“ကောင်းကင်ပေါ် အိန္ဒိယနိုင်ငံရဲ့ တက်ကြွဆုံးမျက်လုံး”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့်သိပ္ပံရေးရာ ဆန်းစစ်သူဆောင်းပါးရှင် Biman Basu ဝေဖန်ရေးသားပေးပို့ထားတဲ့ “ကောင်းကင်ပေါ် အိန္ဒိယနိုင်ငံရဲ့ တက်ကြွဆုံးမျက်လုံး” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အိန္ဒိယနိုင်ငံဟာ သူ့ရဲ့အထက်မြက်ဆုံးမျက်လုံးကို ကောင်းကင်ပေါ် အရှေ့ဘက်ကမ်းရိုးတန်းပေါ်ရှိတဲ့ Satish Dhawan အာကာသဗဟိုဌာနကနေ လွင့်တင်ခဲ့ပါတယ်။ ISRO ရဲ့ Polar ဂြိုလ်တုလွင့်တင်ယာဉ် PSLV-C47 ရဲ့ ၄၉ ကြိမ်မြောက်ပျံသန်းမှုမှာ အိန္ဒိယနိုင်ငံရဲ့ တတိယမျိုးဆက်ခေတ်မှီလှတဲ့ ကမ္ဘာ့မြေပြင် ဓါတ်ပုံရိုက်ယူခြင်းနဲ့ မြေပုံရေးဆွဲရေးဂြိုလ်တု Cartosat-3 ကို သယ်ဆောင်စေခဲ့ပြီး၊ Sun- Synchronous Polar Orbit ထဲ ဒုံးပျံလွင့်တင်လို့ (၁၇) မိနစ်အတွင်း ပစ်သွင်းခဲ့ပါတယ်။ Cartosat-3 ဟာ ISRO က ဂြိုလ်ပါတ်လမ်းကြောင်းထဲ ပစ်လွှတ်ခဲ့တဲ့ အဆင့်မြင့်ဆုံး ရည်မှန်းချက်ထားရှိတဲ့ အရပ်သားဂြိုလ်တုဖြစ်ပါတယ်။ ဂြိုလ်တုလွင့်တင်ဘို့အတွက် အသုံးပြုတဲ့ လွင့်တင်ယာဉ် PSLV – C47 ဟာ PSLV အတန်းအစားတွေထဲမှာ အင်အားအကြီးမားဆုံးဖြစ်ပြီး၊ အဆင့် (၆) ဆင့်ကို အသုံးပြုလေ့ရှိပါတယ်။ အဲဒီဒုံးပျံဟာ အမေရိကန်ပြည်ထောင်စုမှ ကုမ္ပဏီနှစ်ခုတို့ရဲ့ ဂြိုလ်တုငယ် (၁၃) လုံးကိုလည်း၊ အိန္ဒိယနိုင်ငံရဲ့ အာကာသဌာနရဲ့ New Space India Limited နဲ့ စီးပွားဖြစ်စီမံချက်တစိတ်တပိုင်းအရ သယ်ဆောင်သွားခဲ့ပါတယ်။ အဲဒီဂြိုလ်တုငယ်တွေကို မြေပြင်မှ ကီလိုမီတာ ၅၀၉ အမြင့်မှာ Cartosat-3 ကို စီမံထားတဲ့ ဂြိုလ်ပါတ်လမ်းကြောင်းထဲ ပစ်လွှတ်ပြီးတဲ့နောက် အာကာသထဲ ပစ်လွှတ်ခဲ့ပါတယ်။

ယခုအချိန်အထိ အိန္ဒိယအာကာသသုတေသနအဖွဲ့ကြီး ISRO ဟာ လွန်ခဲ့တဲ့ ၂၀၀၅ ခု မေလကစပြီး၊ Cartosat ဂြိုလ်တု (၈) လုံးလွင့်တင်ခဲ့ပြီးဖြစ်ပါတယ်။ Cartosat -1 အဖြစ် ဂြိုလ်တုတစ်လုံးနဲ့ Cartosat-2 အမျိုးအစားမှာ ဂြိုလ်တု (၇) လုံး လွင့်တင်ခဲ့ပြီးဖြစ်ပါတယ်။ သူတို့ရဲ့ Data စာရင်းအများစုမှာ အထူးသဖြင့် Cartosat-2 အမျိုးအစားရဲ့ နောက်ဆုံးဂြိုလ်တု (၄) လုံးတို့ရဲ့ Data စာရင်းတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အထူးသီးသန့်အသုံးပြုလျှက် ရှိကြပါတယ်။ အလေးချိန်အားဖြင့် ၁၆၂၅ ကီလိုဂရမ်ရှိတဲ့ Cartosat-3 ဟာ လွန်ခဲ့တဲ့ ဂြိုလ်တု (၈) လုံး စုစုပေါင်းထက် နှစ်ဆဖြစ်ပါတယ်။ နည်းပညာသစ်များစွာတို့ကို ထည့်သွင်းဆောက်လုပ်ထားပြီး၊ အထူးသဖြင့် အလွန်ဖြတ်လတ်ပြီး အမျိုးမျိုးအသုံးပြုနိုင်တဲ့ ကင်မရာ၊ အရှိန်မြင့်မားတဲ့ Data ပေးပို့မှု၊ ခေတ်မှီတိုးတက်တဲ့ ကွန်ပြူတာစံနစ်နဲ့ Electronics ဓါတ်အားသစ်တွေကို အသုံးပြုထားပါတယ်။

Cartosat-3 မစ်ရှင်ရဲ့ ထူးကဲတဲ့လက္ခဏာတွေကတော့ ပုဂ္ဂလိကပိုင်လုပ်ငန်းတွေရဲ့ ဂြိုလ်တုဆောက်တည်မှု၊ ပေါင်းစည်းမှုနဲ့ ဂြိုလ်တုတွေကို စမ်းသပ်ရာမှာ နီးကပ်စွာ ပါဝင်လုပ်ကိုင်ခဲ့ကြဒါဘဲဖြစ်ပါတယ်။ ISRO ဟာ သူတို့ရဲ့မျှော်လင့်ချက်ဖြစ်တဲ့ ယခုလိုပြုလုပ်ခြင်းဟာ ဂြိုလ်တုဖွံ့ဖြိုးရေးမှာ ပုဂ္ဂလိကလုပ်ငန်းတွေအတွက် လမ်းဖွင့်ပေးလိမ့်မယ်ဆိုဒါကို ထုတ်ဖော်ခဲ့ပါတယ်။ လက်ရှိအချိန်ကာလမှာ အဲဒီအေဂျင်စီက နှစ်စဉ်ဂြိုလ်တု (၁၂) လုံးမှ (၁၈) လုံးအထိ ထုတ်လုပ်ဘို့ ရည်မှန်းထားပါတယ်။ သတင်းတွေမှာ အောင်မြင်တဲ့ ရောင်းချသူတွေက ISRO ကလာတဲ့ သုံးနှစ်မျှသောကာလအတွင်း ဂြိုလ်တု (၃၆) လုံးတည်ဆောက်ဘို့ ရာထားဒါတွေထဲက (၂၇) လုံးကို စုပေါင်းလုပ်ကိုင်ထုတ်လုပ်ကြလိမ့်မယ်လို့ ဖေါ်ပြထားပါတယ်။

လွန်ခဲ့တဲ့ဗုဒ္ဓဟူးနေ့က အောင်မြင်မှုဟာ PSLV ဒုံးပျံရဲ့ မြင့်မားစွာယုံကြည်စိတ်ချနိုင်ဒါကို တခါပြန်ပြီး သရုပ်ပြခဲ့ဒါဖြစ်ပြီး၊ ဒီဒုံးပျံဟာ ISRO ရဲ့ အဓိကထမ်းဆောင်တဲ့အရာ ဖြစ်လာခဲ့ပါတယ်။ ယခုအချိန်အထိပြုလုပ်ခဲ့တဲ့ လွင့်တင်မှု (၄၉) ခုတို့မှာ ဒီဒုံးပျံက ယခုအချိန်အထိ နှစ်ကြိမ်သာမအောင်မြင်မှုကို ရင်ဆိုင်ခဲ့ရပြီး၊ ၎င်းရဲ့ ၁၉၉၃ ခုနှစ်က ပထမဦးဆုံးအကြိမ် သယ်ဆောင်ပျံသန်းမှုက မအောင်ဘဲ ဖြစ်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၇ ခု စက်တင်ဘာလမှာ PSLV က တိကျမှန်ကန်စွာ အလုပ်လုပ်ခဲ့ပြီး၊ အဲဒီပျံသန်းမှုက အထစ်အငေါ့မရှိဘဲ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ PSLV-C39 ရဲ့ အပူဓါတ်ဒိုင်းကြီးက ဂြိုလ်ပါတ်လမ်းကြောင်းထဲမရောက်မှီ ဖွင့်ဘို့ပျက်ကွက်ခဲ့ဒါမို့ IRNSS-1H ဂြိုလ်တုကို မပစ်လွှတ်နိုင်ခဲ့ပါဘူး။ PSLV ကို Chandrayaan-1 ခေါ် အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံးသော လကမ္ဘာသို့ မစ်ရှင်နဲ့ အင်္ဂါဂြိုလ်သို့ အင်္ဂါဂြိုလ်ပါတ်လမ်းကြောင်းမစ်ရှင်အတွက်လည်း အသုံးပြုခဲ့ကြပါတယ်။

ယခုအခါ ISRO ဟာ အိန္ဒိယမြေပေါ်မှ ပထမဦးဆုံးသော အိန္ဒိယနိုင်ငံသားကို အာကာသထဲစေလွှတ်ဘို့ အစွမ်းကုန် ကြိုးပမ်းနေပါတယ်။ ပထမဦးဆုံးသော အိန္ဒိယနိုင်ငံသားများအုပ်စုကို နိုင်ငံတော်ရဲ့ ၇၅ ကြိမ်မြောက် လွတ်လပ်ရေးနေ့မတိုင်မှီ ၂၀၂၂ ခုနှစ်မှာ ကမ္ဘာပါတ်လမ်းကြောင်း အနိမ့်ပိုင်းသို့ စေလွှတ်ဘို့ ကြိုးစားနေကြပါတယ်။ အတိတ်ကာလက အောင်မြင်မှုတသွယ်တတန်းနဲ့အတူ ISRO ဟာ သူတို့ရဲ့ ရည်မှန်းချက်ကို အောင်မြင်ဘို့အတွက် ရှေ့ရှုမျှော်လင့်နိုင်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Biman Basu ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။