“အိန္ဒိယ-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု ကြီးထွားလာခြင်း”

သောတရှင်များရှင်၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ အမေရိကန်ရေးရာမဟာဗျူဟာလေ့လာသုံးသပ်သူ Dr. Stuti Banerjee ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု ကြီးထွားလာခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

တောင်အာရှနှင့် ဗဟိုအာရှဆိုင်ရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Ms Alice Wells နှင့် ဒု-အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ Mr Matthew Pottinger တို့ နှစ်နိုင်ငံအပြန်အလှန်အစည်းအဝေးများသို့ တက်ရောက်ရန်နှင့် (၅) ကြိမ်မြောက် Raisina Dialogue တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့ပါတယ်။ Ms Wells ၏ တိုက်ငယ်ခွဲသို့ အလည်အပတ်ခရီးစဉ်တွင် ပါကစ္စတန်နှင့် သီရိလင်္ကာနိုင်ငံများ ပါဝင်ခဲ့ပါတယ်။

Raisina ဆွေးနွေးပွဲ၏ သိသာထင်ရှားသည့်အချက်တခုမှာ အင်ဒိုပစိဖိတ်ဒေသသည် “အခြေခံကျသောအမြင်” ဖြစ်သည်ဟု Mr Matthew Pottinger က ပြောဆိုခဲ့သည့် အင်ဒို-ပစိဖိတ်ဒေသသည် တရားဥပဒေစိုးမိုးမှုကို လေးစားသောနိုင်ငံများ၊ ပင်လယ်နှင့် ကောင်းကင်၌ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်၊ ပွင့်ပွင့်လင်းလင်း ကူးသန်းရောင်းဝယ်ရေး၊ ပွင့်လင်းသောအတွေးအခေါ်များကို မြှင့်တင်ခြင်းနှင့် နိုင်ငံတခုချင်းစီ၏ အချုပ်အခြာအာဏာကို ကာကွယ်သော ဒေသဖြစ်ပါတယ်။ ထို့ကြောင့် ၎င်းသည် လွတ်လပ်ပြီး ပွင့်လင်းမြင်သာသည့် မည်သည့်နိုင်ငံကိုမှ ဖယ်ထုတ်ခြင်းမပြုခဲ့ပေ။ အမေရိကန် ဒု-NSA ၏ ပြောကြားချက်အရ လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ်အယူအဆကို ထောက်ခံသောနိုင်ငံများက အစိုးရဗဟိုပြုအမြင်များထက် နိုင်ငံသားအခြေပြုအမြင်များကို ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။

ဆွေးနွေးပွဲ၌ ပါဝင်ခြင်းအပြင် လက်ထောက်အတွင်းရေးမှူး Ms Wells ၏ခရီးစဉ်ကို သက္ကရာဇ် ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် အမေရိကန်သမ္မတ Mr Trump အိန္ဒိယနိုင်ငံသို့ အလည်အပတ်လာရောက်မည့်ခရီးစဉ်အတွက် အစီအစဉ်၏ပဏာမ အခြေအနေအဖြစ် ရှုမြင်ခဲ့ပါတယ်။ အကယ်၍ အတည်ပြုပါက Mr Trump ၂၀၁၆ ခုနှစ်တွင် ရွေးကောက်ပွဲအနိုင်ရကာ အာဏာရလာပြီးနောက် ပထမဆုံးအကြိမ် အိန္ဒိယနိုင်ငံသို့ခရီးစဉ် ဖြစ်လာလိမ့်မည်ဖြစ်ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် Mr Modi နှင့် သမ္မတ Mr Trump တို့ ခိုင်မာသောဆက်ဆံရေးကို မျှဝေကြလျက်ရှိပြီး၂၀၁၉ ခုနှစ်တွင် Texas မြို့၌ပြုလုပ်ခဲ့သော “Howdy Modi” ပွဲတွင်လဲ ပြသခဲ့ပါတယ်။

အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ၎င်းတို့၏ မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်မှုကို တိုးမြင့်နိုင်စေရန် နည်းလမ်းများ ရှာဖွေလျက်ရှိရာ Ms Wells ၏ ခရီးစဉ်သည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် Washington DC မြို့၌ကျင်းပခဲ့သော ၂+၂ ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ဖို့ ရှုမြင်ကြပြီး ကာကွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဓိကသဘောတူညီချက်များကို လက်ခံခဲ့ပါတယ်။ နှစ်နိုင်ငံသည် အိန္ဒိယနှင့် အမေရိကန် ကာကွယ်ရေး စက်မှုလုပ်ငန်းများအကြား လျှိုဝှက်စစ်ရေးသတင်းအချက်အလက်များ ဖလှယ်ရန် လွယ်ကူချောမွေ့စေမည့် စက်မှုလုံခြုံရေး နောက်ဆက်တွဲ (ISA) ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၎င်းတို့က ကာကွယ်ရေးနည်းပညာနဲ့ ကုန်သွယ်ရေးအရ အရေးကြီးသော တိုးတက်မှုများကိုလဲ ကြေငြာခဲ့ပါတယ်။ အဆိုပါအစီအမံများသည် အိန္ဒိယနှင့် အမေရိကန် နှစ်နိုင်ငံစလုံးတို့၏ ပုဂ္ဂလိက ကာကွယ်ရေးစက်မှုလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြင့်တင်ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ကာကွယ်ရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုကဏ္ဍတွင်ပါဝင်ဆောင်ရွက်မှုကိုလည်း နှစ်ဖက်စလုံးတို့က သဘောတူညီခဲ့ပါတယ်။

Ms Wells သည် အိန္ဒိယအစိုးရ၏ အဆင့်မြင့်အရာရှိများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနဲ့တွေ့ဆုံခဲ့ပြီး ကြွယ်ဝမှု၊ ဒီမိုကရေစီနှင့် တရားမျှတမှုကို တိုးမြင့်ပေးသော လွတ်လပ်ပြီး ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသအတွင်း အကျိုးစီးပွားများအပါအဝင် နှစ်နိုင်ငံ ဒေသဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါတယ်။ အစည်းအဝေးတွင် ဩစတြေးလျား၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့ အင်ဒို-ပစိဖိတ်ဒေသတွင် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့ပါတယ်။

Ms Wells သည် အိန္ဒိယစီးပွားရေးအသိုင်းအဝိုင်းတို့နှင့်လဲ အပြန်အလှန် ဆက်သွယ်ခဲ့ပါတယ်။ နှစ်နိုင်ငံစလုံးတို့ အပြန်အလှန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံရေး သဘောတူညီမှုအပေါ် ဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။

လွန်ခဲ့သောနှစ်ပေါင်း (၂၀) အတွင်း အိန္ဒိယ-အမေရိကန်ဆက်ဆံရေး ပြောင်းလဲခဲ့ပြီး (၂) နိုင်ငံအကြား အတူတကွလုပ်ဆောင်ခြင်းမရှိသည့်နယ်ပယ် မရှိခဲ့ပေ။ နှစ်နိုင်ငံစလုံးတို့သည် ကျယ်ပြန့်သောကာကွယ်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ အမိမြေလုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး၊ ထောက်လှမ်းရေးပူးပေါင်းဆောင်ရွက်မှု၊ စွမ်းအင်၊ ပညာရေး၊ သိပ္ပံနဲ့ နည်းပညာ စသောကဏ္ဍတို့၌ ဆွေးနွေးမှုများကို ပြုလုပ်လေ့ရှိကြောင်း စသဖြင့် ဆောင်းပါးရှင် Dr. Stuti Barnerjee ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ်ရှင်။