သီရိလင်္ကာနိုင်ငံ၌ လူအုပ်ကြီးပြိုကျမှုတခုတွင် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိသွားသည်။

ကြာသပတေးနေ့၌ သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့တွင် ပဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်တဦးသည် ငွေကြေးဝေငှမှုများပြုလုပ်နေခဲ့စဉ် တိုးဝှေ့နေသည့် လူအုပ်ကြီးပြိုကျသွားခဲ့ရာ အမျိုးသမီး ၃ ဦးသေဆုံးခဲ့ပြီး အခြားသူ ၉ ဦးတို့ ဒဏ်ရာရရှိသွားသည်။ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရာတွင် အဆိုပါ လုပ်ငန်းရှင်တဦးသည် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ခွင့်ပြုချက်လက်မှတ်တခု ရရှိခဲ့ကြောင်း ထိပ်တန်း ရဲညွှန်မှူးချုပ် Deshabandu Tennakoon က ဖော်ပြခဲ့သည်။ ဤလုပ်ငန်းရှင်သည် ယခုကဲ့သို့ ပုဂ္ဂလိက လှူဒါန်းပေးဝေမှုပြုရန် သက်ဆိုင်ရာ အာဏာပိုင်များထံသို့ အသိပေး အကြောင်းကြားခဲ့ခြင်းမရှိကြောင်း ၎င်းက ဖော်ပြခဲ့သည်။ အဆိုပါ လူပြိုကျမှု ဖြစ်ပွားစဉ်တွင် ပြည်သူလူထု ရာပေါင်းများစွာတို့သည် ဤငွေကြေးပေးဝေရာသို့ ရာရောက်ခဲ့ကြကြောင်း။