ နေရာလွတ်မရှိတော့တဲ့ နေရာတွေ၊ တခြားနေရာတွေမှာတော့ ကိုယ်ခန္ဓာ လုံအောင်ဖုံးဖို့အရေး အဝတ်အထည်လေးရဖို့အတွက်တောင် ကုန်းရုန်းလုပ်ကိုင်နေကြရသူတွေ ရှိနေကြပါတယ်။ ဒါဟာ ညမီးအိမ်ရဲ့ အောက်ခြေက အမှောင်ထုနှင့် တူမနေဘူးလား။ တကယ်လည်း ဟုတ်ပါတယ်။ ပွဲတော်တွေကနေ ဖြစ်ပေါ်လာတဲ့ ဝမ်းမြောက်ပျော်ရွှင်မှု အစစ်အမှန်ဟာ အမှောင်ထု လျော့ပါးပျောက်ကွယ်သွားပြီး အလင်းရောင်ဖြာထွက်လာတဲ့အချိန်မှာသာ ဖြစ်ပေါ်ပါတယ်။ ပျော်ရွှင်မှု ခေါင်းပါးတဲ့အရပ်တွေမှာ ဝမ်းမြောက်ဖွယ်တွေ ဖြန့်ဝေပေးကြပါစို့။ ပင်ကိုယ်သဘော သဘာဝအတိုင်း ပျော်ရွှင် ဝမ်းမြောက်ကြပါစေသား။ ကျနော်တို့တွေဟာ စားသောက်ဖွယ်ရာတွေ၊ အဝတ်အစားတွေ၊ လက်ဆောင်ပစ္စည်းတွေ အစရှိသဖြင့် လက်ခံရရှိကြတဲ့အခါ ကိုယ်ကနေ ပြန်ပေးဖို့အတွက်လည်း ခေတ္တ ဆင်ခြင်တွေးတောကြည့်ကြပါစို့။ အနည်းဆုံးတော့ မိမိတို့နေအိမ်တွေမှာ ပိုလျံနေတာတွေ မလိုအပ်တော့တဲ့ ပစ္စည်းတွေကို ပေးကမ်းစွန့်ကြဲသွားနိုင်ပါတယ်။ ဒီလိုကြိုးပမ်းချက်အတွက် မြို့အများအပြားတို့မှာ စတင်ဖွဲ့စည်းထားကြတဲ့ လူငယ်မိတ်ဆွေလေးတွေ လုပ်ကိုင်နေကြတဲ့ NGO အဖွဲ့အစည်းတွေ များစွာရှိပါတယ်။ သူတို့တွေဟာ အဝတ်အထည်တွေ၊ မုန့်ချိုတွေ၊ အစားအစာတွေကို အိမ်တွေကနေ ကောက်ယူပြီး လိုအပ်နေသူတွေကို ပေးကမ်းစွန့်ကြဲကြပါတယ်။ ယခုပွဲတော်ရာသီမှာ မိမိတို့တွေဟာ ညမီးအိမ်အောက်မှ အမှောင်ထုတချို့ကို ကိုယ့်အသိစိတ်ဓာတ်နှင့်ကိုယ် ဖယ်ရှားသွားနိုင်ကြမလား။ ပွဲတော်ကာလတွေအတွင်း ချို့တဲ့သူ မိသားစုတွေရဲ့ မျက်နှာတွေပေါ်မှ အပြုံးပန်းတွေဟာ သင်တို့ရဲ့ပျော်ရွှင်မှုကို တိုးတက်စေမှာ ဖြစ်ပါတယ်။ သင်တို့ရဲ့ မျက်နှာတွေမှာလည်း ဒေဝါလီပွဲတော်ကို အံ့မခန်း ထွန်းလင်းတောက်ပစေမယ့် ပီတိတွေနှင့် ဝေဖြာသွားမှာဖြစ်ပါတယ်။

ချစ်လှစွာသော ညီအကို မောင်နှမအပေါင်းတို့

ဓနဥစ္စာပိုင် Laxmi နတ်သမီးဟာ အိမ်ထောင်မိသားစုတိုင်းကို ငွေကြေးနှင့် သာယာဝပြောမှုတွေ ဝင်ရောက်လာဖို့ လုပ်ဆောင်ပေးပါတယ်။ Laxmi နတ်သမီးကို ထုံးတမ်းအစဉ်အလာအတိုင်း ကြိုဆိုသွားကြမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ နတ်သမီးကိုကြိုဆိုကြရာမှာ အသစ်အဆန်းနည်းနှင့် ကြိုသွားကြမလား။ ကျန်ုပ်တို့ရဲ့ ယဉ်ကျေးမှုအရ သမီးမိန်းခလေးတွေဟာ သာယာဝပြောမှုနှင့် ငွေကြေးဓန စီမံဆောင်ရွက်သူတွေဖြစ်တာကြောင့် ၎င်းတို့ကို Laxmi နတ်သမီးတွေအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ ကျေးရွာတွေနှင့် မြို့နယ်အရပ်ရပ်တို့မှ လူ့ဘောင်အဖွဲ့အစည်းတွေမှာ သမီးပျိုလေးတွေ ဝမ်းမြောက်ကြစေဖို့အတွက် အစီအစဉ်တွေ လုပ်မသွားနိုင်ကြဘူးလား။ လူထုအခမ်းအနားတစ်ရပ်အသွင်နှင့် လုပ်သွားနိုင်ပါတယ်။ မိသားစုတွေ၊ လူ့ဘောင်အသိုင်းအဝိုင်းနှင့် နိုင်ငံတော်အတွက် ဇွဲလုံ့လစွမ်းရည် စိုက်ထုတ်ကြိုးပမ်းပြီး ဂုဏ်ရောင် တက်စေခဲ့ကြတဲ့ သမီးပျိုတွေ ကျနော်တို့ဝန်းကျင်မှာ အများအပြား ရှိနေကြမှာ ဖြစ်ပါတယ်။ ဒီနှစ် ဒေဝါလီပွဲတော်မှာ အိန္ဒိယနိုင်ငံရဲ့ Laxmi နတ်သမီးတွေကိုဂုဏ်ပြုဖို့ အစီအစဉ်တွေ လုပ်မသွားနိုင်ကြဘူးလား။ ကိုယ့်ဝန်းကျင်ကို တချက်ကြည့်လိုက်ကြပါတယ်။ သာမန်မဟုတ်တဲ့ စွမ်းရည်တွေနှင့် သမီးပျိုတွေနှင့် သမီးချွေးမတွေ အများအပြား တွေ့ကြမှာဖြစ်ပါတယ်။ တချို့က ကလေးငယ်တွေကို စာပေသင်ကြားနေကြပြီး တချို့ကတော့ ကျန်းမာ သန့်ရှင်းရေးကဏ္ဍမှာ လူတွေ အသိစိတ်ဓာတ်ရှိစေဖို့ ဟောပြောနေကြမှာဖြစ်သလို ဆရာဝန်တွေနှင့် အင်ဂျင်နီယာတွေအဖြစ် လူ့ဘောင်အတွက် ထမ်းရွက်နေကြသူတွေလည်း အများအပြား ရှိကြမှာ ဖြစ်ပါတယ်။

ကျနော်တို့ လူ့ဘောင်အဖွဲ့အစည်းဟာ သမီးပျိုတွေကို အသိအမှတ်ပြုပြီး ဂုဏ်ပြကြရမှာ ဖြစ်ပါတယ်။ သူတို့အတွက် ဂုဏ်ပြုတဲ့အစီအစဉ်တွေ တနိုင်ငံလုံး ပြုလုပ်သွားရမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ သမီးရတနာများ ဆိုတဲ့စာသားနှင့် ၎င်းတို့ရဲ့ ဖော်ဆောင်လုပ်ကိုင်မှုတွေကို လူမှုဆက်သွယ်ရေး ကွန်ယက်တွေပေါ်မှာ ရေးသားဖော်ပြသွားနိုင်ပါတယ်။ ကျနော်တို့ အတူတကွ စတင်ခဲ့ကြတဲ့ “သမီးငယ်နှင့် ကိုယ်တိုင်ရိုက် ဆယ်လ်ဖီဓာတ်ပုံ” ဆိုတဲ့ လှုံ့ဆော်ပွဲကြီးဟာ တကမ္ဘာလုံး ပျံ့နှံ့လျှက်ရှိပါတယ်။ အလားတူပဲ အိန္ဒိယနိုင်ငံရဲ့ သမီးရတနာများ ဆိုတဲ့ လှုံ့ဆော်ပွဲကြီး လုပ်သွားကြပါစို့။

ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့

ကျနော် စောစောက ဖော်ပြခဲ့တဲ့အတိုင်း ယခုလို Mann Ki Baat အစီအစဉ်ရဲ့ အကျိုးရလဒ်ကတော့ ကျနော့်ကို သိသူဖြစ်စေ၊ မသိသူဖြစ်စေ ပြည်သူအများအပြားတို့နှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး စကားပြောဆိုခွင့် ရရှိတာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်အကြာက အတော်လေးအလှမ်းဝေးလှတဲ့ Arunachal ဒေသမှ ကျောင်းသူတစ်ယောက်ဖြစ်တဲ့ Aleena Taayang ဟာ ကျနော့်ဆီကို စိတ်ဝင်စားစရာ စာတစောင် ရေးသားခဲ့ပါတယ်။ အဲဒီစာကို ကျနော် ဖတ်ပြပါရစေ။

လေးစားရပါသော ဝန်ကြီးချုပ်ရှင့်

ကျမနာမည်က Aleena Taayang ပါ။ Arunachal Pradesh ပြည်နယ်၊ Roing ဇာတိသူ ဖြစ်ပါတယ်။ စာမေးပွဲအောင်စာရင်းဖွင့်တော့ လူတချို့က ကျမကို Exam Warriors ဆိုတဲ့စာအုပ် ဖတ်ဖူးသလားလို့ မေးကြပါတယ်။ ကျမကလည်း မဖတ်ဖူးကြောင်း ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့် ကျမ စာအုပ်ကိုဝယ်ယူပြီး ၂ ကြိမ်မက ဖတ်ရှုခဲ့ပါတယ်။ ဖတ်ပြီးတဲ့နောက် ကျမရဲ့ အတွေ့အကြုံ အတော်လေး ကောင်းမွန်ခဲ့ပါတယ်။ စာမေးပွဲမဖြေမီက ဖတ်ခဲ့ရရင် ပိုပြီးအကျိုးရှိလိမ့်မယ်လို့ ခံစားမိပါတယ်။ ဒီစာအုပ်ရဲ့ အချက်အလက်တချို့ကို အတော်လေး ကြိုက်မိပါတယ်။ ဒီစာအုပ်မှာ ကျောင်းသားတွေအတွက် ဆောင်ပုဒ်အများအပြားပါဝင်ပြီး မိဘတွေနှင့် ဆရာတွေအတွက်တော့ များများစားစားမပါတာကို သတိထားမိခဲ့ပါတယ်။ ဝန်ကြီးချုပ်အနေနှင့် စာအုပ်အသစ်တစ်အုပ်ရေးသားဖို့ စိတ်ကူးရှိတယ်ဆိုရင် မိဘတွေနှင့် ဆရာတွေအတွက်လည်း ဆောင်ပုဒ်အနည်းငယ် ထည့်သွင်းရေးသားပေးစေချင်ပါတယ်ရှင့်။

ဒီစာထဲမှာ ကျနော့်ရဲ့ လူငယ်မိတ်ဆွေလေးတွေကတောင် နိုင်ငံရဲ့ အဓိက ဝန်ထမ်းကို လုပ်ဆောင်ဖို့ တောင်းဆိုလာတိုင်း လုပ်ဆောင်သွားမယ်ဆိုတဲ့ ယုံကြည်မှုကို ပြသလိုက်ပါတယ်။

ကျနော့်ရဲ့ ကျောင်းသားမိတ်ဆွေ အားလုံးတို့ခင်ဗျာ

ကျနော့်ဆီကို စာရေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။ Exam Warriors စာအုပ်ကို ၂ ကြိမ်မက ဖတ်ရှုပြီး စာအုပ်ထဲမှာ အားနည်းချက်တွေကိုထောက်ပြတဲ့အတွက် ကျေးဇူးအထူး တင်ရှိပါတယ်။ သင်တို့ရဲ့ လမ်းညွှန်ချက်တွေနှင့်အညီ ကျိန်းသေ လုပ်ဆောင်သွားပါမယ်။ သင်တို့ပြောတဲ့အတိုင်း စာအုပ်အသစ်ရေးဖို့ အချိန်ရတဲ့အခါ မိဘတွေနှင့် ဆရာတွေအတွက် ထည့်သွင်းရေးသားဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုကင်းစင်တဲ့ လက္ခဏာရပ်တွေနှင့်ပတ်သက်ပြီး အတွေ့အကြုံတွေ၊ အကြံပြုချက်တွေပေးကြဖို့ ကျောင်းသားတွေ၊ ဆရာတွေနှင့် မိဘတွေ အားလုံးကို တောင်းဆိုလိုပါတယ်။ သင်တို့ရဲ့ အကြံပြုချက် အတွေးအခေါ်တွေကို ကျနော် လိုလိုလားလား စောင့်မျှော်နေပါတယ်။ ကျနော်တို့ရဲ့ မိတ်ဆွေကျောင်းသူလေး Arunachal ပြည်နယ်မှ Aleena Taayang ကို ကျေးဇူးတင်ရှိကြောင်း ထပ်မံ ဖော်ပြလိုက်ပါတယ်။

ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့

သင်တို့ဟာ သတင်းစာနှင့် ရုပ်မြင်သံကြားကတဆင့် နိုင်ငံဝန်ကြီးချုပ်ရဲ့ မအားလပ်တဲ့ အစီအစဉ်တွေကို ကြည့်ရှုပြီး ဆောင်ရွက်နေမှုတွေကိုလည်း ဆွေးနွေးပြောဆိုနေကြတာကို ကျနော် အသိအမှတ်ပြုပါတယ်။ ဒါပေမယ့်လည်း ကျနော်ဟာ သင်တို့လိုပဲ သာမန်လူတစ်ဦးမျှသာဖြစ်တယ်ဆိုတာကို သတိပြုကြမယ်လို့ မျှော်လင့်ပါတယ်။ သာမန်နိုင်ငံသား တစ်ဦးအဖြစ် သင်တို့ကို သက်ရောက်တဲ့အရာတိုင်း ကျနော်ကိုလည်း အလားတူ သက်ရောက်မှုရှိပါတယ်။ အမေရိကန် အိုးပန်း တင်းနစ်ပြိုင်ပွဲမှာ လက်တဖက်သာရှိသူရဲ့ အနိုင်ရမှုကို ဘယ်လို ဖော်ပြဆွေးနွေးကြတယ်ဆိုတာကိုတာ ကြည့်လိုက်ပါ။ Daniil Medvedev ရဲ့ အမှာစကားဟာ လူထုကြားမှာ အထူးသဖြင့် လူမှုဆက်သွယ်ရေးကွန်ယက်မှာ အလားတူ ဖြစ်ပါတယ်။ ကျနော်လည်း သူ့စကားကို နားထောင်ပြီး ပွဲစဉ်ကို စောင့်ကြေည့်ခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် Daniil Medvedev ပြသခဲ့တဲ့ ရိုးရှင်းမှုနှင့် ရင့်ကျက်မှုတို့ဟာ လူတိုင်းကို ထိမိခဲ့ပါတယ်။ အဲဒီစကား မပြောမီက သူဟာ Grand Slam ဆုတံဆိပ် ၁၉ ကြိမ် ဆွတ်ခူးရရှိထားတဲ့ တင်းနစ် အကျော်အမော်ကြီး Rafael Nadal ရဲ့လက်မှာ အရှုံးကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီလိုဖြစ်ရပ်ဟာ ဘယ်သူ့ကိုမဆို လက်မှိုင်ချ နောင်တရစေမှာဖြစ်ပါတယ်။ ဒါပေမယ့် Medvedev ကတော့ သူ့မျက်နှာပေါ်မှာ ဖြူဖတ်ဖြူရော်ဖြစ်တဲ့ လက္ခဏာမျိုး တစ်ချက်မှ မပေါ်ခဲ့ပါဘူး။ သူ့ရဲ့ဖော်ပြချက်ဟာ အဓိပ္ပါယ်ပြည့်ဝတဲ့ အပြုံးတွေနှင့် စောင့်ကြည့်နေသူတွေရဲ့မျက်နှာတွေကို ထွန်းလင်းစေခဲ့ပါတယ်။ ချန်ပီယံဖြစ်တဲ့ Nadal ကလည်း Daniil ရဲ့ ယှဉ်ပြိုင်ပွဲကို ချီးကျူးဂုဏ်ပြုမှု ပြသခဲ့ပါတယ်။ သူပြောတဲ့ စကားကို နားမထောင်ရသေးဘူးဆိုရင် အဲဒီဗီဒီယိုကိုကြည့်ကြဖို့အတွက် လူငယ်မိတ်ဆွေတွေကို တိုက်တွန်းလိုပါတယ်။ အနှိုင်အရှုံးဆိုတာထက် ယှဉ်ပြိုင်မှုသာလျှင် ပဓာနကျတဲ့ အခိုက်အတန့်တွေပဲ ဖြစ်ပါတယ်။ ဒါကို ကျနော်တို့ရဲ့ ကျန်းဂန်တွေထဲမှာ ရေးသားဖော်ပြထားပါတယ်။ မိမိတို့ ဘိုးဘေးတွေရဲ့ ပညာဉာဏ်ဟာ တကယ့်ကို ချီးကျူးထိုက်ပါတယ်။ ရှေးလူကြီးတွေရဲ့ စာပေကျန်းဂန်ထဲမှာ 

“လူတစ်ဦးဟာ စွမ်းရည်နှင့် လူသားဆန်မှုတို့ ပေါင်းစပ်လိုက်တဲ့အခါ

သူ့နှလုံးသားကို အောင်နိုင်ဖို့ တတ်စွမ်းမှာမဟုတ်ဘူး” လို့ ရေးသားထားပါတယ်။

လေးစားအပ်ပါသော နိုင်ငံသား အပေါင်းတို့ခင်ဗျာ

ဆေးစွဲခြင်းဟာ ကျန်းမာရေးအတွက် များစွာထိခိုက်စေပြီး ဒီစွဲလမ်းမှုကိုဖြတ်ဖို့ အရမ်းခက်ခဲတယ် ဆိုတာကို ကျနော်တို့အားလုံး သိရှိထားကြပါတယ်။ ဆေးရွက်ကြီး သုံးစွဲသူတွေဟာ ကင်ဆာ၊ ဆီးချို သွေးချိုနှင့် သွေးတိုးရောဂါတို့လို အန္တရာယ်ကြီးရဲ့ရောဂါတွေဖြစ်ဖို့ အခွင့်ပိုမိုပါတယ်။ ဆေးထဲမှာ နီကိုတင်းဓာတ် ပါဝင်တာကြောင့် ဆေးစွဲမှုဖြစ်ရတာ ဖြစ်ပါတယ်။ အရွယ်မရောက်မီ ဆေးသုံးစွဲခြင်းဟာ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပါတယ်။ မည်သည့်အိမ်မှာမဆို ဆေးလိပ်သောက်သူတစ်ဦး ရှိတယ်ဆိုရင် ကျန်မိသားစုဝင်အားလုံးကို ဆေးလိပ်မသောက်ဖို့ ကြိုးပမ်းနေကြဆဲဖြစ်တယ်ဆိုတာကို ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့မြင်ကြရပါတယ်။ သူ့ရဲ့ကြိုးပမ်းမှုဟာ မိသားစုဝင်တွေ ဆေးလိပ် မသောက်ကြဖို့ ဖြစ်ပါတယ်။ သူဟာ ဆေးလိပ် ဒါမှမဟုတ် ဆေးရွက်ကြီးဟာ ခန္ဓာကိုယ်အတွက် များစွာ ထိခိုက်စေတယ်ဆိုတာကို သိရှိထားပါတယ်။ ငယ်ရွယ်သူ မျိုးဆက်ဟာ ကျနိုပ်တို့နိုင်ငံရဲ့ အနာဂတ် ဖြစ်ပါတယ်။ ဒါကြောင့် ဆိုးကျိုးဖြစ်စေမယ့် အလေ့အကျင့်တွေကို မိမိတို့ရဲ့ လူ့ဘောင်အဖွဲ့အစည်းအတွင်း အမြစ်မတွယ်စေဖို့ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ဆေးစွဲနေသူတွေအားလုံးကို ဆေးဖြတ်ကြဖို့ တိုက်တွန်းလိုပါတယ်။ ကျန်းမာတဲ့ အိန္ဒိယနိုင်ငံတော်ကြီးကို ကျနော်တို့အားလုံး ထူထောင်ကြပါစို့။

လေးစားအပ်ပါသော ညီအကို မောင်နှမအပေါင်းတို့

ကျနော်တို့ရဲ့ အိန္ဒိယ အမိနိုင်ငံတော်ကြီးဟာ ကောင်းချီးဆုလာဘ်တွေ ပြည့်နက်နေပြီး သားကောင်းရတနာများစွာတို့ မွေးဖွားပေးရာ ဘူမိနက်သန်ဖြစ်ပါတယ်။ အခြားသူတွေရဲ့ဘဝကို အလုပ်အကြွေးပြုဖို့ ဘဝကို ရင်းခဲ့ကြသူတွေ အများအပြားရှိကြပါတယ်။ ပုသ်ရဟန်းမင်းကြီး Francis ဟာ အောက်တိုဘာ ၁၃ ရက်နေ့မှာ Vatican မြို့မှာ Sister MariamThresia ကို သူတော်စင်တစ်ဦးအဖြစ် ကြေညာသွားမှာဖြစ်ပါတယ်။ မာသာ Thresia ရဲ့ နှစ်ပေါင်း ၅၀ ကြာ ဘဝအသက်တာမှာ လူသားကောင်းကျိုးတွေအတွက် ပညာရေးနှင့် လူမှုဝန်ဆောင်ရေး နယ်ပယ်တွေမှာ လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ဘဝတလျှောက်လုံး  စာသင်ကျောင်းတွေ၊ အဆောင်တွေနှင့် မိဘမဲ့ ဂေဟာအများအပြား တည်ဆောက်ခဲ့ပြီး အဲဒီအတွက် လေးစားမှု ခံယူနေရဆဲ ဖြစ်ပါတယ်။ သူမရဲ့ အတွေးအခေါ်နှင့် လုပ်ဆောင်ချက်တွေဟာ လမ်းကြောင်းအတိုင်း ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါတယ်။ မာသာ Thresia ကို ကျနော့်နှလုံးသားနေ ထပ်မံ ဂုဏ်ပြုလိုက်ပြီး အိန္ဒိယနိုင်ငံသားတွေကိုလည်း အထူးသဖြင့် ခရစ်ယာန် ညီအကို မောင်နှမတွေကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

နိုင်ငံသား အပေါင်းတို့ခင်ဗျာ

အောက်တိုဘာလ ၂ ရက်နေ့ ဂန္ဒီကြီး မွေးနေ့မှာ တခါသုံး ပလစတစ် အန္တရာယ်ကနေလွတ်မြောက်ဖို့ စည်းရုံးလှုံ့ဆော်ပွဲကြီးမှာ သင်တို့လည်း တစိတ်တပိုင်း ပါဝင်ကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ နိုင်ငံသားတွေကလည်း ကိုယ့်နည်းကိုယ့်ဟန်နှင့် ပါဝင်လုပ်ဆောင်နေကြပါတယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံက လူငယ်တစ်ဦးဟာ တမူထူးခြားတဲ့ လှုံ့ဆော်မှုတစ်ရပ် စတင်လုပ်ကိုင်နေပါတယ်။

သူ့အလုပ်တွေက ကျနော့်အာရုံကို ဆွဲဆောင် ဖမ်းစားခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ဖုန်းနှင့်ဆက်သွယ် ပြောဆိုပြီး သူလုပ်နေတဲ့ အတွေ့အကြုံသစ်တွေကို သိရှိနားလည်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ သူ့နာမည်ကတော့ Ripudaman Belviji ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ကြိုးပမ်းမှုကတော့ အိန္ဒိယနိုင်ငံ ကျန်းမာဖို့ အောက်တိုဘာလ ၂ ရက်နေ့မှာ နိုင်ငံတဝှမ်း ၂ ကီလိုမီတာ ပြေးကြဖို့ အားကစား ဝန်ကြီးဌာနက စည်းရုံးလှုံ့ဆော်လျှက်ရှိပါတယ်။

နိုင်ငံသား အပေါင်းတို့ခင်ဗျာ

အိန္ဒိယနိုင်ငံအတွင်း မတူကွဲပြားမှုအသီးသီးတို့နှင့် လာမယ့်ရာသီတွေမှာ ပွဲတော်အသီးသီးတို့ကို အကောင်းဆုံး ကျင်းပနိုင်ကြဖို့ ကျနော် ထပ်မံ ဆန္ဒမွန်ပြုလိုက်ပါတယ်။ ဒေဝါလီ ပွဲတော် ကျင်းပရာမှာလည်း ဗျောက်ဖောက်တာတွေဟာ မီလောင်မှုတွေ ဒါမှမဟုတ် အသက်ဆုံးရှုံးရမှုတွေ မဖြစ်တာကို တွေ့မြင်ကြစေလိုပါတယ်။ ပွဲတော်ကာလအတွင်း ကြိုတင်ပြင်ဆင် ဂရိုစိုက်မှုတွေ လုပ်ဆောင်ထားကြသင့်ပါတယ်။  အတူတကွနှင့် အနှစ်သာရရှိတဲ့ လုပ်ဆောင်မှုတွေနှင့် ကျင်းပသွားကြပါစို့။ သင်တို့အားလုံး ဝမ်မြောက်ရွှင်လမ်းကြပါစေလို့ ဒီမှာထပ်ပြီး ဆန္ဒမွန် ပြုလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။