Modi-Xi တွေ့ဆုံဆွေးနွေးပွဲ – ဖွံ့ဖြိုးရေးရာ ပူးပေါင်းလုပ်ဆောင်မှုကို ထပ်မံဖော်ပြလိုက်ခြင်း

သောတရှင်များရှင် ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် JNU တက္ကသိုလ်မှ အရှေ့အာရှဒေသ လေ့လာရေးဌာန ဥက္ကဌ Prof. Srikanth Kondapalli ဝေဖန်ရေးသားပေးပို့ထားတဲ့ “Modi-Xi တွေ့ဆုံဆွေးနွေးပွဲဖွံ့ဖြိုးရေးရာ ပူးပေါင်းလုပ်ဆောင်မှုကို ထပ်မံဖော်ပြလိုက်ခြင်းအကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အိန္ဒိယဝန်ကြီးချုပ် Mr. Narendra Modi သည် တရုတ်နိုင်ငံသမ္မတ Mr. Xi Jinping ကို Mamallapuram မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ အဆိုပါ အလွတ်သဘော ထိပ်သီးအစည်းအဝေးသည် စိုးရိမ်ပူပန်မှုဆိုင်ရာ ကိစ္စများနှင့် ဆွေးနွေးမှုရလဒ်အရ အလွန်ကောင်းမွန်စွာ ဖြစ်ပွားခဲ့ပါတယ်။ ဤသည်မှာ ကမ္ဘာလုံးနှင့် ဒေသဆိုင်ရာ အခြေအနေများအကြား နိုင်ငံ အပြန်အလှန် ဆက်ဆံရေးတည်ငြိမ်ပြီး တိုးချဲ့နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ 

အာရှတိုက်ရှိတပြိုင်တည်း မြင့်တင်နေသောနိုင်ငံများမှ ခေါင်းဆောင် ဦးစလုံးတို့အကြား ဒုတိယအကြိမ် အလွတ်သဘော ထိပ်သီးအစည်းအဝေးကို Chennai မြို့အနီး လွန်ခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဖြစ်ပွားခဲ့ပါတယ်။ ပထမနေ့တွင် ကြီးမားသော မဟာဗျူဟာဆိုင်ရာ ပြဿနာများ၊ အရပ်ဖက်ဆိုင်ရာ ဆက်သွယ်မှုနှင့် အမျိုးသားဖွံ့ဖြိုးမှု လမ်းကြောင်းများ၊ ကုန်သွယ်ရေးနှင့် အကြမ်းဖက်မှုအကြောင်း လုံခြုံရေးဆိုင်ရာ စိုးရိမ်မှု စသောအချက်များကို ဆွေးနွေးခဲ့ပါတယ်။ ဒုတိယနေ့တွင် အပြန်အလှန်ဆက်ဆံရေးဆိုင်ရာ အချက်များဖြစ်ကြသော နယ်စပ်ဒေသ တည်ငြိမ်ရေး၊ အကြမ်းဖက်မှု၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်သူများ တဦးနှင့်တဦး ဆက်ဆံရေး စသောအချက်များကို ဆွေးနွေးခဲ့ပါတယ်။

Mamallapuram ဘုရားကျောင်းသို့ သွားရောက်ခြင်းနှင့် Mr. Modi ရဲ့ ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှု ရှင်းလင်းချက်၊ Pallava မင်းဆက်အကြောင်းကို တရုတ်ခေါင်းဆောင်က အလွန် စိတ်ဝင်စားခဲ့ပါတယ်။ မကြာသေးမီက Beijing အစိုးရသည် အာရှယဉ်ကျေးမှု ဆွေးနွေးပွဲကို စီစဉ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်ဆိုင်ရာ ပိုးလမ်းမ အစပျိုးလုပ်ဆောင်ချက် ထိပ်သီးညီလာခံလို အစည်းအဝေးသို့ အိန္ဒိယနိုင်ငံက မတက်ရောက်ခဲ့သော်လည်း ၎င်းနှင့်ပတ်သက်၍ အပြုသဘောဆောင်သော ရလဒ်အချို့ကို ရရှိခဲ့ပါတယ်။

နိုင်ငံကြားရှိ ပြဿနာများကို ခေါင်းဆောင် ဦးစလုံးက ပွင့်လင်းစွာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ Kashmir ပြဿနာကိုတော့ ဆွေးနွေးမှု၌ မပါဝင်ခဲ့ဟု အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် Mr. Vijay Gokhale က ပြတ်ပြတ်သားသား ဖော်ပြခဲ့ပါတယ်။ ထို့အပြင် မကြာသေးမီက နယူးယောက်မြို့ရှိ နိုင်ငံခြားရေး ဝန်ကြီးများအဆင့် အစည်းအဝေးတွင် လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုကို မြှင့်တင်ခြင်းနှင့်ပတ်သက်၍ တရုတ်ဘက်မှ ဖော်ပြခြင်းလည်း မရှိခဲ့ပါ။ မည်သို့ပင်ဆိုစေကာမူ ကုန်သွယ်မှုတန်ဖိုးကွင်းဆက်တွင် ကမ္ဘာကြီး၏ မရေမရာမှု၊ စီးပွားရေး တိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စီးဆင်းမှု အားနည်းချက်များကြောင့် ဝန်ကြီးချုပ် Mr. Modi နှင့် Mr. Xi တို့သည် ဦး ဖက် အကျိုးစီးပွားအတွက် အတူတကွလုပ်ကိုင်ရန် သဘောတူညီခဲ့ပါတယ်။ အစဉ်အလာအရ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် ဘက်စုံ အရေးကိစ္စ ခုနှင့် ကမ္ဘာ့ရွာဖြစ်တည်လာမှုတို့ကို တိုးမြှင့်ခြင်းအပေါ် အားပေးလျှက်ရှိပါတယ်။

ခေါင်းဆောင် ဦးစလုံးတို့ ကျယ်ပြန့်စွာ အချက် ၁၇ ချက်တို့အပေါ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် Mr. Vijay Gokhale က ပြောဆိုခဲ့ပါတယ်။ ဝူဟန် ထိပ်သီးအစည်းအဝေး၌ မဟာဗျူဟာမြောက် ဆက်သွယ်ရေး၊ နယ်စပ်ဒေသ လုံခြုံရေး၊ ကုန်သွယ်ရေး အလိုပြမှု ပေါင်းကူးပေးရေး၊ အာဖကန်နစ္စတန်န်ိုငငံတွင် ပူးတွဲစီမံကိန်းများ ဆောင်ရွက်ခြင်းနှင့် ပြည်သူလူထုချင်း အဆက်အသွယ် တိုးမြှင့်ခြင်း စသော အချက် ချက်တို့အပေါ် အဓိကထား ဆွေးနွေးခဲ့ပါတယ်။

အာဖကန်နစ္စတန်မှအပ အဆိုပါအချက်များအပေါ် Mamallapuram ဆွေးနွေးမှု ပြန်လည် ဖြစ်ပွားခဲ့ပါတယ်။ အမေရိကန်က တာလီဘန်နှင့် မည်သည့် သဘောတူညီချက်မဆို လျစ်လျူရှုထားခဲ့မှုကြောင့် အာဖကန်နစ္စတန်ဆိုင်ရာ အချက်များကို ဆွေးနွေးမှု၌ မပါဝင်စေခဲ့ပါ။

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကိုဖြေရှင်းစေရန် အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီး မစ္စစ် Nirmala Sitharaman နှင့် တရုတ်နိုင်ငံ ဒုဝန်ကြီးချုပ် Mr. Hu Chunhua တို့ အဆင့်မြင့် ကော်မတီတစ်ခု ဖွဲ့စည်းစေရန် ပြောဆိုခဲ့ပါတယ်။ ကုန်သွယ်ရေး လိုငွေပြမှုသည် အငြင်းပွားဖွယ်ရာ ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့သောနှစ် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ရဲ့ နယူးဒေလီမြို့ ခရီးစဉ်အတွင်း ခရီးလှည့်လည်ရေး၊ လူငယ် နှီးနှောဖလှယ်ရေး၊ မီဒီယာနှင့် အကြံပေးအဖွဲ့ ဖိုရမ်များ၊ ပြတိုက် စီမံခန့်ခွဲရေး၊ တရုတ်ဘာသာစကား ဆရာများ စသော သဘောတူညီချက် ၁၀ ခုတို့အပေါ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

အလွတ်သဘော တွေ့ဆုံမှုသည် Tamil Nadu နှင့် Fujian ပြည်နယ်များအကြား ရေကြောင်း ဆက်သွယ်မှု တိုးချဲ့ခြင်းနှင့်အတူ ပြည်နယ် ခုစလုံးအကြား ဆက်ဆံရေးတိုးချဲ့စေရန် အကြံပြုခဲ့ပါတယ်။ 

Mr. Modi နှင့် Mr. Xi တို့၏ အလွတ်သဘော ထိပ်သီးအစည်းအဝေးသည် ခေါင်းဆောင်များအကြား အဆင်ပြေစေသော ပတ်ဝန်းကျင်ကို ဖန်တီးရန် ရည်ရွယ်ထားသည့်အလျောက် ရလဒ်ကောင်းများ ရရှိမှုကြောင့် ဒီအလေ့အကျင့်ကို အနာဂတ်၌ ဆက်လက်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်းစသဖြင့် ဆောင်းပါးရှင် Prof. Srikanth Kondapalli ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ရှင်။