“အိန္ဒိယ-ဂျပန် ပထမ ၂+၂ ဝန်ကြီးအဆင့်တွေ့ဆုံပွဲ”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Suman Sharma ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-ဂျပန် ပထမ ၂+၂ ဝန်ကြီးအဆင့်တွေ့ဆုံပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

ပထမအကြိမ် အိန္ဒိယ-ဂျပန် ၂+၂ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွေကို New Delhi မြို့မှာကျင်းပခဲ့ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr Toshimitsu Motegi နဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီး Mr Taro Kono တို့ဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar နဲ့ ကာကွယ်ရေးဝန်ကြီး Mr Rajnath Singh တို့နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ အဲဒီ ၂+၂ တွေ့ဆုံပွဲဟာ အပြန်အလှန်ဆက်ဆံမှုနဲ့ ကာကွယ်ရေးနဲ့ နည်းဗျူဟာကျ ဆက်ဆံမှုတွေအား နက်ရှိုင်းစေမှုကို တိုးမြှင့်လုပ်ကိုင်ကြဒါကို ထင်ရှားစေဒါဘဲဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်ကတည်းကတည်ရှိနေတဲ့ Indo-Japan နည်းဗျူဟာကျ ဆက်ဆံမှုတွေကို ပူးတွဲအမှုဆောင်အုပ်စုတွေအကြား အရာရှိတွေအဆင့်မှာ ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ သက္ကရာဇ် ၂၀၁၀ ခုနှစ်ကစပြီး၊ အတွင်းဝန်အဆင့်မှာ ကျင်းပခဲ့ကြပြီး၊ ယခုအခါမှာတော့ ဝန်ကြီးများအဆင့်သို့ မြှင့်တင်လိုက်တာဘဲဖြစ်ပါတယ်။

ယခုလို နှစ်နိုင်ငံအပြန်အလှန်တွေ့ဆုံပွဲတွေ ဝန်ကြီးချုပ်ဟောင်း Mr A B Vajpayee သက်တမ်းကာလနဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း Mr Yoshiro Mori ရဲ့သက်တမ်းကာလအတွင်း သက္ကရာဇ် ၂၀၀၀ မှ ၂၀၀၁ ခုနှစ်တွေမှာ ပထမအကြိမ် ကမ်းလှမ်းခဲ့ဒါဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း အဲဒီအရှိန်အဟုန်ဟာ တဖြေးဖြေး ဆောက်တည်လာခဲ့ပါတယ်။

ပူးတွဲထုတ်ပြန်ချက်တခုမှာ New Delhi နဲ့ Tokyo အစိုးရတို့ဟာ ပါကစ္စတန်နိုင်ငံ အပြင်ဘက်မှာလှုပ်ရှားနေကြတဲ့ အကြမ်းဖက်သမားတွေက ဒေသပိုင်းနဲ့ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက် ကြီးမားတဲ့အန္တရာယ်တွေကို ဖန်တီးနေကြတယ်လို့ ဖေါ်ပြထားပါတယ်။ နောက်ပြီး အဲဒီကြေငြာစာတမ်းမှာ မြောက်ကိုးရီးယားနိုင်ငံအား ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပြဋ္ဌာန်းချက် (UNSCRs) မှာ ဖေါ်ပြထားတဲ့အတိုင်း သူတို့ရဲ့ လူအများ အစုလိုက်သေကြေပျက်စီးစေနိုင်တဲ့ လက်နက်ကိရိယာအားလုံးနဲ့ လမ်းညွှန်ထိမှန်စေနိုင်တဲ့ ဒုံးကျည်အတန်းအစားအားလုံးတို့ကို ဖျက်ဆီးဘို့ တောင်းဆိုထားကြပါတယ်။ ယခု ၂+၂ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲဟာ ယခုလနှောင်းပိုင်းမှာကျင်းပဖို့ရှိတဲ့ အင်ဒို-ဂျပန်ပါတ်လည်ထိပ်သီးညီလာခံအတွက် ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr Shinzo Abe ရဲ့ခရီးစဉ်အတွက် ကြိုတင်စီမံတဲ့ အစည်းအဝေးအဖြစ် ပေါ်ပေါက်ခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်က အိန္ဒိယကြည်းတပ်မတော်နဲ့ ဂျပန်နိုင်ငံရဲ့ ကုန်းမြေတပ်ဖွဲ့တွေဟာ ပထမဦးဆုံးအကြိမ် ပူးတွဲလေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီလေ့ကျင့်ခန်းတွေက အကြမ်းဖက်ဝါဒ ရင်ဆိုင်တိုက်ဖျက်ရေးနဲ့ သက်ဆိုင်ပါတယ်။ လေတပ်မတော်အချင်းချင်း ပူးတွဲစစ်ရေးလေ့ကျင့်ဘို့ ဆွေးနွေးပွဲတွေ ပြုလုပ်နေကြပါတယ်။ ဒီအကြောင်းကိုလည်း ၂+၂ ဝန်ကြီးအဆင့် တွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါတိုက်လေယာဉ်လေ့ကျင့်မှုတွေကို မကြာခင် တွေ့မြင်ကြရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဂျပန်နိုင်ငံမှာ ၂+၂ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွေဟာ နိုင်ငံပေါင်း (၆) နိုင်ငံနဲ့ ရှိနေပြီး၊ အိန္ဒိယနိုင်ငံဟာ ဒီပုံစံကို အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန် နှစ်နိုင်ငံတို့နဲ့သာ ကျင်းပလေ့ရှိပါတယ်။ ဒါပေမဲ့ ယခုနှစ် စက်တင်ဘာလအတွင်းက ကုလသမဂ္ဂအထွေထွေညီလာခံကြီးရဲ့ ကြားကာလမှာ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဂျပန်နဲ့ ဩစတြေးလျား နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ပထမဦးဆုံးအကြိမ်အဖြစ် New York မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အင်ဒို-ဂျပန် ဆက်ဆံရေးဟာ ပရိုဂျက်ပေါင်းများစွာတို့နဲ့အတူ ကြီးထွားလာနေကြပါတယ်။ ဥပမာအားဖြင့် အလွန်မြန်ဆန်တဲ့ရထားများ ပရိုဂျက်တွေလည်း အကောင်အထည်ဖော်နေကြပါတယ်။ နောက်ပြီး များစွာသောကာကွယ်ရေးပရိုဂျက်တွေကို စတင်ဘို့လည်းရှိနေပါတယ်။ ၂+၂ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲတွေမှာ နှစ်ဖက်စလုံးတို့ဟာ Acquisition and Cross-Servicing Agreement (ACSA) နဲ့ပါတ်သက်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေအား စောလျင်စွာအဆုံးသတ်ဘို့ လိုလားတဲ့သဘောဆန္ဒကို ဖေါ်ပြခဲ့ကြပါတယ်။ အဲဒီသဘောတူစာချုပ်ဟာ နှစ်နိုင်ငံအကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်စေလိမ့်မယ်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှ ညှိနှိုင်းစေ့စပ်ပေးရေးအရာရှိတဦးကို ၂၀၁၈ ခုနှစ်မှာ အိန္ဒိယနိုင်ငံက စတင်ခဲ့တဲ့ Gurugram မြို့အခြေစိုက် Information Fusion Centre-Indian Ocean Region (IFC-IOR) ဌာနမှာ ခန့်အပ် တာဝန်ထမ်းဆောင်စေကြမယ်ဖြစ်ပါတယ်။

အဆိုပါ ၂+၂ ဝန်ကြီးအဆင့် တွေ့ဆုံဆွေးနွေးပွဲတွေမှာ လေးထောင့်လေးဘက်ရှိသော ကာကွယ်ရေးနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာရှိနေပြီး၊ ဒီဆွေးနွေးပွဲတွေကို ၂၀၁၀ ခုနှစ်မှာ စတင်ခဲ့ဒါဖြစ်ပါတယ်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွေမှာ robotics နဲ့ လူမပါသော မြေပြင်ယာဉ်စတဲ့ နည်းပညာတွေကို မျှဝေယူမှုအား တိုးတက်ထွန်းကားစေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ DRDO ခေါ် ကာကွယ်ရေးသုတေသန ဖွံ့ဖြိုးမှုဌာနက ဂျပန်နိုင်ငံဘက်မှ အလားတူဌာနနဲ့ ကျယ်ပြန့်တဲ့အရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်လျှက်ရှိနေပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Suman Sharma ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။