ဝန်ကြီးချုပ် Modi သည် Amphan စိုင်ကလုံးမုန်တိုင်း တိုက်ခတ်ခဲ့ရာတွင် အခြေအနေများကို စစ်ဆေးကြည့်ရှုရန် West Bengal နှင့် Odisha ပြည်နယ်သို့ သွားရောက်မည်ဖြစ်သည်။

ယနေ့မနက်ပိုင်း၌ ဝန်ကြီးချုပ် Narendra Modi သည် Amphan စိုင်ကလုံးမုန်တိုင်း တိုက်ခတ်ခဲ့ရာတွင် အခြေအနေများကို စစ်ဆေးကြည့်ရှုရန် West Bengal နှင့် Odisha ပြည်နယ်သို့ သွားရောက်ခဲ့သည်။ အဆိုပါမုန်တိုင်းသည် စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံများကို ပျက်စီးစေသည့်အပြင် ပြည်နယ်ရှိ ခရိုင်ဒေသ အများအပြားတို့အတွင်း အသက်အိုးအိမ် စည်းစိမ်တို့ကိုလည်း ထိခိုက်ပျက်စီးစေခဲ့သည်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၇၂ ဦး သေဆုံးခဲ့သည်။ West Bengal ပြည်နယ်အစိုးရသည် သက်သာလျော့ပါးရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် ရံပုံငွေ ရူပီး ကုဋေ ၁ ထောင် ထားရှိရန် ဆုံးဖြတ်ခဲ့သည်။ ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မုန်းတိုင်းတိုက်ခတ်ခဲ့သည့် Bashirhat ဒေသနှင့် ဦးစွာ ကပ်ဘေးကျရောက်မှုခံခဲ့ရသည့် Sundarbans ဒေသတို့ကို ဝေဟင်မှ စစ်ဆေးမှုများ ပြုလုပ်သွားကြမည်ဖြစ်ကြောင်း။