အိန္ဒိယနိုင်ငံသည် အရှိန်အဟုန်ဖြင့် တိုးတက်ဖွံ့ဖြိုးရေးသို့ မကြာမီ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က စက်မှုလုပ်ငန်းသို့ပြောကြားလိုက်ခြင်း

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ ဝါရင့်စီးပွားရေးသတင်းထောက် ဆောင်းပါးရှင် G. Srinivasan ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံသည် အရှိန်အဟုန်ဖြင့် တိုးတက်ဖွံ့ဖြိုးရေးသို့ မကြာမီ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က စက်မှုလုပ်ငန်းသို့ပြောကြားလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်အစီအရင်ခံ တင်ပြသွားမှာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ဖွဲ့စည်းတည်ဆောက်ပုံ ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံကိုပြောင်းလဲစေကာ COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ပြီး၊ တိုးတက်ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိကာ၊ တိုးတက်ဖွံ့ဖြိုးရေးခရီးလမ်းပေါ်တွင် ပုဂ္ဂလိက ကဏ္ဍသည် ပူးပေါင်းလုပ်ဆောင်သူဖြစ်လာခဲ့ပါတယ်။ ဒါတွေကတော့ နယူဒေလီမှာ အွန်လိုင်းကတဆင့် ကျင်းပခဲ့တဲ့ အိန္ဒိယစက်မှုလုပ်ငန်းများအဖွဲ့ချုပ် (CII) ရဲ့ ၁၂၅ ကြိမ်မြောက် နှစ်ပတ်လည်အစည်းပွဲမှာ ဝန်ကြီးချုပ် Narendra Modi က ပြောကြားခဲ့တဲ့ အကျိုးပြုစေတဲ့ သတင်းစကားတွေဘဲဖြစ်ပါတယ်။ ဝန်ကြီးချုပ် Modi က တွယ်ဝိုက်ပြီးပြောမနေဘဲ၊ “အတူတကွပူးပေါင်းလုပ်ဆောင်ရင် ကျွန်ုပ်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သေချာပေါက် ပြန်လည်ရရှိမှာဖြစ်ပါတယ်” လို့ စက်မှုလုပ်ငန်းအဖွဲ့ချုပ်ကို ဘွင်းဘွင်းဘဲ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

သောကများ ပတ်လည်ဝိုင်းနေတဲ့ ပြည်တွင်းစွန့်ဦးတီထွင် လုပ်ငန်းရှင်းများကို ယုံကြည်မှုများ ပြန်လည်တည်ဆောက်ပေးရာတွင်၊ နိုင်ငံ၏ စွမ်းဆောင်ရည်နဲ့ ဘေးကျပ်နံကျပ်ကာလအား ဖြေရှင်းနိုင်စွမ်းတို့ကို မတွန့်မဆုတ်ယုံကြည်ထားကြောင်း ဝန်ကြီးချုပ်က အခိုင်အမာပြောဆိုခဲ့ပြီး၊ အိန္ဒိယနိုင်ငံမှ မတူညီ ကွဲပြားသည့် ကျွမ်းကျင်မှုများနှင့် နည်းပညာများ၊ တီထွင်ဖန်တီးမှုနှင့် ဉာဏ်ပညာများ၊ အားသွန်ခွန်စိုက်အလုပ်လုပ်သည့် တိုင်းပြည်ရဲ့လယ်သမားများ နဲ့ စီးပွားရေးမှာ အခရာဖြစ်တဲ့ မိုက်ခရို၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) အားလုံးတို့က မကြာမီအချိန်အတွင်းမှာဘဲ နိုင်ငံအား ဖွံ့ဖြိုးတိုးတက်ရေးသို့ ပြန်လည်ရောက်ရှိအောင် တွန်းတင်နိုင်လိမ့်မယ်လို့ ၎င်းက ယုံကြည်မျှော်လင့်ထားပါတယ်။ နိုင်ငံ့ GDP ၏ ၃၀% ရှိသော MSME အပိုင်းနဲ့အတူ၊ နောက်ဆုံးအဓိပ္ပါယ်ဖွင့်ဆိုချက်အရ၊ အစိုးရမှ နိုင်ငံတကာမှဝယ်ယူမှုအစား ရူပီး ကုဋေ ၂၀၀ အား အဆိုပါကဏ္ဍများကို ဦးစားပေးခြင်းဖြင့် MSME ကဏ္ဍမှောင်းနှင်အားမှာ အားဖြည့်ပေးသလိုဖြစ်စေမည့် ကိုယ့်အားကိုယ်ကိုး စီးပွားရေးကို ဖန်းတီးနိုင်မည့်အရာ အား ဝန်ကြီးချုပ်က ရှင်းလင်းစွာ ထောက်ပြခဲ့ပါတယ်။

စီးပွားရေးကဏ္ဍဟာ လုပ်ငန်းဆောင်တာများကို နှေးကွေးစေတဲ့  ပြဿနာနှစ်ရပ်ကို ကျော်လွှားနေရပြီး၊ COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် လွန်ခဲ့သော မတ်လ ၂၅ ရက်နေ့ကစပြီး lockdown ချမှတ်ခဲ့ပြီးနောက် ၊ ရှုံးနိမ့်သွားသည့် မြေပြင်အခြေအနေများကို ပြန်လည် ကယ်တင်နိုင်ဖို့ အစိုးရမှာ စိတ်ဆန္ဒပြင်းပြနေခဲ့ပါတယ်။ သက်ဆိုင်သူများအားလုံးကို ထောက်ပံ့မှုပေးသည့် ငွေကြေးဆိုင်ရာ အကူအညီ ရူပီးငွေ ကုဋေ ၂၀ အပြင်၊ လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်ကဘဲ ဝန်ကြီးချုပ်က စီးပွားရေး၊ အခြေခံအဆောက်အအုံ၊ စနစ်၊ လူဦးရေစိစစ် စာရင်းပြုစုခြင်းနှင့် တောင်ဆိုးမှု စသည့်အဓိကပင်မထောက်တိုင် ၅ ခုတွင် ဗဟိုပြုကာ ကိုယ့်အားကိုယ်ကိုး အိန္ဒိယ Aatmanirbhar Bharat ကို ဖော်ဆောင်ကြပါရန် ထက်ထက်သန်သန် တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများကို စနစ်တကျ၊ ဘက်ပေါင်းစုံပါဝင်မှုနှင့် ချိတ်ဆက်မှုရှိခြင်းတို့နှင့်အတူ လုပ်ဆောင်ခဲ့ခြင်းများကို ဝန်ကြီးချုပ်က ကျယ်ပြန့်စွာ ရှင်းလင်းပြောဆိုခဲ့ပြီး၊ မရှိမဖြစ်လိုအပ်သည့် စားသောက်ကုန်ဆိုင်ရာ အက်ဥပဒေ၊ စိုက်ပျိုးရေးထုတ်ကုန်များ စျေးကွက်သို့ ဖြန့်ဝေရေးကော်မတီ အက်ဥပဒေ တို့ကို ပြန်လည်ပြင်ဆင်ပေးနိုင်ခဲ့ကာ၊ လယ်ယာထွက်ကုန် စိုက်ပျိုးသီးနှံများကို သိုလှောင်ရုံများတွင် ထားရှိကာ အီလက်ထရောနစ် ကုန်သွယ်ရေးစနစ်မှတဆင့် ရောင်းချသွားနိုင်မယ့် စိုက်ပျိုးရေးထုတ်ကုန် ကုန်သွယ်ရေး လမ်းကြောင်းကို ဖွင့်ပေးခဲ့ပါတယ်။ အလုပ်သမားဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကလည်း အလုပ်အကိုင်အခွင့်အရေးများကို ပိုမိုဖန်တီးပေးခဲ့ကာ၊ နိုင်ငံအနှံ့ အလုပ်သမားလိုအပ်မှုကြောင့် ထုတ်ကုန်များ လျော့ကျခြင်းကို တားဆီးပေးခဲ့ပါတယ်။

အစောပိုင်းက ပိတ်ပင်ထားတဲ့ မဟာဗျူဟာကျမဟုတ်သည့်ကဏ္ဍများမှာ ပုဂ္ဂလိက စက်မှုလုပ်ငန်းများဝင်ရောက်လုပ်ကိုင်ခွင့်အား ယခုအချိန်မှာ ဖွင့်လှစ်ပေးလိုက်ပြီး၊ စီးပွားဖြစ် သတ္တုတွင်းလုပ်ငန်းမှာ ကျောက်မီးသွေးတူးဖော်ရေးကဏ္ဍကို လုပ်ဆောင်ခွင့် ဖွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ သတ္တုတူးဖော်ရေးလုပ်ငန်း သို့မဟုတ် စွမ်းအင် သို့မဟုတ် သုတေသနနှင့် နည်းပညာကဏ္ဍများသော်လည်းကောင်း၊ စက်မှုလက်မှုကဏ္ဍများနှင့် လူငယ်များ အနေဖြင့် တိုးတက်မှုအတွက် များပြားသည့် အခွင့်အရေးများကို ရရှိကြမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

အိန္ဒိယနိုင်ငံတွင်ပြုလုပ်ရေး ရည်မှန်းချက်က အလုပ်အကိုင်ဖန်တီးမှုတွင် အဓိကမောင်းနှင်အားဖြစ်လာပြီး၊ အလုပ်အကိုင်များက ပရိဘောဂများ၊ လေအေးစက်များ၊ သရေနှင့် ဖိနပ်များ အစရှိတဲ့ ကုန်ပစ္စည်းများ နိုင်ငံခြားများမှ မှယူတင်သွင်းမှုများကို လျော့ချစေနိုင်မှာဖြစ်ပါတယ်။ လွန်ခဲ့သော ၃ လလောက်မှာ တကိုယ်ရေ ကာကွယ်ရေးဝတ်စုံ (PPE) တခုမှ နိုင်ငံအတွင်း ထုတ်လုပ်နိုင်ခြင်းမရှိခဲ့ရာမှ၊ ယခုအချိန်မှာတော့ တရက်မှာ PPE ဝတ်စုံ ၃ သိန်းကို ပြည်တွင်းမှ ထုတ်လုပ်နိုင်မှုဟာ ကိုယ့်အားကိုယ်ကိုး ကြိုးပမ်းအားထုတ်မှုရဲ့ အောင်မြင်မှုရလဒ်ဖြစ်ပြီး၊ အဲသည့်ရလဒ်ကို ဆက်လက်သယ်ဆောင်သွားရန် လိုအပ်ကြောင်း ဝန်ကြီးချုပ်က ဥပမာပေးချပြပြီး ပြောပါတယ်။

Aatmanirbhar Bharat ၏ အဓိပ္ပါယ်မှာ ကမ္ဘာ့စီးပွားရေးနှင့် အလုံးစုံပူးပေါင်းလုပ်ဆောင်ခြင်းအပြင် ၎င်းကို ထောက်ပံ့ကူညီမှုဖြစ်ပြီး၊ တံခါးပိတ်ဝါဒမဟုတ်ကြောင်း ဝန်ကြီးချုပ်က ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အိန္ဒိယစက်မှုလုပ်ငန်းကဏ္ဍများကို ပြည်တွင်းထုတ်ကုန်ဖြန့်ချိရေးကို ဖန်တီးနိုင်ရန် ရင်းနှီးမြှပ်နှံကြဖို့ ဝန်ကြီးချုပ်က တိုက်တွန်းပြောဆိုလိုက်ပြီး၊ အဆိုပါထုတ်ကုန်ဖြန့်ချိရေးကဏ္ဍသည် ကမ္ဘာ့ထုတ်ကုန်ဖြန့်ချိရေးတွင် ဝင်ဆံ့နိုင်ပြီး၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှု ကာလအလွန်တွင် ကမ္ဘာ့အရပ်ရပ်နှင့် ပြည်တွင်းစျေးကွက်တွင် ဖြန့်ချိရောင်းချရန် လိုအပ်နေသည့် ပြည်တွင်းထုတ်လုပ်မှုကို အာရုံစိုက်လုပ်ဆောင်ရာတွင် CII ကဲ့သို့သော စက်မှုလုပ်ငန်းအဖွဲ့အစည်းမှ ဦးဆောင်မှုတာဝန်အသစ်များကို ရယူလုပ်ဆောင်ကြပါရန် ဝန်ကြီးချုပ်က ပြောပါတယ်။ ဝန်ကြီးချုပ်ရဲ့ စက်မှုလုပ်ငန်းများအား ယုံကြည်များပြန်လည်ရရှိလာရန် တည်ဆောက်ပေးခြင်းနှင့် ကိုယ့်အားကိုယ်ကိုး တိုးတက်ဖွံ့ဖြိုးမှုအတွက် ကူညီထောက်ပံ့ပေးမှုတို့က အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်မှုဟာ မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ သင့်တော်သည့်အချိန်မှာ ပြန်လည်ရောက်ရှိနိုင်မှာ  ဖြစ်ပါကြောင်း စသည်ဖြင့် ဆောင်းပါးရှင် G. Srinivasan ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။