နီပေါနိုင်ငံသည် Kalapani အငြင်းပွားမှုအနိုင်ရရရှိရန် လုပ်ဆောင်လိုက်ခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံရေးရာ လေ့လာသုံးသပ်သူဆောင်းပါးရှင် Rattan Saldi ရေးသားပေးပို့ထားတဲ့ “နီပေါနိုင်ငံသည် Kalapani အငြင်းပွားမှုအနိုင်ရရရှိရန် လုပ်ဆောင်လိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

နီပေါနိုင်ငံဟာ အိန္ဒိယနိုင်ငံ၊ Uttarakhand ပြည်နယ်၊ Pithoragarh ခရိုင်နှင့် နီပေါနိုင်ငံ အနောက်ဖျားပိုင်း၊ Dharchula ခရိုင်မှာရှိတဲ့ အိန္ဒိယ၊ နီပေါ၊ တရုပ် သုံးပွင့်ဆိုင် Kalapani ဒေသ နယ်နိမိတ် အငြင်းပွားမှုနှင့်ပတ်သက်ပြီး ရန်ပြုလိုတဲ့အရိပ်အရောင်ကို ထပ်မံပြသလိုက်ပါတယ်။ နီပေါနိုင်ငံ ကွန်မြူနစ်အစိုးရက မေလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ဒီနိုင်ငံရဲ့ ပထဝီမြေပုံသစ်တခုဟာ ယခုနောက်ဆုံးသော အငြင်းပွားမှုကို ပြန်ဆွပေးခဲ့ပါတယ်။ ဝန်ကြီးချုပ် K. P. Sharma Oli ရဲ့ ကတ်ဘိနက်အဖွဲ့ ၂ ရက်အကြာက အတည်ပြုပေးခဲ့တဲ့ မြေပုံသစ်မှာ Kalapani၊ Limpiyadhura နှင့် Lipulekh ဒေသများကို နီပေါနိုင်ငံ မြေနယ်နိမိတ်အဖြစ် ပြသထားသည်။ ဤဒေသများသည် နယူးဒေလီအစိုးရက Jammu ၊ Kashmir နှင့် Ladakh ဒေသများကို ပြည်ထောင်စုနယ်မြေများအဖြစ် ပြန်လည်သတ်မှတ်ထားရှိပြီးနောက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ထုတ် အိန္ဒိယနိုင်ငံ နယ်နိမိတ်ပြမြေပုံ၏ အစိတ်အပိုင်းများဖြစ်ကြသည်။

အိန္ဒိယနှင့် နီပေါ နှစ်နိုင်ငံစလုံးတို့တွင် လူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးရာ ဆက်ဆံရေးများ အလွန်ကောင်းမွန်နေကြသည့် အိမ်နီးချင်းမိတ်ဆွေများ ဖြစ်ကြပါသည်။ နီပေါနိုင်ငံ၏ ဖော်ပြချက်နှင့်ပတ်သက်၍ အငြင်းပွားနေမှု သေးငယ်သော်လည်း ဟိမဝန္တာတောင်တန်း၊ Kalapani ဒေသမှဖြစ်ဖျားခံလာခဲ့သည့် Kali မြစ်အနီးရှိ မဟာဗျူဟာ ဒေသတကျောဖြစ်ပါသည်။ ဤအရာ၏ အကြောင်းရင်း ဇာစ်မြစ်မှာ ၁၈၁၆ ခုနှစ်၊ Sagauli စာချုပ်တွင် အခြေတည်လျှက်ရှိပါတယ်။ ၁၈၁၆ခုနှစ်၊ မတ်လတွင် အကျုံးဝင်လာခဲ့ပြီး ၁၈၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် နီပေါဘုရင့်နိုင်ငံတော်နှင့် ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီတို့အကြား လက်မှတ်ရေးထိုးခဲ့သည့် Sagauli စာချုပ်၏ အပိုဒ် ၅ အရ Kali မြစ်၏ အနောက်ဘက် နယ်မြေအားလုံး အိန္ဒိယနိုင်ငံဖြစ်ပြီး ကျန် မြစ်အရှေ့ဘက်ဒေသအားလုံး နီပေါနိုင်ငံဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် Kali ဖြစ်သည် အိန္ဒိယ-နီပေါ-တရုပ် သုံးပွင့်ဆိုင် နယ်စပ်ဒေသအနီး အိန္ဒိယနှင့် နီပေါနိုင်ငံတို့အကြား နယ်စပ်ဒေသဖြစ်လာခဲ့သည်။ ထို့အပြင် ၂ နိုင်ငံတို့အကြား Mahakali မြစ်အနေဖြင့် အဓိက နယ်ခြားဖြစ်ကြီးအဖြစ်တည်ရှိရေး နိဒါန်းပျိုးသည့်အနေဖြင့် Tanakpur Barrage နှင့် Pancheshwar Hydel လျှပ်စစ်ဓါတ်အား စီမံကိန်းတည်ဆောက်ဖို့ ၁၉၉၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အိန္ဒိယနှင့် နီပေါနိုင်ငံတို့အကြား Mahakali သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အိန္ဒိယကာကွဝ်ရေးဝန်ကြီး Raj Nath Singh ဟာ ယခုလ ၈ ရက်နေ့မှာ Uttarakhand ပြည်နယ်၊ Pithoragarh ခရိုင်ရှိ Lipulekh နှင့် Dharchula မြို့တို့ကို ဆက်သွဝ်ပေးထားပြီး ၈၀ ကီလိုမီတာ ရှည်လျားကာ အိန္ဒိယနိုင်ငံက ဖောက်လုပ်ပေးခဲ့တဲ့လမ်းမက်ို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီလမ်းမဟာ တိဗက်တို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Kailash-Mansarovar ဒေသသို့ ကုန်သွယ်ရေးန်ှု့ ဘုရားဖူးခရီး အဆင်ပြေစေဖို့ ဖောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ နီပေါနိုင်ငံ ပါလီမန်အမတ်တွေက အတိုက်အခံတွေရော၊ အာဏာရတွေပါမကျန် အများပြည်သူလူထုကပါ ဆန္ဒပြသမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ နီပေါနိုင်ငံဟာ ဒီကိစ္စကို နယူးဒေလီအစိုးရနှင့်အတူ သံတမံအဆင့်မှာ ဆွေးနွေးဖို့ လုပ်ဆောင်ခဲ့ပါတယ်။ အိန္ဒိယကလည်း Covid-၁၉ ကပ်ရောဂါ ပြီးဆုံးသွားတဲ့အခါ ဒီအရေးကိစ္စအပေါ် ဆွေးနွေးဖို့သဘောရှိကြောင်း ဖော်ပြခဲ့ပါတယ်။

အံအားသင့်ဖွယ်အဖြစ်နှင့် ဝန်ကြီးချုပ် K P Sharma ‘Oli’ ဟာ Limpiyadhura၊ Kalapani နှင့် Lipulekh ဒေသတို့က နီပေါနိုင်ငံရဲ့အစိတ်အပိုင်းဖြစ်ကြောင်းနှင့် ဘယ်နည်းနှင့်မဆို ပြန်လည်ရယူသွားမှာဖြစ်တယ်လို့ နီပေါနိုင်ငံ ပါလီမန်လွှတ်တော်မှာ ဖော်ပြခဲ့ပါတယ်။ ၎င်းရဲ့အစိုးရဟာ ဒီကိစ္စနှင့်ပတ်သက်ပြီး တရုပ်နိုင်ငံနှင့်လည်း ထိတွေ့လုပ်ဆောင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ နီပေါနိုင်ငံရဲ့ အဆိုပြုချက်ကိုငြင်းဆိုလိုက်ပြီး နီပေါနိုင်ငံရဲ့မြေပုံဟာ သမိုင်းအချက်အလက်နှင့် အထောက်အထားအပေါ် အခြေခံတာမဟုတ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ယခုလို နယ်နယ်မိတ်ချဲ့ထွင်ဖော်ပြတာမျိုးကို နယူးဒေလီအစိုးရအတွက် လက်မခံစရာဖြစ်ပါတယ်။

Mr. Oli သည် Covid-19 ဗိုင်းရပ်စ်ပိုးအနေဖြင့် တရုပ် သို့မဟုတ် အီတလီ နိုင်ငံများထက် အိန္ဒိယနိုင်ငံမှ ပြန်လာကြသည့်လူများတွင် ပိုမိုအဖြစ်များကြောင်းဖော်ပြလျှက် ၎င်းရောဂါပျံ့နှံ့မှုအတွက် အိန္ဒိယနိုင်ငံကို အပစ်တင်ဖော်ပြခဲ့သည်။ ဤအချက်မှာ နီပေါနိုင်ငံအတွင်း မျိုးချစ်စိတ် ပေါ်ပေါက်ရေးဆွဲဆောင်ရန်ဖော်ပြချက်လည်း ရည်ရွယ်ထားဟန်ရှိသည်။ နီပေါနိုင်ငံ ကွန်မြူနစ်ပါတီတွင် ပါတီတွင်းအကျပ်အတည်းများမှ လွတ်မြောက်ရေးကြိုးပမ်းဖော်ပြချက်လည်း ဖြစ်နိုင်သည့်အတွက် အိန္ဒိယနိုင်ငံအနေဖြင့် သတိဝီရိယ ရှိသွားရမည်ဖြစ်သည်။

သို့သော် ၂ နိုင်ငံတို့သည် ရာစုနှစ်ချီ ချစ်ကြည်ရင်းနှီးမှုများ ထားရှိနေကြသည့်အလျောက် ဤအရေးကိစ္စကို မိတ်မပျက်ဘဲ အစောဆုံး ဖြေရှင်းနိုင်ရေး လုပ်ဆောင်သွားသင့်ပါသည်. စသဖြင့် ဆောင်းပါးရှင် Rattan Saldi ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်။