စိတ်နှလုံးမှ ပြောသောစကားများ

ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့ မင်္ဂလာပါခင်ဗျာ

၂၀၁၉ ခုနှစ်ကို နှုတ်ဆက်ကြရတော့မယ့် အချိန်ကာလကို ရောက်ရှိလာတာနှင့်အတူ မိမိတို့ဟာ နှစ်သစ် ၁ နှစ်နှင့် ၂၁ ရာစုရဲ့ တတိယမြောက် ဆယ်စုနှစ်သစ် ၁ ခုအတွင်းကို ဝင်ရောက်ကြတော့မှာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ရောက်ရှိလာမှုနှင့်အတူ နိုင်ငံသား အားလုံးတို့ကို နှုတ်ခွန်းပဏာ ဆက်သလိုက်ပါတယ်။ ဒီနှစ်သက်ဟာ နိုင်ငံရဲ့ တိုးတက်မှုဖြစ်စဉ်ကာလဖြစ်တဲ့ ၂၁ ရာစုနှစ်အတွင်း မွေးဖွားလာကြသူတွေရဲ့ တက်တက်ကြွကြွ ပါဝင်ထမ်းရွက်မှုတွေကို မြင်တွေ့သွားကြရမှာဖြစ်ပြီး အဲဒီလူငယ်တွေဟာ လက်ရှိရာစုနှစ်နှင့်ပတ်သက်တဲ့ အရေးပါမှုတွေကို သဘောပေါက်နားလည်မှုနှင့် ကြီးပြင်းလာကြသူတွေဖြစ်ပါတယ်။ အဲဒီလူငယ်မျိုးဆက်တွေကို ဝေါဟာရ အသုံးအနှုန်း အများအပြားတို့နှင့် ဖော်ပြလေ့ရှိကြပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် အပြောများကြတာကတော့ လူမှုဆက်သွယ်ရေး မီဒီယာ မျိုးဆက်တွေလို့ ဖော်ပြကြပါတယ်။ ဒီမျိုးဆက်တွေဟာ အလွန်ထက်မြက်ထူးချွန်ကြတယ်ဆိုတာ ကျွန်ုပ်တို့အားလုံး အသိပဲ ဖြစ်ပါတယ်။ သူတို့တွေမှာ မတူကွဲပြားတဲ့ ဆန်းသစ်မှု တခုခုပြုလုပ်ဖို့ အိပ်မက်တွေရှိပြီး ကိုယ်ပိုင် ထင်မြင်ချက် အတွေးအခေါ်တွေလည်း ရှိကြပါတယ်။ အထူးသဖြင့် အိန္ဒိယနိုင်ငံမှာဆိုရင် ကျနော့်အမြင်အရ အကောင်းဆုံးကဘာလဲလို့ပြောရရင် သူတို့တွေဟာ ခေတ်စနစ်ကို နားလည်သဘောပေါက်ကြတာ ဖြစ်ပါတယ်။ လူငယ်တွေဟာ ဆွေမျိုးကောင်းစားရေးဝါဒ၊ ဇတ်စနစ်ဝါဒ၊ နှစ်သက်ရာ ဦးစားပေးဝါဒ ဒါမှမဟုတ် လိင် ခွဲခြားဆက်ဆံမှု ဘယ်လိုပုံစံကိုမဆို ဆန့်ကျင်ပြီး အုပ်ချုပ်ရေး ညံ့ဖျင်းမှုနှင့် မတည်ငြိမ်မှုတွေကိုလည်း မလိုလားကြသူတွေ ဖြစ်ပါတယ်။ လေဆိပ်မှာ ဒါမှမဟုတ် ရုပ်ရှင်ရုံတွေမှာ တယောက်ယောက်က ကြားဖြတ်တန်းစီဖို့ကြိုးပမ်းခဲ့မယ်ဆိုရင် အဦးဆုံး ကန့်ကွက်ကြသူတွေဟာ အဲဒီလူငယ်တွေဖြစ်တယ်ဆိုတာကို ကျွန်ုပ်တို့ တွေ့မြင်မိကြမှာဖြစ်ပါတယ်။ အဲဒီလိုဖြစ်ရပ်မျိုး ဖြစ်ပွားနေတယ်ဆိုရင် လူငယ်တွေဟာ ဘေးနားကနေ ၎င်းတို့ရဲ့ မိုဘိုင်းဖုန်းတွေနှင့် ဗီဒီယိုရိုက်ယူပြီး အဲဒီဗီဒီယိုကလည်း တမဟုတ်ချင်း ပျံ့နှံ့သွားလေ့ရှိပါတယ်။ နောက်ပြီး ပြဿနာရှာတဲ့သူကလည်း နောက်ဆက်တွဲအကျိုးဆက်ကို ချက်ချင်းဆိုသလိုပဲ သိရှိနားလည်သွားပါတယ်။ ဒီလူငယ်တွေဟာ နိုင်ငံတော်ကို အဆင့်မြင့်နေရာ ရောက်ရှိစေဖို့ မြှင့်တင်သွားကြမယ့် တကယ့်လူငယ်မျိုးဆက်တွေ ဖြစ်ပါတယ်။ ကျွန်ုပ်ရဲ့ ယုံကြည်မှုဟာ လူငယ်မျိုးဆက်၊ ခေတ်သစ်မျိုးဆက်တွေဖြစ်ပြီး လူငယ်တွေရဲ့ တန်ဖိုးကို ရှာဖွေလေ့လာလို့မရသလို ဖော်ပြလို့လည်း မရနိုင်ဘူးရယ်လို့ Swami Vivekanand ကြီးက ဖွင့်ဆိုခဲ့ပါတယ်။ ဒီလူငယ်မျိုးဆက်ဟာ အိန္ဒိယနိုင်ငံ ခေတ်မီတိုးတက်စေရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍနေ ပါဝင်သွားမယ်ဆိုတာ ကျနော် အကြွင်းမဲ့ ယုံကြည်မိပါတယ်။

လေးစားအပ်ပါသော နိုင်ငံသားအပေါင်းတို့

Swami Vivekanand ကြီး တရားထိုင်ဖို့ ဝင်သွားခဲ့တဲ့ Kanyakumari ဒေသမှ ကျောက်တောင်တော်ကို အသင်တို့ သတိပြုမိကြမှာဖြစ်ပါတယ်။ အဲဒီကျောက်တောင်တော် အထိမ်းအမှတ်ဟာ တည်ရှိမှု နှစ်ပေါင်း ၅၀ ပြည့်လာပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၅ ခုအတွင်း အဲဒီဒေသဟာ အိန္ဒိယနိုင်ငံအတွက် ဂုဏ်ယူဖွယ် ဒေသတခု ဖြစ်လာခဲ့ပါတယ်။ Kanyakumari ဒေသဟာ နိုင်ငံတဝှမ်းနှင့် ကမ္ဘာတဝှမ်းတို့မှ အထူးဆွဲစောင်မှု ရရှိနေပြီး ဘုရားဖူးဒေသတခုနှင့် သက်ဝင်ယုံကြည်မှု ကျောင်းတော် ဌာနတခု ဖြစ်လာခဲ့ပါတယ်။ အဲဒီဒေသတွေကို သွားရောက်လည်ပတ်ကြဖို့ မိမိတို့နိုင်ငံသား အားလုံးကိုလည်း ကျနော် တိုက်တွန်းလိုက်ပါတယ်။

ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့

ကျွန်ုပ်တို့အားလုံးဟာ စာသင်ကျောင်းတွေ၊ ကောလိပ်တွေနှင့် တက္ကသိုလ်တွေမှာ ပညာ လေ့လာသင်ကြားခဲ့ကြပါတယ်။ ဒါပေမယ့် စာပေပညာ သင်ကြားမှုပြီးစီးသွားတဲ့နောက် ကျောင်းသားဟောင်းတွေ တွေ့ဆုံပွဲတွေဟာ ပျော်ရွှင်ဖွယ်အခမ်းအနားတွေပဲ ဖြစ်ပါတယ်။ အဲဒီလို တွေ့ဆုံပွဲတွေမှာ ကျောင်းသားဟောင်းတွေအားလုံး လွန်ခဲ့တဲ့ ၁၀ နှစ်၊ နှစ်ပေါင်း ၂၀ ဒါမှမဟုတ် ၂၅ နှစ်တုန်းက လူငယ်ဘဝ အောက်မေ့ဖွယ်တွေကို ပြန်ပြောင်းဖော်ပြလေ့ရှိကြပါတယ်။ အဲဒီလို မိတ်ဟောင်းတွေ တွေ့ဆုံပွဲဟာ သတိပြုမိဖွယ် အထူးအာရုံဆွဲဆောင်မှုရရှိဖို့ ဖြစ်ပေါ်လာပါတယ်။ မကြာသေးမီလေးကတင်ပဲ ကျနော်ဟာ Bihar ပြည်နယ်၊ အနောက် Champaran ခရိုင်မှ Bhairavganj ကျန်းမာရေးဌာနနှင့်ပတ်သက်တဲ့ သတင်းတပုဒ်ကို သတင်းမီဒီယာမှာ တွေ့လိုက်ရလို့ ထပ်ဆင့် မျှဝေလိုက်ရပါတယ်။ အဲဒီ Bhairavganj ကျန်းမာရေးဌာနမှာ အနီးအနားက ကျေးရွာတွေမှ ပြည်သူ ထောင်ပေါင်းများစွာတို့အတွက် အခမဲ့ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ အစိုးရရဲ့ အစီအစဉ်မဟုတ်သလို အစိုးရရဲ့ အစပျိုးလုပ်ဆောင်မှုလည်း မဟုတ်ခဲ့ပါတယ်။ ဒါဟာ K.R. အထက်တန်းကျောင်းမှ ကျောင်းသားဟောင်းတွေကျင်းပခဲ့ကြတဲ့ မိတ်ဟောင်းများ တွေ့ဆုံပွဲမှာ ချမှတ်ခဲ့ကြတဲ့ ဆောင်ရွက်ချက်တရပ်ပဲ ဖြစ်ပါတယ်။ ဒါကို ‘Sankalp ၉၅’ လို့ အမည်ပေးခဲ့ကြပြီး အဓိပ္ပါယ်ကတော့ ၁၉၉၅ ခုနှစ်အဖြတ်မှ အထက်တန်းကျောင်းဟောင်းများ လုပ်ဆောင်ခဲ့တယ်လို့ ဖွင့်ဆိုထားပါတယ်။

မိတ်ဆွေအပေါင်းတို့ခင်ဗျာ

မဟတ္တမ ဂန္ဒီကြီးဟာ အဆင်းရဲဆုံး ဘဝတွေမှာ သာယာဝပြောမှု ဆောင်ကြဉ်းပေးတဲ့ သန်းပေါင်းများစွာသော ဘဝအသက်တာတွေကို ထွန်းညှိပေးတဲ့ မီးအိမ်အဖြစ် ပြည်တွင်းဖြစ် ထုတ်လုပ်ရေးစိတ်ဓာတ်ကို ရှုမြင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အကြာက ဂန္ဒီကြီးဟာ အိန္ဒိယ ထုတ်ကုန်ပစ္စည်းတွေ အားပေးတို့မြှင့်ဖို့ နိုင်ငံရဲ့ ရည်မှန်းချက်တရပ်အဖြစ် လူထုလှုပ်ရှားမှုကြီးတရပ်ကို စတင်ခဲ့ပါတယ်။ ဒါဟာ မိမိကိုယ်မိမိ ယုံကြည်အားကိုးမှုရှိရေးအတွက် ဂန္ဒီကြီးပြသခဲ့တဲ့ လမ်းကြောင်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအတွင်း ကျွန်ုပ်တို့ လွတ်လပ်စွာ ရှင်သန်နေထိုင်ခွင့်ရနေတာဟာ ညှဉ်းပမ်းနှိပ်စက်မှုတွေ၊ အခက်အခဲတွေနှင့် အသက်စတေးခဲ့ကြတဲ့ အဖိုးတန် သားသမီးရတနာ သန်းပေါင်းများစွာတို့က လွတ်မြောက်စေခဲ့တာဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ မရေတွက်နိုင်သော ပြည်သူတွေရဲ့ အသက်ပေးစတေးမှုနှင့် ဒဏ်ခံခဲ့မှုတွေကြောင့် လွတ်လပ်ရေး ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အရောက် ၇၅ နှစ်မြောက် လွတ်လပ်ရေးရရှိမှုကာလမှာ အနည်းဆုံး ၂ နှစ်၊ ၃ နှစ်လောက် ပြည်တွင်းဖြစ်ထုတ်ကုန်တွေကို ဝယ်ယူသုံးစွဲ သွားကြပါစို့လား။

ချစ်လှစွာသော နိုင်ငံသား အပေါင်းတို့ခင်ဗျာ

ကျောင်းသားဟောင်းများ ပြန်လည်တွေ့ဆုံပွဲတွေမှာ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတွေအကြောင်း အနည်းငယ် ပြောကြားလိုပါတယ်။ Doda ခရိုင်ဒေသမှ Fiyaz Ahmed ရဲ့ ဘဝအကြောင်းလေး ဖြစ်ပါတယ်။ သူဟာ ၁၂ တန်းစာမေးပွဲကို ၂၀၁၂ ခုနှစ်မှာ အောင်မြင်ခဲ့ပေမယ့် နာမကျန်းဖြစ်တာကြောင့် ဆက်လက် ပညာသင်ကြားနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ သူဟာ နှလုံးရောဂါကို ၂ နှစ်ကြာ ခံစားခဲ့ရပြီး အဲဒီအတောအတွင်းမှာပဲ သူ့အကို တယောက်နှင့် အမတယောက် အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ နောက်ဆုံးတော့ သူဟာ Himayat အစီအစဉ်ရဲ့ အကူအညီရရှိခဲ့ပြီး သတင်းပြန်ကြားရေးနည်းပညာ အခွင့်ရဝန်ဆောင်မှု သင်တန်းကို တက်ရောက်ခဲ့ပြီး လက်ရှိမှာတော့ Punjab ပြည်နယ်မှာ အလုပ် လုပ်ကိုင်လျှက်ရှိပါတယ်။ Fiyaz Ahmed ရဲ့ Himayat အစီအစဉ်အရ သူရဲ့ လေ့ကျင့်သင်တန်းနှင့်အတူ တပြိုင်တည်း ဆက်လက်ကြိုးပမ်းနေတဲ့ ဘွဲ့ယူသင်တန်းကလည်း ပြီးဆုံးလုနီးပါး ရှိနေပါတယ်။ မကြာသေးမီးက ဒီအစဉ်အစာ ဟောပြောပွဲမှာ သူတို့ရဲ့ အတွေ့အကြုံနံ့ပတ်သက်ပြီး ဖိတ်ကြားခံခဲ့ရပါတယ်။ Fiyaz ဟာ သူရဲ့ဘဝဇတ်ကြောင်းကို ထုတ်ဖော်ပြောကြားနေတုံး သူ့ရဲ့မျက်လုံးတွေထဲမှာ မျက်ရည်တွေ ပြည့်လာနေခဲ့ပါတယ်။ အလားတူပဲ Anantnag ခရိုင်ဒေသမှ Rakib-ul-Rahman ကလည်း သူ့ရဲ့ ပညာရေးသင်တန်းတွေကို အခက်အခဲကြောင့် ပြည့်စုံအောင် မသင်ယူနိုင် ဖြစ်ခဲ့ရပါတယ်။ တနေ့မှာတော့ Rakib ဟာ Himayat အစီအစဉ်နှင့်ပတ်သက်ပြီး သူရဲ့ ရပ်ကွက်ထဲက အင်အားစုရုံးရေးစခန်းမှတဆင့် သိရှိခဲ့ပါတယ်။ ချက်ချင်းဆိုသလိုဘဲ သူဟာ သူ့အမည်ကို ဖြန့်ဖြူးရေးအသင်း ခေါင်းဆောင်သင်တန်းမှာ စာရင်းသွင်းလိုက်ပါတယ်။ အဲဒီသင်တန်းကို ပြီးမြောက်အောင်တက်ခဲ့ပြီးနောက် ယခုအခါ သူဟာ ကုမ္ပဏီတခုမှာ အလုပ်လုပ်နေပါတယ်။

ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့

ယခုလ ၂၆ ရက်နေ့မှာ ကျွနိုပ်တို့ဟာ တယ်စုနှစ်ရဲ့ နောက်ဆုံးနေကျပ်တာကို တွေ့မြင်ခဲ့ကြပါတယ်။ ဒီနေကျပ်မှုဟာ Ripun ကို အလွန်ပဲ စိတ်ဝင်စားစရာကောင်းလှတဲ့ ဝေဖန်ချက်တခု MyGov ဝဘ်ဆိုဒ်မှာ ရေးသားဖော်ပြဖို့ တိုက်တွန်းခဲ့တာ ဖြစ်နိုင်ပါတယ်။ သူ့စာထဲမှာကာတော့ သူဟာ အရှေ့မြောက်ပိုင်း ပြည်နယ်ဒေသမှဖြစ်ပြီး လက်ရှိမှာတော့ အိန္ဒိယတောင်ပိုင်းဒေသမှာ အလုပ်လုပ်နေကြောင်းနှင့် နက္ခတ်ဗေဒကို လူငယ်တွေကြားမှာ ခေတ်စားလာအောင် ဘယ်လိုလုပ်နိုင်မလဲလို့ ဖော်ပြထားပါတယ်။ ကျနော့်မှာ အကြံပြုစာတွေ အများအပြားရှိနေခဲ့ပြီး ဒီစာကတော့ ထူးခြားတယ်လို့ ဆိုရမလားပါပဲ။  နေကျပ်မှုဟာ ယခုလ ၂၆ ရက်နေ့မှာ ပေါ်ပေါက်ခဲ့တာကြောင့် ဒီအကြောင်းနှင့်ပတ်သက်ပြီး စိတ်ဝင်စားကြတာလည်း ဖြစ်နိုင်ပါတယ်။ ကျနော်လည်း နေကျပ်တာကိုကြည့်ရှုဖို့ အလွန်စိတ်အားထက်သန်ခဲ့ပါတယ်။ ဒါပေမယ့် ဒေလီမြို့ပေါ်မှာ ကောင်းကင်တိမ်ထူထပ်တာကြောင့် ဒီမြင်ကွင်းရဲ့အရသာကိုခံစားဖို့ တားမြစ်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း အိန္ဒိယနိုင်ငံရဲ့ တခြားဒေသတွေမှာ နေကျပ်ခြင်းရဲ့ လှပတဲ့ပုံရိပ်တွေကို မြင်တွေ့ခဲ့ရပါတယ်။ နေမင်းကြီးဟာ တောက်ပနေတဲ့ လက်စွပ်တကွင်းလို မြင်တွေ့ရပါတယ်။ အဲဒီနေ့မှာတော့ ကျနော်ဟာ ဒီနယ်ပယ်မှာကျွမ်းကျင်တဲ့ ပါရဂူတွေနှင့် ပြောဆိုဆွေးနွေးဖို့ အခွင့်အရေး ရရှိခဲ့ပါတယ်။

မိတ်ဆွေအပေါင်းတို့ခင်ဗျာ

အိန္ဒိယနိုင်ငံမှာ ရှေးဟောင်းနှင့် အောင်မြင်ကျော်ကြားတဲ့ နက္ခတ်ဗေဒသမိုင်းတွေ ရှိနေပါတယ်။ ကောင်းပမှာ တောက်ပနေကြတဲ့ ကြယ်တွေနှင့်ပတ်သက်ဆက်နွယ်မှုဟာ ကျွန်ုပ်တို့ရဲ့ ယဉ်ကျေးမှုနှင့်ထပ်တူ အလွန်ရှေးကျလှပါတယ်။ အိန္ဒိယနိုင်ငံအတွင်း အရပ်ဒေသများစွာတို့မှာ ကြီးမားတဲ့ နက္ခတ်တာရာ လေ့လာရေးစခန်းတွေရှိတာကို သင်တို့ သိရှိကြမှာဖြစ်ပြီး ဒီစခန်းတွေကို သွားရောက်လေ့လာ ကြည့်ရှုသင့်ပါတယ်။

ကျွန်ုပ်တို့နိုင်ငံအတွင်း ကြယ်တာရာ ကြည့်ရှုလေ့လာရေးဌာနတွေက ညပိုင်းကောင်းကင်အား နားလည်မှုကိုထပ်လောင်းတိုးမြှင့်စေပြီး၊ ပြည်သူတွေကိုလည်း ကြယ်တာရာ ငေးကြည့်မှုအား ဝါသနာတခုအဖြစ် ဖွံ့ဖြိုးဘို့ အားပေးတိုက်တွန်းလျှက်ရှိပါတယ်။ 

ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့ 

ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ပါလီမန်လွှတ်တော်ကို ကျွန်ုပ်တို့ဒီမိုကရေစီရဲ့ ဘုရားကျောင်းအဖြစ် ယူဆကြပါတယ်။ ဒီနေ့မှာ ကျွန်ုပ်ဟာ ဂုဏ်ယူစွာ သင်တို့ရွေးချယ်တင်မြောက်ခဲ့ကြတဲ့ ပါလီမန်လွှတ်တော်အမတ်တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၆၀) က စံချိန်အားလုံးကို ချိုးခဲ့ကြတယ်လို့ ဖော်ပြလိုက်ပါတယ်။ လွန်ခဲ့တဲ့ (၆) လကြာကာလအတွင်း ၁၇ ကြိမ်မြောက် အောက်လွှတ်တော်ရဲ့ အပိုင်းနှစ်ခုစလုံးတို့ဟာ အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။ အောက်လွှတ်တော် Lok Sabha ရဲ့ အကျိုးဖြစ်ထွန်းမှုက ၁၁၄% ရှိခဲ့ပြီး၊ အထက်လွှတ်တော် Rajya Sabha ရဲ့ အကျိုးဖြစ်ထွန်းစေမှုက ၉၄% ရှိခဲ့ပါတယ်။ ဒီ့အရင် ဘတ်ဂျက်ပိုင်းဆိုင်ရာမှာ အကျိုးဖြစ်ထွန်းမှု ၁၃၅% ရှိခဲ့ပါတယ်။

ချစ်လှစွာသောနိုင်ငံသားအပေါင်းတို့

နေ၊ လ နှင့် ကမ္ဘာမြေရဲ့လှုပ်ရှားမှုက နေကြပ်ခြင်းကို ဆုံးဖြတ်ကြဒါမဟုတ်ပါဘူး။ တခြားအရာတွေများစွာတို့လည်း သူတို့နဲ့ ဆက်စပ်နေပါတယ်။ ကျွန်ုပ်တို့အားလုံးဟာ နေရဲ့လှုပ်ရှားမှုကိုအခြေခံပြီး ဇန်နဝါရီလအတွင်းမှာ အိန္ဒိယနိုင်ငံတဝှမ်း ပွဲတော်တွေများစွာ ကျင်းပကြဒါကို သိရှိကြပါတယ်။ ပန်ဂျပ်ပြည်နယ်ကနေ တမီးလ်နာဒူးပြည်နယ်အထိ၊ Gujarat ပြည်နယ်မှ အာသံပြည်နယ်အထိ ပြည်သူတို့ဟာ ပွဲတော်များစွာတို့ကို ကျင်းပကြပါတယ်။ Makar Sankraanti နဲ့ Uttaraayan ပွဲတော်တွေကို ဇန်နဝါရီလမှာ ခမ်းနားစွာ ကျင်းပကြပါတယ်။ ဒီပွဲတော်တွေကို စွမ်းအင်ရဲ့လက္ခဏာအဖြစ် ယူဆကြပါတယ်။ ဒီအချိန်ကာလမှာ ကျွန်ုပ်တို့ဟာ ပန်ဂျပ်ပြည်နယ်မှာ Lohri ၊ Tamil Nadu ပြည်နယ်မှာ Pongal နဲ့ အာသံပြည်နယ်မှာ Maagh Biihu ပွဲတော်တွေ ကျင်းပကြဒါကို မြင်တွေ့ရမယ်ဖြစ်ပါတယ်။ ဒီပွဲတော်တွေဟာ တောင်သူလယ်သမားတွေနဲ့ သူတို့ရဲ့ ကောက်ပဲသီးနှံတွေ ကြွယ်ဝချမ်းသာမှုနဲ့ နီးကပ်တဲ့ဆက်နွယ်မှုတွေ ရှိနေပါတယ်။ ဒီပွဲတော်တွေဟာ ကျွန်ုပ်တို့ကို အိန္ဒိယနိုင်ငံရဲ့စည်းလုံးမှုနဲ့ ရောင်စုံကွဲပြားစုံလင်မှုတွေအား သတိရစေပါတယ်။

ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့ 

ယခုအပိုင်းက ၂၀၁၉ ခုနှစ်ရဲ့ နောက်ဆုံး “Maan Ki Baat” အခန်းကဏ္ဍဖြစ်ပါတယ်။ လာမဲ့သက္ကရာဇ် ၂၀၂၀ ခုနှစ်မှာ ပြန်ဆုံကြလိမ့်မယ်ဖြစ်ပါတယ်။ နှစ်သစ်ကူး ဆယ်စုနှစ်သစ်၊ သန္နိဋ္ဌာန်သစ်တွေ၊ စွမ်းအားသစ်၊ စိတ်အားထက်သန်မှုသစ်၊ အားမာန်သစ်တွေနဲ့အတူ ရှေ့သို့ချီကြပါစို့။ ကျွန်ုပ်တို့ရဲ့ ဂတိခံယူချက်တွေကို ပြည့်စုံအောင် စွမ်းဆောင်ကြပါစို့။ ကျွန်ုပ်တို့မှာ ခရီးဝေးကို လျှောက်လှမ်းဘို့ ရှိနေပါတယ်။ ကျွန်ုပ်တို့ဟာ အောင်မြင်မှုများစွာ ရယူရမယ်ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့နိုင်ငံကို အဆင့်မြင့်သစ်တခုဆီသို့ သယ်ဆောင်ရမယ်ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့လုပ်ဆောင်ချက်တွေအပေါ် ကြီးမားတဲ့ယုံကြည်မှုတွေ ထားရှိကြပါစို့။ စွမ်းဆောင်နိုင်မှုတွေနဲ့ ကုဋေပေါင်း (၁၃၀) မျှသော နိုင်ငံသားတို့ရဲ့ ခံယူချက်များနဲ့အတူ ရှေ့သို့ချီကြပါစို့။ ကျေးဇူးများစွာတင်ရှိလျှက်၊ ဆုမွန်ကောင်းများစွာ ဆက်သလျှက်။