ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့တွင် အစိုးရမှ မြို့ပြသစ်တော စီမံကိန်းအားဖွင့်လှစ်

သောကြာနေ့တွင်ကျင်းပခဲ့သည့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ အထိမ်းအမှတ်နေ့တွင် မြို့ပြသစ်တောစီမံကိန်းအား အိန္ဒိယ ဗဟိုအစိုးရ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး Prakash Javadekar က ဖွင့်လှစ်ပေးလိုက်သည်။ မြို့ပြသစ်တောစီမံကိန်း၊ Nagar Van စည်းရုံးလုပ်ဆောင်မှုအား ပြည်သူလူထုများ၏ တက်ကြွစွာ ပါဝင်လုပ်ကိုင်မှုများမတဆင့် လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း Mr Javadekar က ရှင်းလင်းပြောကြားခဲ့သည်။ ယခုစီမံကိန်းအတွင်း ကော်ပိုရေးရှင်းနှင့် မြို့ပေါင်း ၂၀၀ အတွင်း သစ်တောများ ပေါက်ရောက်ဖြစ်ထွန်းလာရန် လုပ်ဆောင်သွားမည်ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်၊ သစ်တောနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ အထိမ်းအမှတ်ပွဲ၌ Mr Javadekar မှ အမှာစကားပြောကြားခဲ့ရာတွင်၊ ကန့်သတ်မှုများရှိနေသည့်ကြားက အိန္ဒိယနိုင်ငံသည် မိမိ၏ ပေါကြွယ်ဝသော ယဉ်ကျေးမှုများဖြစ်သည့် သဘာဝမိခင်အား ကိုးကွယ်ခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်းတို့ဖြင့် ကမ္ဘာပေါ်ရှိ ၈ % သော ဇီဝမျိုးစုံကွဲပြားမှုကို ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

သမ္မတ Ram Nath Kovind မှ အထိမ်းအမှတ်နေ့အား ကြိုဆိုကာ အမှာစကားပြောကြားခဲ့ရာတွင်၊ နောက်လာနောက်သားများအတွက် စိမ်းလမ်းစိုပြေသည့် ကမ္ဘာကြီးအား ဖန်တီးနိုင်ရန် အိန္ဒိယနိုင်ငံသည် တခြားနိုင်ငံများနှင့် လက်တွဲလုပ်ဆောင်လျှက်ရှိနေကြောင်း ပြောကြားခဲ့သည်။