နီပေါနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုဖြင့် တတိယမြောက် လူနာ သေဆုံးခဲ့ပြီး ကူးစက်မှု ၄၅၃ ဦးအထိ တိုးများလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။

ကြာသပတေးနေ့၌ နီပေါနိုင်ငံတွင် အသက် ၄၁ နှစ်အရွယ် အမျိုးသားတဦးသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် သေဆုံးသွားခဲ့ပြီး ထိုနေ့တွင် ရောဂါကူးစက်မှု ၂၆ ဦး ထပ်မံဖြစ်ပွားခဲ့ရာ စုစုပေါင်း ကူးစက်ခံရသူ ၄၅၃ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဖော်ပြခဲ့သည်။ ထပ်မံသေဆုံးမှုနှင့်အတူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုတိုးများလာခြင်းသည် နီပေါနိုင်ငံအစိုးရကို မြို့တော်အတွင်းသို့ ပြည်သူများ ဝင်ရောက်ခွင့် လုံးဝတင်းကျပ်လျှက် ခတ္တမန္ဓု ချိုင့်ဝှမ်းဒေသကို ပိတ်ဆီးရမှု ဖြစ်ပွားစေခဲ့သည်။ နောက်ထပ်သေဆုံးမှုကို Rupandehi ခရိုင်မှ အစီရင်ခံဖော်ပြထားပြီး အဆိုပါလူနာသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားသည်ကို စမ်းသပ်တွေ့ရှိခဲ့သည်ဟု ဝန်ကြီးဌာနမှ ထိပ်တန်း ကျန်းမာရေး အာဏာပိုင်တဦးက ဖော်ပြခဲ့ကြောင်း။