“ဗိုလ်ချုပ်ကြီး Bajwa ရဲ့ ရာထူးသက်တမ်းတိုးခြင်းအပေါ် အငြင်းပွားဖွယ်များ”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံရေးဆန်းစစ်သူ ဆောင်းပါးရှင် Ashok Handoo ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဗိုလ်ချုပ်ကြီး Bajwa ရဲ့ ရာထူးသက်တမ်းတိုးခြင်းအပေါ် အငြင်းပွားဖွယ်များ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

လွန်ခဲ့တဲ့အင်္ဂါနေ့က ဖြစ်နေကျမဟုတ်တဲ့ လှုပ်ရှားမှုတခုအဖြစ် ပါကစ္စတန်တရားရုံးတော်ချုပ်ဟာ လွန်ခဲ့တဲ့ဩဂုတ်လ (၁၉) ရက်နေ့က ကြည်းတပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Qamar Javed Bajwa ရဲ့ ရာထူးသက်တမ်းကို နောက်ထပ်သုံးနှစ်တိုးမြှင့်လိုက်တဲ့ ထုတ်ပြန်ကြေငြာချက်ကို ရပ်ဆိုင်းထားလိုက်ပါတယ်။ အသက် (၅၉) နှစ်အရွယ်ရှိတဲ့ ဗိုလ်ချုပ်ကြီးဟာ ၂၈ ရက်နေ့ ညသန်းခေါင်အချိန်ကစပြီး၊ ကြည်းတပ်မတော်ဦးစီးချုပ်အဖြစ်မှ ပထမအကြိမ် အနားယူသွားရမယ်ဖြစ်ပါတယ်။ ဒါပေမဲ့ တရားရုံးတော်ချုပ်က နောက်ထပ်သက်တမ်း (၆) လသာ တိုးမြှင့်ပေးခဲ့ပြီး၊ ဒီအရေးကိစ္စနဲ့ပါတ်သက်ကာ ပါလီမန်လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်မယ်လို့ ဂတိပြုခဲ့ကြပါတယ်။

အဆိုပါအရေးကိစ္စဟာ နိုင်ငံအတွင်း အခြေအတင်းပြောဆိုမှုတွေပေါ်ပေါက်စေပြီး၊ တရားရုံးတော်ချုပ်မှာလည်း ဥပဒေရေးရာစစ်ပွဲတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ တရားသူကြီးချုပ် Asif Sayeed Khosa ဦးဆောင်တဲ့ တရားသူကြီး (၃) ဦးပါ တရားသူကြီးများအဖွဲ့ဟာ တရားဥပဒေနဲ့ အုပ်ချုပ်ရေးနည်းလမ်းအရ ယခုလိုရပ်တည်ခဲ့ဒါဖြစ်ပါတယ်။ အဆိုပါတရားသူကြီးများအဖွဲ့ဟာ ဒီဖြစ်စဉ်တခုလုံး “ဇောက်ထိုးမိုးမျှော်ဖြစ်နေတယ်လို့ တွေ့မြင်ပြီး၊ ဝန်ကြီးချုပ် Mr Imran Khan နဲ့ သမ္မတ Mr Arif Alvi တို့နှစ်ဦးစလုံးတို့အတွက် ကြီးမားတဲ့မျက်နှာပူစရာတွေ ဖြစ်စေခဲ့တယ်” လို့ ဖေါ်ပြထားပါတယ်။ အဲဒီတရားရုံးကြီးဟာ အဲဒီလိုကမ်းလှမ်းချက်မျိုးကို ဦးစွာပထမ ကက်ဘိနက်အဖွဲ့မှ အတည်ပြုချက်ရယူရလိမ့်မယ်လို့ ထောက်ပြခဲ့ပါတယ်။ အဲဒီနောက်မှသာလျင် ဝန်ကြီးချုပ်နဲ့ သမ္မတတို့က အရေးယူလုပ်ကိုင်နိုင်ကြမယ်ဖြစ်ပါတယ်။ သတင်းမီဒီယာတွေမှာ ထုတ်ဖေါ်ရေးသားချက်တွေက ဝန်ကြီးပေါင်း (၂၅) ဦးထဲက ဝန်ကြီး (၁၁) ဦးကသာ အဲဒီသက်တမ်းတိုးမြှင့်ဘို့ ထောက်ခံခဲ့ကြတယ်လို့ ဖေါ်ပြကြပါတယ်။ နောက်ပြီး တရားရုံးတော်ချုပ်က ကြည်းတပ်မတော်ရဲ့ စည်းမျဉ်းဥပဒေတွေထဲမှာ “တိုးမြှင့်ခြင်း” ဆိုတဲ့စကားလုံးမပါရှိဘဲ ကြည်းတပ်မတော်ဦးစီးချုပ်ရဲ့ ရာထူးသက်တမ်းနဲ့ပါတ်သက်ပြီး ဘယ်နေရာမှာမှ ပြတ်သားစွာဖေါ်ပြထားခြင်းမရှိဘူးလို့ ညွှန်ပြခဲ့ပါတယ်။

လျင်မြန်စွာအခြေအနေကို ထိန်းသိမ်းတဲ့အနေနဲ့ Mr Imran Khan ဟာ အရေးပေါ်ကက်ဘိနက် အစည်းအဝေးပွဲတရပ်ကို ဆင့်ခေါ်ခဲ့ပြီး သူ့ရဲ့ပထမထုတ်ပြန်ချက်အား ရုပ်သိမ်းပြီး၊ ပါကစ္စတန်နိုင်ငံ ကာကွယ်ရေး စည်းမျဉ်းဥပဒေတွေမှာ Extension သို့မဟုတ် တိုးမြှင့်ခြင်းဆိုတဲ့စကားလုံး ထည့်သွင်းပြင်ဆင်ပြီးတဲ့နောက် ထုတ်ပြန်ချက်သစ်ကို ကြေညာခဲ့ပါတယ်။ အစိုးရက ဗိုလ်ချုပ်ကြီး Bajwa ရဲ့ရာထူးသက်တမ်းတိုးမြှင့်ခြင်းဟာ “ဒေသပိုင်းဆိုင်ရာ ပါတ်ဝန်းကျင်လုံခြုံရေး” အတွက်ဖြစ်တယ်လို့ အကြောင်းပြပါတယ်။ ဒါပေမဲ့ ဒီအချက်ဟာ အမှန်တကယ်ဘဲ ဗိုလ်ချုပ်ကြီးရဲ့ ရာထူးသက်တမ်းကို (၃) နှစ်အပြည့် တိုးမြှင့်ခြင်းရဲ့ အကြောင်းရင်းဖြစ်ပါသလားဆိုတဲ့မေးခွန်းတွေ ပေါ်ထွက်နေပါတယ်။ ဘယ်တုံးကမှ ပါကစ္စတန်တရားရုံးတော်ချုပ်ဟာ ယခုလိုနိုင်ငံရဲ့ ကြည်းတပ်ကိုဆန့်ကျင်ပြီး ပြုမူခြင်းမရှိခဲ့ပါဘူး။ အတိတ်ကာလက တရားရုံးတော်ချုပ်ဟာ ထပ်ခါတလဲလဲဖြစ်တဲ့ စစ်တပ်ကအာဏာသိမ်းမှုတွေကို အတည်ပြုခဲ့ပြီး၊ ယခုလို စစ်တပ်က ကြားဝင်စွက်ဖက်ရဒါက အရပ်သားအစိုးရတို့က နိုင်ငံအတွက် အကျိုးဆောင်ဘို့ ပျက်ကွက်ခဲ့ဒါကြောင့် လိုအပ်ခဲ့ဒါဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

9/11 အရေးအခင်းဖြစ်ပွားလို့မကြာမှီမှာဘဲ တရားရုံးတော်ချုပ်ဟာ ဗိုလ်ချုပ်ကြီး Musharraf ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အပိုလှုပ်ရှားမှုတွေကို ထောက်ခံခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးကို ရွေးကောက်ပွဲကျင်းပဘို့ အချိန် (၃) နှစ်ပေးခဲ့ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြင်ဆင်စေခဲ့ပါတယ်။ အဲဒီလိုနဲ့ အင်အားကြီးမားတဲ့စစ်တပ်ကအုပ်ချုပ်တဲ့ ပါကစ္စတန်နိုင်ငံဟာ နိုင်ငံရဲ့သက်တမ်းထက်ဝက်လောက် စစ်တပ်အုပ်ချုပ်ရေးအောက်ရှိနေခဲ့ပြီး၊ လုံခြုံရေးနဲ့ နိုင်ငံခြားရေး အကြောင်းကိစ္စတွေအပေါ် အလွန်ဘဲ လွှမ်းမိုးမှု ရရှိခဲ့ပါတယ်။ တရားရုံးတော်ချုပ်ရဲ့ အမိန့်တော်ပိုပြီးအရေးကြီးဒါကတော့ ထုတ်ပြန်ခဲ့တဲ့ ကြေငြာစာတမ်းကို ရပ်ဆိုင်းစေဒါဘဲဖြစ်ပါတယ်။ တရားရုံးတော်ချုပ်ဟာ အတိတ်ကအဖြစ်အပျက်တွေကြောင့် စိုးရိမ်မကင်းဖြစ်ကြပြီး၊ အရပ်ကဗိုလ်ချုပ်ကြီး (၅) ဦးသို့မဟုတ် (၆) ဦးတို့ဟာ မိမိတို့ကိုယ်တိုင် သက်တမ်းတိုးခဲ့ကြပါတယ်။ အဲဒီဖြစ်ရပ်က လက်ရှိအခြေအနေကို ကန့်ကွက်ပြီး၊ ဒီလိုအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ပေါ်သင့်ဘူးလို့ ဖေါ်ပြခဲ့ပါတယ်။

တရားဥပဒေရေးရာတွေကို တဖက်ထားပြီး လေ့လာသုံးသပ်ကြသူတို့ဟာ မကြာသေးမှီသော တရားသူကြီးနှစ်ဦးနဲ့ပါတ်သက်ပြီး ရေတွက်ဖေါ်ပြထားခြင်းမရှိတဲ့ငွေကြေးနဲ့ပါတ်သက်တဲ့ မှတ်ချက်ချ ဖေါ်ပြခဲ့ဒါကို တုန့်ပြန်တဲ့အနေနဲ့ တရားရုံးက ဝန်ကြီးချုပ်ရုံးရဲ့လုပ်ငန်းစဉ်မှာ ဝင်ရောက်မွှေနှောက်နေဒါလားလို့ စဉ်းစားမိကြပါတယ်။ တရားဥပဒေရေးရာအသိုင်းအဝိုင်းက တရားသူကြီးတွေခန့်အပ်ရေးမှာ အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့် အလွန်ဘဲ စိတ်မချမ်းမသာဖြစ်ခဲ့ကြပါတယ်။ The Bar ကောင်စီက သက်တမ်းတိုးဒါကိုဆန့်ကျင်ပြီး ရှေ့အပါတ်မှာ သပိတ်မှောက်ဘို့ ဆော်ဩထားပါတယ်။ နိုင်ငံရေးပါတီများစွာတို့ကလည်း ရာထူးသက်တမ်းတိုးမြှင့်ခြင်းကို ဆန့်ကျင်ကြပါတယ်။ တိုက်ဆိုင်သလိုဘဲ ဗိုလ်ချုပ်ကြီး Musharraf အပေါ် နိုင်ငံတော်သစ္စာဖေါက်မှုနဲ့ တရားစွဲဆိုထားဒါကို အထူးတရားရုံးတခုမှာ လာမဲ့ ဒီဇင်ဘာလ (၅) ရက်နေ့ကစပြီး နေ့စဉ် ကြားနာစစ်ဆေးသွားလိမ့်မယ်ဖြစ်ပါတယ်။ တချို့တွေကတော့ ယခုလိုဖြစ်နေဒါအားလုံးဟာ Mr Imran Khan ရဲ့အစိုးရကြောင့်သာဖြစ်ပြီး ဒီအစိုးရက စစ်တပ်ကို ရောင်းချခံရပြီးဖြစ်ကာ ရွေးချယ်တင်မြောက်ခံရတဲ့အစိုးရအစား မိမိကိုယ်ကို အရွေးအချယ်ခံရသူတဦးအဖြစ် အစဉ်အလာ ထိန်းသိမ်းလိုဒါကြောင့်ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ သူတို့တတွေက ဗိုလ်ချုပ်ကြီးရဲ့ ရာထူးသက်တမ်းကို (၃) နှစ်တိုးမြှင့်ဒါက Mr Khan က စစ်တပ်ကို ကျေးဇူးတင်ရှိကြောင်းကို ဖေါ်ပြဒါဘဲဖြစ်တယ်လို့ ဆိုကြပါတယ်။ အမှန်တကယ်ဆိုရရင် ဥပဒေရေးရာဝန်ကြီး Mr Farogh Naseem ဟာ တရားရုံးတော်ချုပ်က ယခုသီအိုရီကို ထောက်ခံတဲ့အနေနဲ့သာ အစိုးရကို ကိုယ်စားပြုဘို့ အမိန့်ချမှတ်လိုက်ဒါနဲ့ ရာထူးမှ နှုတ်ထွက်လိုက်ပါတယ်။ ဒီအချက်ဟာ အကျိုးဖြစ်စေသလားဆိုဒါ မသေချာပေမဲ့ ဒီအဖြစ်အပျက်က အစိုးရရဲ့ နိုင်ငံရဲ့ အရေးကိစ္စတွေကို ကိုင်တွယ်ရာမှာ မရင့်ကျက်တာကို ဖေါ်ပြလိုက်ဒါဘဲဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းဒါကတော့ Peshawar တရားရုံးမှာ ဗိုလ်ချုပ်ကြီးရဲ့ရာထူးသက်တမ်းတိုးဒါကို ဆန့်ကျင်တဲ့အယူခံဝင်မှုတခု တင်သွင်းဒါဘဲဖြစ်ပါတယ်။ အဲဒီလျှောက်ထားချက်မှာ ဗိုလ်ချုပ်ကြီး Bajwa ဟာ Ahmadi တဦးဖြစ်ပြီး အဲဒီလူမျိုးစုဟာ Islam ဘာသာမှာ မူစလင်တွေမဟုတ်ကြဘူးလို့ ကြေငြာခဲ့တဲ့နောက်ပိုင်း တရားစွဲဆိုခံရမဲ့ လူမျိုးစုဝင်ဖြစ်တယ်လို့ အကြောင်းပြထားကြပါတယ်။ တရားရုံးတော်ချုပ်က ဘယ်လိုအမြင်နဲ့ သုံးသပ်ဆုံးဖြတ်မလဲဆိုဒါကို စောင့်ကြည့်ရမယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Ashok Handoo ဝေဖန်ရေးသားထားဒါကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။