“Oman : ခေတ်တခု၏နိဂုံး”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ IDSA မှာ သုတေသနခွဲခြမ်းစိတ်ဖြာလေ့လာသူ Dr. Lakshmi Priya ဝေဖန်ရေးသားပေးပို့ထားတဲ့ “Oman : ခေတ်တခု၏နိဂုံး” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

ခေတ်တခုနိဂုံးချုပ်သွားဒါကို မှတ်တမ်းတင်ခြင်းပြုလုပ်ရာမှာ Oman နိုင်ငံကို နှစ်ပေါင်း (၅၀) ကျော် စိုးမိုးအုပ်ချုပ်ခဲ့တဲ့ Sultan Qaboos bin Said Al Said ဟာ အချိန်အတော်ကြာစွာ မနာမကျန်းဖြစ်နေခဲ့ပြီး လွန်ခဲ့တဲ့ ဇန်နဝါရီလ (၁၀) ရက်နေ့က ကွယ်လွန်အနိစ္စရောက်ရှိသွားခြင်းဖြင့် ဒီအရေးပါလှတဲ့ ပင်လယ်ကွေ့နိုင်ငံမှာ အစိုးရပြောင်းလဲဘို့ လမ်းဖွင့်ပေးလိုက်ပါတယ်။ Sultan Qaboos ဟာ အလွန်ကြီးမားတဲ့ အာဏာပိုင်တဦးဖြစ်ခဲ့ပြီး၊ တကမ္ဘာလုံးက ရိုသေလေးစားကြတဲ့ ပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။ အသက်အရွယ် (၇၉) နှစ်အရွယ်ရှိတဲ့ Sultan ဟာ Oman နိုင်ငံအတွက် တည်တံ့မှုနဲ့ လွတ်လပ်တဲ့နိုင်ငံခြားရေးပေါ်လစီကိုပေးကမ်းခဲ့ပြီး၊ ဒေသပိုင်းအတွင်းက အင်အားကြီးမားတဲ့ Saudi Arabia နဲ့ အီရန်တို့နဲ့ ညီတူညီမျှဖြစ်စေခဲ့ပါတယ်။ ရှေးဟောင်းအယူအဆဝါဒီ ဖခင် Said bin Taimur အား ၁၉၇၀ ခုနှစ် သွေးထွက်သံယိုမှုမရှိတဲ့ အာဏာသိမ်းယူမှုကို ပြုလုပ်ခဲ့ပြီး Sultan Qaboos ဟာ Dhofar သူပုန်တွေကို ချေမှုန်းခဲ့ကာ၊ ကျွန်စံနစ်ကို ဖျက်သိမ်းခဲ့ပြီး၊ အိုမန်နိုင်ငံကို ခေတ်မှီတိုးတက်သော လမ်းကြောင်းပေါ် ရောက်စေခဲ့တဲ့အပြင် ၁၉၉၆ ခုနှစ်မှာ ပထမဦးဆုံး ရေးသားထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို တင်ဆက်ခဲ့ပြီး အမျိုးသမီးတွေကို အာဏာလွှဲပြောင်းပေးမှုအား၊ နိုင်ငံရေး၊ ရောင်းဝယ်ဖောက်ကားရေးနဲ့ အားကစားတို့မျာ ပါဝင်ပါတ်သက်ခြင်းမှတဆင့် အားပေးအားမြောက်ပြုလုပ်ခဲ့ပါတယ်။ ခေတ်မှီ အိုမန်နိုင်ငံရဲ့ဖခင်ဟာ ၂၀၁၅ ခုနှစ် အီရန်အနုမြူသဘောတူစာချုပ် လက်မှတ်ရေးထိုးရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ကျိုးပမ်းမှုကြောင့် ကျော်ကြားထင်ရှားခဲ့ပြီး၊ သူ့ရဲ့ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုက Yeman နိုင်ငံအတွင်း ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေကြတဲ့အုပ်စုတွေကို ပေါင်းစည်းစေနိုင်ခဲ့ပါတယ်။

အိုမန်နိုင်ငံမှာ သဘာဝအမွေခံမဲ့သူမရှိဒါကြောင့် ခတ်ခဲတဲ့အခြေအနေတွေ ဖန်တီးနေခဲ့ရာမှ မိသားစုကောင်စီအား အရပ် Sultan ရဲ့ အမွေခံအဖြစ် ရွေးချယ်ထားခဲ့တဲ့ Sultan Qaboos ရဲ့ ညီအကိုဝမ်းကွဲတော်သူ Haitham bin Tariq al Said အား Oman နိုင်ငံရဲ့ Sultan အဖြစ် တင်မြှောက်ဘို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ Sultan Tariq al Said ဟာ Oxford တက္ကသိုလ်မှာ ပညာဆည်းပူးခဲ့သူဖြစ်ပြီး၊ ဒီ Sultanate နိုင်ငံမှာ ယဉ်ကျေးမှုနဲ့ ရှေးဟောင်းအမွေအနှစ်ဝန်ကြီးဌာနကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ အဆိုပါ Sultan သစ်ဟာ Sultan Qabaos က တဦးတည်း ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဗဟိုဘဏ်တိုက်ကြီးရဲ့ အုပ်ချုပ်ရေးအရာရှိချုပ်အဖြစ် တာဝန်ယူလုပ်ကိုင်နေခဲ့တဲ့နိုင်ငံကို အမွေခံယူဒါဖြစ်ပါတယ်။ ဒီခေါင်းဆောင်သစ်အတွက် အရပ်ဘက်အုပ်ချုပ်ရေးအာဏာပိုင်လို ရိုသေလေးစားမှုနဲ့ ကြိုက်နှစ်သက်ကြမှုတွေကို ရယူဘို့ မလွယ်ပါဘူး။ ပြည်တွင်းမှာ တင်းကြပ်တဲ့ဘဏ္ဍာရေးနဲ့ အလုပ်လက်မဲ့ပြဿနာတွေက အာဏာရှင်သစ်အတွက် စိန်ခေါ်မှုတွေဖန်တီးပါလိမ့်မယ်။ တချိန်တည်းမှာဘဲ ပြည်ပမှ ဖိအားတွေကလည်း ဒေသပိုင်းဆိုင်ရာ အားပြိုင်မှုတွေမှာ ဘယ်ဘက်ကို ရွေးချယ်မယ်ဆိုတဲ့အပေါ် ကျရောက်မယ်ဖြစ်ပြီး၊ အဲဒီနိုင်ငံရဲ့ ဘက်မလိုက်ပေါ်လစီမူဝါဒကိုထိန်းသိမ်းရာမှာ သူရဲ့စွမ်းရည်ကို စမ်းသပ်တီးခေါက်မိလိမ့်မယ်ဖြစ်ပါတယ်။ သို့သော်ငြားလည်း Oman နိုင်ငံရဲ့ Sultan အကြီးအဲအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့နောက် Haitham bin Tariq ဟာ သူ့အရင် အာဏာပိုင်ရဲ့ပေါ်လစီမူဝါဒတွေကို ဆက်လက်ကျင့်သုံးပြီး၊ နိုင်ငံအား ထပ်လောင်းတိုးတက်ဖွံ့ဖြိုးစေတုံးမှာ တခြားနိုင်ငံအားလုံးတို့နဲ့ ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံမှုတွေ ထားရှိသွားလိမ့်မယ်လို့ အာမခံပေးခဲ့ပါတယ်။

Muscat အစိုးရဟာ Sultan Qaboos bin Said အတွက် သုံးရက်ကြာ တရားဝင်ကြေကွဲဝမ်းနည်းမှုနေ့ကို ကြေငြာလိုက်ပြီး၊ လာမဲ့ရက်ပေါင်း (၄၀) အထိ နိုင်ငံတော်အလံကို ထက်ဝက်သာလွှင့်တင်ဘို့ ကြေငြာထားပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အီရန်၊ Saudi Arabia ၊ Qatar ၊ UAE ၊ တူရကီ၊ ဂျော်ဒန်၊ အီဂျစ်နဲ့ ဘာရိန်းနိုင်ငံတွေက ဝမ်းနည်းကြေကွဲမိကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြပြီး၊ အတွေ့အကြုံပြည့်ဝတဲ့ နိုင်ငံရေးသမားတဦးကို ဆုံးရှုံးရတဲ့အတွက် အထူးကြေကွဲမိကြောင်း ဖေါ်ပြခဲ့ကြပါတယ်။ အိန္ဒိယဝန်ကြီးချုပ် Mr Narendra Modi ဟာ Oman နိုင်ငံခေါင်းဆောင်ကြီးအား အထူးရိုသေလေးစားစွာ အလေးပြုခဲ့ပြီး၊ “Sultan Qaboos ဟာ ကျွန်ုပ်တို့ရဲ့ ဒေသပိုင်းနဲ့ တကမ္ဘာလုံးအတွက် ငြိမ်းချမ်းရေးမီးရူးတိုင်ကြီးဖြစ်တယ်” လို့ ဖေါ်ပြခဲ့ပါတယ်။

နောက်ပြီး ဝန်ကြီးချုပ်က Sultan Qaboos နဲ့ပါတ်သက်ပြီး အလေးအနက် ထုတ်ဖေါ်ရာမှာ “အိန္ဒိယနိုင်ငံရဲ့ စစ်မှန်တဲ့မိတ်ဆွေ” ဖြစ်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသမ္မတ Mr Ram Nath Kovind ဟာ Sultan Qaboos အား “အိန္ဒိယနိုင်ငံရဲ့ နီးကပ်ရင်းနှီးတဲ့ မိတ်ဆွေတဦး” အဖြစ် ဖေါ်ပြခဲ့ပြီး၊ ကမ္ဘာကြီးဟာ ဒေသပိုင်းနဲ့ တကမ္ဘာလုံးအတွက် ငြိမ်းချမ်းရေးတည်ဆောက်ဘို့ရာ မမောတမ်း ကြိုးပမ်းလုပ်ကိုင်ခဲ့တဲ့ ခေါင်းဆောင်တဦးနဲ့ မျိုးချစ်တဦးကို ဆုံးရှုံးခဲ့ရတယ် လို့ မှတ်ချက်ချ ဖေါ်ပြခဲ့ပါတယ်။ အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက အိန္ဒိယနိုင်ငံက ဇန်နဝါရီလ (၁၃) ရက်နေ့ကို Oman နိုင်ငံ ဘုရင် Sultan Qaboos bin Said Al Said အား ရိုသေလေးစားသောအားဖြင့် နိုင်ငံတော်ဝမ်းနည်းကြေကွဲဖွယ်ရာနေ့အဖြစ် ကြေညာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတော်အလံကို တနေ့လုံး ထက်ဝက်သာ လွှင့်ထူခဲ့ပါတယ်။ လူနည်းစုများအရေးကိစ္စများဝန်ကြီး Mr Mukhtar Abbas Naqvi က အိန္ဒိယကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်ပြီး ဇန်နဝါရီ ၁၄ ရက်နေ့မှာ အစိုးရနဲ့ အိန္ဒိယပြည်သူတို့ကိုယ်စား ဝမ်းနည်းကြောင်း ဆက်သဘို့ Muscat မြို့ကို ထွက်ခွာဘို့ရှိနေပါတယ်။

Sultan Qaboos ရဲ့ ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြေကွဲမှုနဲ့အတူ ဝန်ကြီးချုပ် Mr Modi ဟာ အနိစ္စရောက်ရှိသွားခဲ့တဲ့ Sultan ဟာ အိန္ဒိယနဲ့ အိုမန်နိုင်ငံတို့အကြား တက်ကြွတဲ့ ဖက်စပ်လုပ်ကိုင်မှုတခု ဖွံ့ဖြိုးရေးအတွက် ရပ်တည်ခဲ့တဲ့ ခိုင်မာသောခေါင်းဆောင်ပိုင်းကို ပေးဆောင်ခဲ့သူတဦးဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ Mr Modi က Sultan သစ်ကို ဂုဏ်ပြုခဲ့ပြီး၊ အိန္ဒိယနိုင်ငံဟာ Sultan Haitham နဲ့ နည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုတွေကို ထပ်လောင်းတောင့်တင်းခိုင်မာစေဘို့ လက်တွဲလုပ်ကိုင်ရန် ရှေ့ရှုလျှက်ရှိကြောင်း ဖေါ်ပြခဲ့ပါတယ်။ အိန္ဒိယနဲ့ အိုမန်နိုင်ငံတို့ဟာ နည်းဗျူဟာကျပြီး၊ သင့်မြတ်တဲ့ဆက်ဆံရေးတွေရှိပြီး၊ နှစ်နိုင်ငံစလုံးတို့ဟာ သဘာဝဖက်စပ်လုပ်ကိုင်သူတွေဖြစ်ကြကာ၊ ရှေးပဝေသဏီကတည်းက စေ့စပ်လုပ်ကိုင်ကြသူနိုင်ငံတွေဖြစ်ကြပါတယ်။ အိုမန်နိုင်ငံမှာ အိန္ဒိယနိုင်ငံသားပေါင်း (၈) သိန်းခန့် လုပ်ကိုင်နေထိုင်လျှက်ရှိကြပြီး၊ အိန္ဒိယနိုင်ငံသို့ ငွေများပေးပို့လျှက်ရှိကြပါတယ်။ အိန္ဒိယလုပ်သားတွေဟာ အဲဒီနိုင်ငံရဲ့ ဖွံ့ဖြိုးရေးမှာ ထူးကဲစွာပါဝင်လုပ်ကိုင်ခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံဟာ Sultan သစ်ရဲ့ အုပ်ချုပ်ရေးသစ်အောက်မှာ နီးကပ်သော ဆက်ဆံမှုတွေထားရှိဘို့ ရှေ့ရှုလျှက်ရှိပြီး၊ လက်ရှိအဆင့်အတိုင်း စေ့စပ်ဘို့လိုလားလျှက်ရှိပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Lakshmi Priya ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။