“အီရန်ဆန့်ကျင်ကန့်ကွက်မှုများက ပင်လယ်ကွေ့ဒေသအား တုန်လှုပ်စေခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Asif Shuja ဝေဖန်ရေးသားပေးပို့ထားတဲ့ “အီရန်ဆန့်ကျင်ကန့်ကွက်မှုများက ပင်လယ်ကွေ့ဒေသအား တုန်လှုပ်စေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

လွန်ခဲ့တဲ့လက အီရန်အစိုးရဟာ မိမိတို့နိုင်ငံရဲ့ အဆင်းရဲဆုံးပြည်သူတို့ကို ကူညီထောက်ပံ့ဘို့ရာ အပိုငွေရှာဖွေတဲ့အနေနဲ့ ဓါတ်ဆီရဲ့ ကျိုးကြောင်းဆက်နွယ်မှုတွေကိုပြုလုပ်လိမ့်မယ်လို့ ကြေငြာလိုက်ပါတယ်။ ယခုလို ရေနံကြွယ်ဝတဲ့နိုင်ငံအစိုးရက ရုတ်တရက်ကြေငြာလိုက်ဒါမို့ ရေနံဈေးနှုန်းတွေ အတော်အတန် မြင့်တက်လာခဲ့ပြီး ပြည်သူတို့ရဲ့ဆန္ဒပြမှုတွေ ပေါက်ပွားစေခဲ့ကာ၊ လျင်မြန်စွာဘဲ မြို့ပေါင်းများစွာကို ကူးဆက်ပြန့်ပွားခဲ့ပါတယ်။ အဲဒီဆန့်ကျင်ဆန္ဒပြမှုတွေက နိုင်ငံရေးမငြိမ်မသက်ဖြစ်မှုတခုအသွင် ပြောင်းခဲ့ပြီး၊ အစိုးရရဲ့ တည်တံ့မှုအတွက် ကြီးမားတဲ့စိန်ခေါ်မှုကို ဖန်တီးခဲ့ပါတယ်။

အီရန်အာဏာပိုင်တွေက ယခုလို မငြိမ်မသက်ဖြစ်ရမှုအတွက် ပြည်ပြေးအတိုက်အခံအုပ်စုနဲ့ ၎င်းရဲ့ နိုင်ငံခြားရန်သူတွေကို အပြစ်တင်ခဲ့ပြီး၊ ထိုက်တန်သလို တုန့်ပြန်ခဲ့ပါတယ်။ သူတို့ဟာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ မပြန့်ပွားစေဘို့အတွက် Internet ကို လုံးဝနီးပါး ပိတ်ထားလိုက်ပါတယ်။ Iranian Revolutionary Guards Corp (IRGC) ဦးစီးချုပ်ရဲ့ ဖေါ်ပြချက်အရ၊ အီရန်နိုင်ငံရဲ့ရန်သူတွေရဲ့ ယခုလို မငြိမ်မသက်ပြုမှုတွေမှ ရည်မှန်းချက်က ဒီအစ္စလာမစ်သမ္မတနိုင်ငံတည်ရှိရေးအပေါ် အန္တရာယ်ကျရောက်စေဘို့သာဖြစ်တယ်လို့ သိရှိရပါတယ်။

အီရန်နိုင်ငံက အဲဒီမငြိမ်မသက်ဖြစ်မှုတွေမှာ သေဆုံးသူတွေနဲ့ပါတ်သက်ပြီး ဘယ်လိုတရားဝင်ကြေငြာချက်မျှမပြုလုပ်ခဲ့ပေမဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက အဲဒီဆန့်ကျင်ဆန္ဒပြပွဲတွေမှာ အနည်းဆုံးလူပေါင်း (၂၀၈) ဦးခန့် သေဆုံးခဲ့ကြဒါကို မှတ်တမ်းတင်ထားတယ်လို့ ဖေါ်ပြလိုက်ပါတယ်။ သတင်းတွေမှာဖေါ်ပြချက်အရ လက်ရှိဆန့်ကျင်ဆန္ဒပြပွဲတွေ အချိန်ကာလမှာ လူပေါင်း ၂၀၀၀ ကျော် ဒါဏ်ရာရရှိခဲ့ကြပြီး၊ အီရန်လုံခြုံရေးတပ်ဖွဲ့တွေက လူပေါင်း (၇၀၀၀) ခန့်ကို ထိန်းသိမ်းထားကြတယ်လို့ သိရှိရပါတယ်။

အရေအတွက်ကိုမဖေါ်ပြဘဲ၊ အီရန်သတင်းမီဒီယာဟာ လုံခြုံရေးတပ်ဖွဲ့တွေက တချို့သောဆန့်ကျင်ဆန္ဒပြကြသူတွေကို သတ်ဖြတ်ခဲ့ခြင်းအား အသိအမှတ်ပြုပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ဆန္ဒပြသူတွေကို ပြိုကွဲသွားစေဘို့ အသုံးပြုတဲ့နည်းလမ်းတွေကို ချီးကျူးနေတုံးမှာ ဆန္ဒပြကြသူတွေကို သတ်ဖြတ်မှုအတွက် လက်နက်ကိုင်အကြမ်းဖက်သမားတွေလို့ အမည်ပေးခဲ့ပါတယ်။ အီရန်နိုင်ငံထောက်လှမ်းရေးဝန်ကြီးဌာနကလည်း ယခုမငြိမ်မသက်မှုတွေထဲမှ CIA နဲ့ အဆက်အသွယ်ရှိကြသူ (၈) ဦးခန့်ကို ဖမ်းဆီးမိခဲ့ကြောင်း ဖေါ်ပြခဲ့ပါတယ်။ အဆိုပါအဓိကရုန်းတွေနဲ့ပတ်သက်ပြီး၊ အီရန်နိုင်ငံသမ္မတ Hassan Rohani က ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားတဲ့အခါ ၊ ယခုလို ဖမ်းဆီးထားတဲ့ လက်နက်ကိုင်ဆောင်ခြင်းမရှိတဲ့၊ အပြစ်မဲ့သူတွေအား လွတ်ပေးဘို့ ဆော်ဩလိုက်ပါတယ်။ 

အီရန်နိုင်ငံရဲ့ မငြိမ်မသက်ဖြစ်မှုတွေက လွန်ခဲ့တဲ့နှစ်အတွင်း အီရန်နဲ့ အင်အားကြီး (၆) နိုင်ငံတို့ သဘောတူထားတဲ့ အနုမြူသဘောတူစာချုပ်မှ နှုတ်ထွက်သွားခဲ့တဲ့ အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံအပေါ် ပြင်းထန်တဲ့ ဒါဏ်ခတ်ပိတ်စို့မှုတွေ ချမှတ်ထားချိန်မှာ ပေါ်ပေါက်နေပါတယ်။ အမေရိကန်တို့ရဲ့ ပိတ်စို့မှုကြောင့် အီရန်နိုင်ငံဟာ ရေနံနဲ့ ဓါတ်ငွေ့တင်ပို့ရောင်းချရာမှာ ပြင်းထန်တဲ့ တားမြစ်ချက်တွေနဲ့ ရင်ဆိုင်နေရပြီး ၎င်းရဲ့ ရေနံအခြေခံစီးပွားရေးစနစ်မှာ Petro-dollars ခေါ် ရေနံမှရရှိတဲ့ ငွေတွေကို ထိရောက်စွာ ထည့်ဝင်အသုံးမပြုနိုင်ဘဲ ရှိနေရပါတယ်။ ယခုလိုအခြေအနေမျိုးမှာ ဒါဏ်ခတ်ပိတ်စို့မှုက အီရန်ပြည်သူတို့ရဲ့ နေ့စဉ်ဘဝနဲ့သက်ဆိုင်လာပြီး၊ ပြည်သူတွေအား စီးပွားရေးနစ်နာမှုရဲ့ဒါဏ်ကို ခံစားရစေလျှက်ရှိပါတယ်။ ဒီအကြောင်းအချက်ကြောင့်ဘဲ အီရန်အစိုးရအဖို့ အီရန်ပြည်သူတွေရဲ့ အခက်အခဲပြဿနာတွေအတွက် ၎င်းရဲ့ နိုင်ငံခြားရန်သူတွေအပေါ် ပုံချဘို့ ဖြစ်လာပါတယ်။

ရေနံဈေးနှုန်းမြှင့်တက်လာခဲ့ဒါကြောင့်ဖြစ်ပေမဲ့ ယခုအခါ ဆန့်ကျင်ကန့်ကွက်မှုတွေဟာ အချိန်ကာလအတော်ကြာကတည်းက တည်ရှိနေတဲ့ အီရန်နဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား ထိပ်တိုက်ရင်ဆိုင်မှုဘဲဖြစ်ပါတယ်။ အီရန်နိုင်ငံက အကယ်၍သာ ပိတ်စို့မှုတွေအား ပယ်ရှားမယ်ဆိုရင် စေ့စပ်ဆွေးနွေးပွဲတွေ ပြန်လုပ်ဘို့ အသင့်ရှိကြောင်း၊ ဖေါ်ပြနေပေမဲ့ အမေရိကန်ပြည်ထောင်စုက အကယ်၍ကာ အီရန်နိုင်ငံက သူတို့ရဲ့ အနုမြူအစီအစဉ်တွေ ပြန်ရုပ်သိမ်းပြီး၊ ဒုံးကျည်အစီအစဉ်တွေကို အဆုံးသတ်ကာ ဒေသပိုင်းအတွင်း လှုပ်ရှားမှုတွေအား ထိန်းချုပ်ခြင်းကို ဖေါ်ပြမှသာ ဒါဏ်ခတ်ပိတ်စို့မှုကို ပယ်ရှားမယ်လို့ တင်းခံနေပါတယ်။ ဒီအခြေအနေဟာ အီရန်နဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား ရှေ့မတိုးနောက်မဆုတ်သာမှုတခု ဖန်တီးခဲ့ပြီး၊ တနည်းအားဖြင့် ဖြေရှင်းဘို့ခက်ခဲစေကာ၊ ပါရှန်ပင်လယ်ကွေ့ဒေသပိုင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်တံ့ခိုင်မြဲရေးတို့အတွက် အနှောင့်အယှက်တွေ ဖြစ်ပွားစေမဲ့အလားအလာတွေ ရှိနေပါတယ်။ သို့သော်ငြားလည်း မတည်မငြိမ်ဖြစ်နေရတဲ့ အီရန်နိုင်ငံဟာ ဘယ်သူ့အကျိုးကိုမျှ မငဲ့ညာဘဲရှိနေဒါကြောင့် Khuzestan ၊ Sistan ၊ Baluchistan နဲ့ Kurdistan စတဲ့ အီရန်နိုင်ငံရဲ့ ပြည်နယ်တွေအတွင်းမှာ တိုင်းရင်းခံ လူနည်းစုတွေနေထိုင်ရာဖြစ်သလို ဆန့်ကျင်ဆန္ဒပြကြသူတို့အပေါ် ဖိနှိမ်မှုတွေ ဖြစ်လာနိုင်စရာရှိနေပြီး၊ အဓိကရုန်းတွေ ပိုမိုဖြစ်လာနိုင်ပါတယ်။

အနှောင့်အယှက်တွေနဲ့ ကြုံတွေ့နေရတဲ့ အီရန်နိုင်ငံသို့မဟုတ် ပင်လယ်ကွေ့ဒေသမှာ ဆက်နွယ်နေတဲ့ ရှုပ်ထွေးပွေလီမှုတွေဟာ အိန္ဒိယနိုင်ငံအတွက် အကျိုးမဖြစ်ထွန်းနိုင်ပါဘူး။ အိန္ဒိယနိုင်ငံမှာ အီရန်အပါအဝင် ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိနေပြီး၊ ရိုးရာဓလေ့အားဖြင့် အိန္ဒိယနိုင်ငံရဲ့ ထင်ရှားတဲ့ရေနံတင်ပို့ရောင်းချတဲ့နိုင်ငံတွေ ဖြစ်ကြပါတယ်။ New Delhi အစိုးရဟာ အီရန်နိုင်ငံအတွင်း Chabahar ဆိပ်ကမ်းကိုဆောက်လုပ်နေပြီး ဒေသပိုင်းအတွင်း နောက်ထပ်ပေါ်ပေါက်လာမဲ့ အနှောင့်အယှက်တွေဟာ ယခုလိုရင်းနှီးမြှပ်နှံမှုမျိုးအတွက် အကျိုးဆုတ်ယုတ်နိုင်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Asif Shuja ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။