ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၃၉၇ ဦးအထိ မြှင့်တက်လာခဲ့ပြီးနောက် အစိုးရသည် COVID-19 ကူးစက်ပြန့်ပွားသည့် နေရာများကို သိရှိထိန်းချုပ်နိုင်ရန် တင်းကျပ်သည့် ဆက်သွယ်ရေးနှင့် လူအစုလိုက်အပြုံလိုက် ကန့်သတ်ထိန်းချုပ်သည့် နည်းလမ်းအသုံးပြုလုပ်ဆောင်နေ

အစိုးရသည် COVID-19 ကူးစက်ပြန့်ပွားသည့် နေရာများကို သိရှိထိန်းချုပ်နိုင်ရန် တင်းကျပ်သည့် ဆက်သွယ်ရေးစနစ်နှင့် လူအစုလိုက်အပြုံလိုက် ကန့်သတ်ထိန်းချုပ်သည့် နည်းလမ်းအသုံးပြုလုပ်ဆောင်နေသည်။ ကျန်းမာရေးဝန်ကြီးဌာန ပူးတွဲအတွင်းရေးမှူး Lav Aggarwal မှ ယနေ့ နယူးဒေလီမြို့တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ရာတွင် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့သည့်နေရာ စုစုပေါင်း ၁၂၀၀ ရှိပြီး၊ ကူးစက်ပြန့်ပွားသည့် နေရာများ တိုးမြှင့်လာနေကြောင်း ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၁၃၉၇ ဦးရှိပြီး သေဆုံးသူ ၃၅ ဦးရှိကာ ၁၂၄ ဦးမှာ ပြန်လည် ကျန်းမာလာခဲ့ကြောင်း ၎င်းက ပြောသည်။ အိန္ဒိယနိုင်ငံ၏ ဆေးဖက်ဆိုင်ရာ သုတေသနကောင်စီ (ICMR) မှ Dr Raman R Gangakhedkar ကပြောကြားရာတွင်၊ သွေးနမူနာ ၄၂,၀၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး၊ တနိုင်ငံလုံးတွင် ကောင်းစွာလုပ်ဆောင်နိုင်သည့် စမ်းသပ်ခန်း ၁၂၃ ခုရှိပြီး၊ ပုဂ္ဂလိကပိုင် စမ်းသပ်ခန်း ၄၉ ခု ရှိကြောင်းပြောသည်။ လူနာ ၃၉၉ ဦးတို့အား ပုဂ္ဂလိက စမ်းသပ်ခန်းတွင် ယမန်နေ့က စစ်ဆေးခဲ့ကြောင်း ၎င်းကပြောသည်။ COVID-19 အား ကုသနိုင်မည့် ဆေးဝါးကိုဖန်တီး ထုတ်လုပ်နိုင်ရန် ICMR ဌာနသည် ဇီဝနည်းပညာဌာန နှင့် သိပ္ပံနှင့်စက်မှုနည်းပညာ သုသေတန ကောင်စီ (CSIR) တို့ဖြင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။