စိတ်နှလုံးမှ ပြောသော စကားများ (အပိုင်း ၈)

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်

ချစ်လှစွာသော နိုင်ငံသား အပေါင်းတို့

သမ္မတနိုင်ငံတော်နေ့ အခါသမယအတွက် နိုင်ငံသားအပေါင်းတို့ကို လှိုက်လှဲစွာ နှုတ်ခွန်းပဏာ ဆက်သလိုက်ပါတယ်။ ဒီနေ့ စိတ်နှလုံးမှ ပြောသောစကားများ ဆွေးနွေးမှုကတော့ ၂၀၂၀ ခုနှစ်အတွင်း ကျွန်တော်တို့ရဲ့ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။ မိတ်ဆွေများခင်ဗျာအိန္ဒိယ ပြည်သူလူထုတို့ရဲ့ စိတ်အားထက်သန်မှုနှင့် စိတ်ဓာတ် တက်ကြွမှုတို့ကလွဲပြီး နေ့စဉ်နေ့တိုင်း၊ သီတင်းပတ်တိုင်းနှင့် လစဉ်လတိုင်းတို့ဟာ အပြောင်းအလဲတွေ တွေ့မြင်နေရတဲ့ သစ်ဆန်းမှုတွေနှင့် အသွင်ပြောင်းလဲလာနေတဲ့ နှစ်ကာလတွေကို တွေ့နေရပါတယ်။ မိမိတို့ လုပ်နိုင်တယ် ဆိုတဲ့စိတ်ဓာတ်စွမ်းအားကလည်း ပေါ်ပေါက်လာပါတယ်။ နိုင်ငံအတွက် အပြုသဘော ပံ့ပိုးမှုအပိုင်းကလည်း တနေ့ပြီးတနေ့ အရှိန်အဟုန် ရရှိလျှက်ရှိပါတယ်။ လစဉ်လတိုင်း ပြည်သူလူထု ထောင်ပေါင်းများစွာတို့ဟာ အကြံပြုချက်တွေ၊ ကြိုးပမ်းချက်တွေနှင့် အတွေ့အကြုံတွေကို ဒီ စိတ်နှလုံးမှ ပြောသောစကားများ ကဏ္ဍမှာ မျှဝေဖော်ပြကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း မိမိတို့ဟာ ဖြေရှင်းလုပ်ဆောင်ချက် အသီးသီးတို့ကို လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ တခါသုံး ပလစ်စတစ် အသုံးမပြုရေး၊ ပြည်တွင်းဖြစ် ထုတ်ကုန်တွေကို ဝယ်ယူရေး၊ သန့်ရှင်းစင်ကြယ်ရေး၊ အမျိုးသမီး ကလေးငယ်တွေကို လေးစားဂုဏ်ပြုရေးနှင့် ငွေသားအသုံးပြုမှု လျော့နည်းတဲ့ စီးပွားရေးကဏ္ဍတို့လို လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလိုလုပ်ဆောင်ချက် အများအပြားတို့ဟာ စိတ်နှလုံးမှပြောသော စကားများ ကဏ္ဍမှတဆင့် ပြောဆိုဆွေးနွေးမှုတွေကနေ ပေါ်ပေါက်လာခဲ့ကြတာ ဖြစ်ပါတယ်။

Bihar ပြည်နယ်မှ Shriman Shailesh ရေးသားပေးပို့တဲ့ စာတစောင်ကို ကျွန်တော် ရရှိခဲ့ပါတယ်။ တကယ်တော့ သူဟာ လက်ရှိမှာ Bihar ပြည်နယ်အတွင်းမှာမဟုတ်ဘဲ ဒေလီမြို့က NGO အဖွဲ့တခုမှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။ သူဟာ စိတ်နှလုံးမှပြောသော စကားများကဏ္ဍမှ ဖော်ပြချက် အများအပြားတို့ကို အကောင်အထည်ဖော် လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း၊ ဒီနှစ် ဆောင်းရာသီမှာလည်း အများသူငါတို့ထံကနေ အနွေးထည်တွေ စုဆောင်းရယူခဲ့ပြီး လိုအပ်နေသူတွေကို တအိမ်တက်ဆင်း ပေးအပ်ခဲ့ကြောင်းနှင့် ဒါဟာ ယခုနှစ်သစ်ကူး အချိန်ကာလအတွက် သူ့ရဲ့ လူမှုရေးရာ လုပ်ဆောင်ချက်တွေဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။ ကောင်းမွန်လှပါတယ် Shailesh ရေလှိုက်လွဲစွာနှင့် ချီးကျူး ဂုဏ်ပြုလိုက်သလို ဆန္ဒမွန်လည်း ပေးအပ်လိုက်ပါတယ်။ Shailesh ဟာ စိတ်နှလုံးမှ ပြောသောစကားများကဏ္ဍကနေတဆင့် နားလည်သဘောပေါက်သွားတာ ဖြစ်ပါလိမ့်မယ်။ အိန္ဒိယနိုင်ငံသားတိုင်း ရှေ့တလှမ်း လှမ်းလိုက်တဲ့အခါ အိန္ဒိယနိုင်ငံတော်ကြီးဟာ သန်းပေါင်း ထောင့်၊ ရာရှိတဲ့ ခြေလှမ်းတွေ ရှေ့ရောက်စေမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆက်လက် လျှောက်လှမ်းကြပါ၊ ဆက်လက် ချီတက်ကြပါ၊ အဆက်မပြတ် တိုးတက်နေကြပါလို့ ဆိုစမှတ် ပြုထားတာဖြစ်ပါတယ်။

ချစ်လှစွာသော နိုင်ငံသား အပေါင်းတို့

သန့်ရှင်းစင်ကျယ်ရေး ကဏ္ဍအပြင် အများပြည်သူ ပူးပေါင်းပါဝင်မှု ခွန်အားတို့ အလျင်အမြန် တိုးများပေါ်ပေါက်နေတဲ့ အရာကတော့ ရေ ထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍပဲ ဖြစ်ပါတယ်။ ရေ ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ရေး အရင်းမြစ်ဆိုင်ရာ တီထွင်မွမ်းမံ ကြံဆ တိုးချဲ့လုပ်ဆောင်မှုကို နိုင်ငံတဝှမ်း လုပ်ဆောင်နေပြီး ရေတွင်းရေကန် အများအပြားတို့ကိုလည်း ဖော်ဆောင်ထားပြီးဖြစ်ပါတယ်။ ဒီလိုလှုံ့ဆော်ရာမှာ အကောင်းဆုံးအပိုင်းကဘာလဲဆိုရင် လူ့ဘောင်အဖွဲ့အစည်း အလွှာပေါင်းစုံတို့မှ ပြည်သူလူထုတွေ တက်ကြွလှိုက်လှဲစွာ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဥပမာ Rajasthan ပြည်နယ်၊ Jalore ခရိုင်ဒေသကို ကြည့်မယ်ဆိုရင် ရှေးကတည်းက ရှိခဲ့ပြီး လှေကားထစ်တွေနှင့် ဆင်းသက်နိုင်တဲ့ ရေတွင်း တွင်းတို့ဟာ အမှိုက်သရိုက်တွေနှင့် ရေဆိုးတွေ ထားရှိရာအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ဒါပေမယ့် တနေ့မှာတော့ ဘာဒရာယန် နှင့် သာနာဝါလာ စတဲ့ကျေးရွာတို့မှ ရာနဲ့ချီတဲ့ ပြည်သူတို့ဟာ ရေထိန်းသိမ်းစောင့်ရှောက်ရေး လှုံ့ဆော်မှုကဏ္ဍအောက်မှာ အဲဒီအညစ်ကြေးတွေကို ရှင်းလင်းခဲ့ကြပါတယ်။ မိုးဦးကာလ မရောက်မီ ပြည်သူတို့ဟာ ရေပိတ်ဆို့စေတဲ့ အမှိုက်တွေနှင့် နွံတွေကိုဖယ်ရှားရေးအလုပ်ကို ရေထဲဆင်းပြီး လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီလှုံ့ဆော်မှုအတွက် တချို့က ငွေကြေး လှူဒါန်းကြသလို၊ တချို့ကလည်း သွေးချွေးတွေနှင့် လုပ်အားဒါန ပြုခဲ့ကြပါတယ်။ ရလဒ်အားဖြင့်တော့ အဲဒီရေတွင်းတွေဟာ ဒေသခဲ့တွေရဲ့ အသက်သွေးကျောတွေ ဖြစ်လာခဲ့ကြပါတယ်။

အလားတူ Uttar Pradesh ပြည်နယ်၊ ဘာရာဘန်ကီဒေသမှ ဧက ၁၀၀ ကျော် ကျယ်ဝန်းတဲ့ စာရာဟီ ရေကန်ကြီးဟာ ဒေသခံတွေရဲ့ စုပေါင်းလုပ်ဆောင်မှုစွမ်းရည်ကြောင့် ပျက်စီးတော့မယ့် အနေအထားကနေ ဆက်လက်စိုပြေ ရှင်သန်လာခဲ့ပါတယ်။ ကျေးရွာတွေဟာ အတူတကွ လက်တွဲပြီး လုပ်ဆောင်ခဲ့ကြပါတယ်။ ယခုအခါမှာတော့ ဒီရေကန်ကြီးဟာ ရေတွေနှင့် ပြည့်နက်နေပြီး ဘေးပတ်လည်ဝန်းကျင်မှာလည်း ကျေးငှက်သာရကာတို့ရဲ့ တေးသံတွေနှင့် ယာသာလှပလျှက် ရှိနေပြီဖြစ်ပါတယ်။

နောက်ဖြစ်ရပ်တခုကတော့ Uttarakhand ပြည်နယ်၊ အယ်လ်မိုရာဟာဒွါနီ ဟိုင်းဝေးလမ်းမတလျှောက်မှ ဆန်နီယာကော့ ကျေးရွာမှာ လူထုပါဝင်လုပ်ဆောင်မှုရဲ့ ဥပမာကောင်းတခု ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ရေဘေးအန္တရာယ် ကာကွယ်ဖို့အတွက် ကျေးရွာတွေဟာ ၎င်းတို့ရွာတွေကို ရေမဝင်စေဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြပါတယ်။ ဒေသခံတွေဟာ ငွေအရင်းအနှီး မတည်ပေးအပ်ခဲ့ကြပြီး ဒီအစီအစဉ်ကို စုပေါင်း လုပ်အားပေးမှုတွေကြောင့် ကီလိုမီတာနီးပါးရှည်လျားတဲ့ ပိုက် လုံးကို ကျေးရွာအထိ သွယ်တန်းခဲ့ပါတယ်။ ရေတင်စက်တလုံးကို တည်ဆောက်ခဲ့ကြပါတယ်။ ဒီလိုနှင့်ပဲ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်နေပြီဖြစ်တဲ့ ဘေးဒုက္ခပြဿနာ အဆုံးသတ်သွားခဲ့ပါတော့တယ်။ မိမိတို့နိုင်ငံဟာ ရေ ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ မရေတွက်နိုင်တဲ့ ဖြစ်ရပ်ဇာတ်ကြောင်းတွေနှင့် ပြည့်နက်နေပါတယ်။ ဒီကနေ့ကာလဟာ တနိုင်ငံလုံးအတိုင်းအတာအားဖြင့် ရေ ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ အလားတူ ထူးခြားလုပ်ဆောင်မှုတွေကို ကြားနာလိုကြပါတယ်။ အဲဒီအတွက် မိမိတို့ဝန်းကျင်မှာ လုပ်ဆောင်ခဲ့ကြတဲ့ ကာကွယ်စောင့်ရှောက်မှုတွေ၊ ရေတွင်းရေကန် တူးဖော်မှု ဖြစ်ရပ်တွေ၊ ဓာတ်ပုံတွေနှင့် ဗီဒီယိုတွေကို မပျက်မကွက် မျှဝေပေးကြဖို့ ကျွန်တော် တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ချစ်လှစွာသော နိုင်ငံသားအပေါင်းနှင့် လူငယ် မိတ်ဆွေအားလုံးတို့ခင်ဗျာ

‘Khelo India’ အားကစားပွဲတော် ကောင်းမွန်စွာ ကျင်းပလိုက်တဲ့အတွက် အာသံပြည်နယ် အစိုးရနှင့် ပြည်သူလူထုတို့ကို ယခု စိတ်နှလုံးမှ ပြောသောစကားများ ကဏ္ဍကတဆင့် ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ‘Khelo India’ အားကစား ပွဲတော်ကြီးဟာ Guwahati မြို့မှာ ဇန်နဝါရီလ ၂၂ ရက်နေ့က ပြီးစီးခဲ့ပါတယ်။ အဲဒီပွဲတော်မှာ ပြည်နယ်အသီးသီးတို့မှ ကစားသမား ထောင်ဝန်းကျင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပွဲတော်အတွင်း စံချိန် ၈၀ တို့ကို စံချိန်ချိုးနိုင်ခဲ့ပါတယ်။ အဲဒီ စံချိန် ၈၀ အနက် ၅၆ ခုတို့ကိုတော့ ကျွန်ုပ်တို့ရဲ့ သမီးကညာတွေက ချိုးယူခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် ဆုရရှိသူတွေနှင့်အတူ ယှဉ်ပြိုင်ပါဝင်သူအားလုံးတို့ကို ဂုဏ်ပြုလိုက်ပါတယ်။ မိတ်ဆွေများခင်ဗျာ… Khelo အိန္ဒိယတက္ကသိုလ် အားကစားပွဲတော်ကို Odisha ပြည်နယ် Cuttack နှင့် Bhubaneswar ဒေသတို့မှာ ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး အဲဒီပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ကစားသမား ၃၀၀၀ ကျော် အဆင့်မီ ရွေးချယ်ထားပြီးဖြစ်ပါတယ်။

ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့

လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က အိန္ဒိယနိုင်ငံရဲ့ နေရာဒေသ အသီးသီးတို့မှာ ပွဲတော်အမျိုးမျိုးတို့ကို ကျင်းပခဲ့ကြပါတယ်။ Punjab ပြည်နယ်ဟာ Lohri ပွဲတော် ကျင်းပလျှက် စိတ်အားထက်သန်မှုနှင့် နွေးထွေးမှုတွေကို ပျံ့နှံ့နေချိန်မှာ Tamil Nadu ပြည်နယ်က ညီအကို မောင်နှမတွေဟာ Pongal ပွဲတော်ကို ကျင်းပနေခဲ့ကြပါတယ်။ အာသံပြည်နယ်က ဘီဟူ ပွဲတော်ရဲ့ အနှစ်သာရနှင့် ပျော်ရွှင်မြူးထူး နေခဲ့ပါတယ်။ Gujarat ပြည်နယ်မှာ သင်တို့ဟာ နေရာတိုင်းမှာ ကောင်းကင်ပေါ်ကို စွန်တွေလွှတ်တင်တာနှင့် Uttaraayaan ပွဲတော်အတွက် ပြင်ဆင်ထားတဲ့ အခမ်းအနားတွေကို တွေ့မြင်နိုင်ပါတယ်။ အဲဒီလို ပတ်ဝန်းကျင်အခြေအနေတခုမှာ ဒေလီမြို့ဟာ သမိုင်းဝင် အခမ်းအနားတခုကို မြင်တွေ့ခဲ့ပါတယ်။ ထူးကဲလှတဲ့ သဘောတူစာချုပ်တခုကို ဒေလီမြို့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အဲဒီစာချုပ်နှင့်အတူ နှစ်ပေါင်း ၂၅ နှစ်ရှိသွားပြီဖြစ်တဲ့ Bru-Reang ဒုက္ခသည်တွေရဲ့ နာကြည်းဖွယ် အခန်းကဏ္ဍတခုကို ထာဝရအတွက် နိဂုံးချုပ်သွားစေခဲ့ပါတယ်။ မအားမလပ်ဖြစ်နေကြတဲ့ နေ့စဉ်လုပ်ငန်းတွေနှင့် ပွဲတော်ရာသီ အခါသမယကြောင့် သင်တို့ဟာ အဆိုပါသမိုင်းဝင် သဘောတူညီစာချုပ်ကို အသေးစိတ် လေ့လာနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်ုပ်ဟာ Mann Ki Baat အစီအစဉ်မှာ မပျက်မကွက် ဆွေးနွေးဖို့ စဉ်းစားမိခဲ့ပါတယ်။ ဒီပြဿနာဟာ ၁၉၉၀ ပြည့်နှစ်များကာလနှင့် သက်ဆိုင်ပါတယ်။ ၁၉၉၇ ခုနှစ်မှာ လူမျိုးရေးတင်းမာမှုတွေက Bru-Reang တိုင်းရင်းလူမျိုးတွေကို မီဇိုရန်ပြည်နယ်ကို စွန့်လွတ်ပြီး ထရိပူရ ပြည်နယ်ထဲ ဝင်ရောက်ခိုလှုံစေခဲ့ပါတယ်။ အဲဒီဒုက္ခသည်တွေကို ထရိပူရ ပြည်နယ်မြောက်ပိုင်း ကန်ချန်ပူရ်မြို့က ယာယီစခန်းတွေထဲမှာ ထားရှိခဲ့ပါတယ်။

Bru-Reang လူမျိုးစုတို့ဟာ သူတို့ဘဝရဲ့ ထူးကဲလှတဲ့ အစိတ်အပိုင်းကို ဒုက္ခသည်တွေအဖြစ် နေခဲ့ရတာက ရင်နာစရာ ကောင်းလှပါတယ်။ စခန်းတွေမှာ နေထိုင်ရတဲ့ဘဝဟာ သူတို့ကို အခြေခံ အခွင့်အရေးအားလုံးမှ ကင်းကွာစေခဲ့တယ်လို့ အဓိပ္ပါယ်ရပါတယ်။ နှစ်ပေါင်း ၂၃ နှစ်မျှသော ကာလမှာ သူတို့မိသားစုတွေအတွက် အိမ်ယာမရှိ၊ ဆေးဝါးကုသမှုမရှိ၊ သူတို့ကလေးသူငယ်တွေအတွက် ပညာရေး အခွင့်အလမ်းမရှိ ဖြစ်ခဲ့ကြပါတယ်။ သူတို့အတွက် စခန်းတွေမှာ ဒုက္ခသည်တွေအဖြစ် ၂၃ နှစ်ကြာ အခြေအနေနှင့်ကိုက်ညီအောင် ကြိုးပမ်းနေထိုင်ဖို့ အခက်အခဲတွေ ဘယ်လောက်ကြုံတွေ့ခဲ့ကြမလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ သူတို့ဘဝရဲ့ နေ့စဉ်နေ့တိုင်း၊ အချိန်တိုင်းမှာ မရေရာတဲ့ အနာဂါတ် ရှေ့ရှုရုန်းကန်ကြတာက ဘယ်လောက် ဒုက္ခဝေဒနာ ခံစားခဲ့ရပါမလဲ။ အစိုးရတွေအသီးသီး တက်လာပြီး ပြောင်းလဲသွားပေမယ့် သူတို့ရဲ့ ခံစားမှုအတွက် သက်သာမှု မရှိစေခဲ့ပါဘူး။ ဒီလိုဖြစ်နေတာတောင်မှ သူတို့တွေဟာ အိန္ဒိယ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ယဉ်ကျေးမှုကို ဆက်လက်ပြီး အပြည့်အဝ ယုံကြည်နေကြပါတယ်။ အဲဒီယုံကြည်မှုရဲ့ ရလဒ်အဖြစ် ယခုအခါမှာ သူတို့ဘဝရဲ့ အာရုဏ်သစ်တံခါးမုခ်ဆီသို့ ရောက်ရှိနေကြပြီးဖြစ်ပါတယ်။ အဆိုပါ သဘောတူစာချုပ်အရ ဂုဏ်သိက္ခာရှိတဲ့ဘဝကို ဦးတည်တဲ့လမ်းကြောင်းတခု သူတို့အတွက် ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပါတယ်။ နောက်ဆုံးမှာ ၂၀၂၀ ခုနှစ်ရဲ့ ဆယ်စုနှစ်သစ်ဟာ Bru-Reang လူမျိုးတို့အတွက် သူတို့ဘဝမှာ မျှော်လင့်ချက်ရောင်ခြည် သန်းလာခဲ့ပါတယ်။

ထရိပူရ ပြည်နယ်မှာ Bru-Reang ဒုက္ခသည်ပေါင်း ၃၄၀၀၀ ကျော်တို့ကို ပြန်လည်နေရာချထားမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ အစိုးရဟာ သူတို့ရဲ့ ပြန်လည်နေရာချထားရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရူပီးငွေ ကုဋေအများအပြား ထောက်ပံ့ပေးကမ်းသွားမှာ ဖြစ်ပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ မိသားစုတိုင်းကို နေအိမ်တည်ဆောက်ဖို့ အကူအညီရရှိစေမှာ ဖြစ်ပါတယ်။ နောက်ပြီး စားနပ်ရိက္ခာတွေလည်း ပေးကမ်းသွားမှာ ဖြစ်ပါတယ်။ ယခုအခါ သူတို့တွေဟာ ပြည်နယ်နှင့် ဗဟိုအစိုးရတို့ရဲ့ လူထုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကနေ အကျိုးအမြတ်ကို ခံစားကြရမယ်ဖြစ်ပါတယ်။ ဒီသဘောတူစာချုပ်ဟာ အကြောင်းအမျိုးမျိုးကြောင့် ထူးကဲလှပါတယ်။ ဒီစာချုပ်ဟာ သမ္မတ နိုင်ငံတော်ရဲ့ ယမဝါယမ စိတ်ဓာတ်ကို ထင်ရှားစေခဲ့ပါတယ်။ အဆိုပါ စာချုပ်ကို လက်မှတ်ရေးထိုးကြတဲ့အခါ မီဇိုရမ်နှင့် ထရိပူရတို့မှ ပြည်နယ်ဝန်ကြီးချုပ်တို့လည်း ရှိနေခဲ့ကြပါတယ်။ ဒီဟာချုပ်ဟာ အဲဒီပြည်နယ် ခုစလုံးတို့မှ ပြည်သူတို့ရဲ့ သဘောတူညီချက်နှင့် ဆုမွန်ကောင်းတွေကြောင့်သာ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်ုပ်ဟာ အထူးသဖြင့် ကျွန်ုပ်ရဲ့ ကျေးဇူးတင်ရှိမှုကို အဲဒီပြည်နယ် ခုစလုံးတို့မှ ပြည်သူတွေနှင့် ပြည်နယ် ဝန်ကြီးချုပ်တွေကို ဆက်သလိုပါတယ်။ အဲဒီစာချုပ်ဟာ စာနာထောက်ထားမှုနှင့် အိန္ဒိယယဉ်ကျေးမှု ခံစားချက်တွေကို အကျဉ်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

လူတိုင်းလူတိုင်းကို မိမိတို့ကိုယ်တိုင်ဖြစ်ပြီး အတူတကွ ပူးပေါင်းရေး စိတ်ဓာတ်နှင့် နေထိုင်ခြင်းဟာ ဒီလိုမွန်မြတ်တဲ့ လက္ခဏာတွေ နှလုံးသားထဲ ကိန်းဝပ်တည်ရှိနေခြင်းသာ ဖြစ်ပါတယ်။ ကျွန်ုပ်ဟာ တခါပြန်ပြီး အဲဒီပြည်နယ်တွေမှာ နေထိုင်ကြသူတွေနှင့် Bru-Reang လူမျိုးစုတို့အား ဂုဏ်ပြုလိုက်ပါတယ်။

ကျွန်ုပ်တို့ရဲ့ ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့ ခမ်းနားလှတဲ့ Khelo India အားကစား ပွဲတော်ကို အောင်မြင်စွာ ကျင်းပခဲ့တဲ့ အာသံပြည်နယ်ဟာ တခြားကြီးမားတဲ့ အောင်မြင်မှုတခုကို တွေ့မြင်ခဲ့ပါတယ်။ များမကြာမီက သင်တို့ဟာ သတင်းတွေထဲမှာ စစ်သွေးကြွအုပ်စု ခုတို့မှ စစ်သွေးကြွ ၆၄၄ ဦးတို့ဟာ သူတို့ရဲ့ လက်နက်တွေနှင့်အတူ အလင်းဝင်ခဲ့ကြတာကို ဖတ်ဖူးကြလိမ့်မယ် ဖြစ်ပါတယ်။ အကြမ်းဖက်ရေး လမ်းကြောင်းပေါ် ဦးတည်ချက်မရှိ သွားလာနေခဲ့ကြသူတွေဟာ သူတို့ရဲ့ ငြိမ်းချမ်းရေးအပေါ် ယုံကြည်ချက်ကို ဖော်ပြခဲ့ကြပြီး နိုင်ငံတော်ရဲ့ တိုးတက်မှုမှာ ဖက်စပ်လုပ်ကိုင်သူတွေဖြစ်လာဖို့နှင့် အဓိက ဘဝလမ်းကြောင်းထဲ ပြန်လာဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ လွန်ခဲ့တဲ့နှစ်ကလည်း ထရိပူရပြည်နယ်မှာ လူပေါင်း ၈၀ တို့ဟာ အကြမ်းဖက်ရေး လမ်းကြောင်းကိုစွန့်လွတ်ပြီး အဓိက ဘဝလမ်းကြောင်းထဲကို ပြန်ရောက်လာခဲ့ကြပါတယ်။ လက်နက်ဆွဲကိုင်တဲ့လူတွေဟာ အကြမ်းဖက်မှုက ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြသူတွေဖြစ်ကြပြီး ယခုအခါ သူတို့ဟာ ဘယ်သို့သော အငြင်းအခုန်မျိုးကိုမဆို ငြိမ်းချမ်းပြီး အတူတကွ ရပ်တည်ခြင်းဖြင့်သာ ဖြေရှင်းနိုင်တယ်ဆိုတာကို အခိုင်အမာ ယုံကြည်လျှက်ရှိကြပါတယ်။

နိုင်ငံသားအပေါင်းတို့ဟာ အရှေ့မြောက်ဖက် ပြည်နယ်ဒေသတွေမှာ သူပုန်ထကြွမှု သိသိသာသာ လျော့နည်းလာတာကို သိရှိခြင်းအားဖြင့် အံ့အားသင့်ကြမယ်ဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ အကြီးမားဆုံး အကြောင်းတရားကတော့ အဲဒီဒေသအတွင်းက ပြဿနာတိုင်းကို ရိုးသားစွာနှင့် ငြိမ်းချမ်းစွာ ဆွေးနွေးပွဲတွေမှတဆင့် ဖြေရှင်းခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ သမ္မတနိုင်ငံတော်ရဲ့ မွန်မြတ်တဲ့ အခါသမယမှာ နိုင်ငံတော်ရဲ့ အစိတ်အပိုင်းအားလုံးမှ လူတိုင်းလူတိုင်းတို့ ယခုတိုင် ပြဿနာတွေကို အကြမ်းဖက်မှုနှင့် လက်နက်တွေနှင့် ဖြေရှင်းလိုကြသူတို့ကို အဓိက လူနေမှုဘဝ လမ်းကြောင်းထဲ ပြန်လာကြဖို့ မေတ္တာရပ်ခံပါတယ်။ သူတို့အနေနှင့် ပြဿနာတွေကို အေးချမ်းစွာ ဖြေရှင်းနိုင်ဖို့အတွက် မိမိတို့ကိုယ်ပိုင်စွမ်းရည်နှင့် ဒီနိုင်ငံရဲ့စွမ်းရည်တို့အပေါ် ယုံကြည်မှုရှိရမယ် ဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ ၂၁ ရာစုနှစ်မှာ နေထိုင်နေကြပါတယ်။ အဲဒီရာစုနှစ်ဟာ ဗဟုသုတ၊ သိပ္ပံနှင့် ဒီမိုကရေစီတို့ရဲ့ ခေတ်ကာလဖြစ်ပါတယ်။ သင်တို့ဟာ အကြမ်းဖက် အဓိကရုဏ်းတွေကြောင့် လူနေမှုဘဝ ပိုမိုတိုးတက်ကောင်းမွန်ခဲ့တဲ့ နေရာကို ကြားဖူးပါသလား။ သင်တို့ဟာ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးမှုက ဘဝကောင်းတခုအတွက် အဟန့်အတားဖြစ်စေတဲ့နေရာကို ကြားဖူးပါသလား။ ကမ္ဘာပေါ်မှာ ဘယ်ပြဿနာကိုမဆို ဘယ်သောအခါမှ အကြမ်းဖက်မှုနှင့် ဖြေရှင်းလို့မရပါဘူး။ ဒီပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းချက်တခု ရှာဖွေခြင်းအားဖြင့်သာ ဖြေရှင်းနိုင်ပါတယ်။ စည်းလုံးညီညွတ်ခြင်းက ပြဿနာတိုင်းကို ဖြေရှင်းရာမှာ သော့လျက်တခုဖြစ်သင့်ပါတယ်။ နောက်ပြီး ညီရင်းအကိုပမာ နေထိုင်ခြင်းက ကျွန်ုပ်တို့ကို ခွဲခြမ်းလိုတဲ့ ကျိုးပမ်းမှုအားလုံးကို ပျက်သုဉ်းစေရမယ် ဖြစ်ပါတယ်။

ကျွန်ုပ်ရဲ့ ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့

မွန်မြတ်တဲ့ သမ္မတနိုင်ငံတော်နေ့ အခါသမယမှာ Gagayaan နှင့်ပတ်သက်ပြီး သင်တို့ကို ပြောပြရာမှာ အလွန်ကြီးမားတဲ့ ကြည်နူးမှုကို ရရှိစေပါတယ်။ နိုင်ငံတော်ဟာ ဒီပန်းတိုင်ကို ရှေ့ရှုပြီး နောက်ထပ်ခြေတလှမ်း လှမ်းလိုက်ပါတယ်။ လာမယ့် ၂၀၂၂ ခုနှစ်မှာ ကျွန်ုပ်တို့ဟာ ၇၅ ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ကျင်းပကြလိမ့်မယ်ဖြစ်ပါတယ်။ အဲဒီအခါသမယမှာ အိန္ဒိယနိုင်ငံသား တဦးကို Gagayaan မစ်ရှင်မှတဆင့် အာကာသထဲ စေလွှတ်ဖို့ သံဓိဋ္ဌာန်ကို ဖြည့်ဆည်းသွားဖို့ရှိပါတယ်။ ဒီမစ်ရှင်ခရီးဟာ ၂၁ ရာစုနှစ်မှာ အိန္ဒိယနိုင်ငံအတွက် သိပ္ပံနှင့် နည်းပညာနယ်ပယ်မှာ သမိုင်းဝင် အောင်မြင်မှုတခု ဖြစ်ပါလိမ့်မယ်။ ဒီမစ်ရှင်ဟာ အိန္ဒိယနိုင်ငံသစ်အတွက် သမိုင်းမှတ်တိုင်တခု ဖြစ်ပါလိမ့်မယ်။

ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့

လွန်ခဲ့တဲ့နှစ် မတ်လအတွင်း ဗီဒီယိုတခုဟာ သတင်းမီဒီယာတွေနှင့် လူမှုရေး ကွန်ယက်တွေပေါ်မှာ အာရုံဆွဲဆောင်မှုရှိစေဖို့ အခရာတခု ဖြစ်ခဲ့ပါတယ်။ အကြောင်းအရင်းကတော့ အသက် ၁၀၇ နှစ်ရှိပြီဖြစ်တဲ့ အမျိုးသမီးတဦးဟာ အစဉ်အလာတွေကိုချိုးဖောက်ပြီး သမ္မတအား ဆုမွန်ကောင်း တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။ သူမကို Padma Shri ဆုတံဆိပ်နှင့် ချီးမြှင့်ဂုဏ်ပြုခဲ့ပါတယ်။ မိတ်ဆွေအပေါင်းတို့ ယခုခေတ်အခါမှာ အိန္ဒိယနိုင်ငံဟာ အဲဒီလို မဟာပုဂ္ဂိုလ်တွေကို ဂုဏ်ပြုပြီး မိမိကိုယ်ကို နှိမ့်ချထားသူတွေကို ဂုဏ်ပြုဖို့အတွက် ဂုဏ်ယူလျှက်ရှိပါတယ်။ နှစ်စဉ်နှစ်တိုင်းလိုပဲ Padma ဆုတံဆိပ်တွေကို ကြေညာခဲ့ပါတယ်။ ကျွန်တော်ဟာ သူတို့လို ဆုရရှိကြသူ တဦးစီတိုင်းနှင့်ပတ်သက်ပြီး ဖတ်ကြည့်ကြဖို့ သင်တို့ကို တိုက်တွန်းလိုပါတယ်။

ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့

သမ္မတနိုင်ငံတော်နေ့အလွန်ကာလမှာ တခါပြန်ပြီး ဆုမွန်ကောင်းများစွာ ဆက်သလိုက်ပါတယ်။ ဒီဆယ်စုနှစ်သစ်ဟာ သင်တို့တဦးစီတိုင်းအတွက် သံဓိဋ္ဌာန်သစ်တွေနှင့် အောင်မြင်မှုအသစ်တွေ ရရှိကြပါစေ။ နောက်ပြီး အိန္ဒိယနိုင်ငံဟာ ကမ္ဘာကြီးရဲ့ အိန္ဒိယနိုင်ငံထံမှ မျှော်ကိုးချက်အားလုံးတို့ကို ဖြည့်ဆည်းပေးနိုင်ငံ စွမ်းရည်ဂုဏ်သတ္တိတွေနှင့် ဧကန်မုချ အောင်မြင်နိုင်ပါစေ။ ဒီယုံကြည်ချက်နှင့်အတူ ဆယ်စုနှစ်သစ်ကို စတင်ကြပါစို့။ အသစ်တွေရှိထားတဲ့ သံဓိဋ္ဌာန်နှင့်အတူ အမိအိန္ဒိယနိုင်ငံတော်ကြီးကို ခစားကြပါစို့။

ကျေးဇူးများစွာတင်ရှိလျှက် Namaskar