ရုရှားနိုင်ငံသို့ ကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ်

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Indrani Talukdar ရေးသားပေးပို့ထားတဲ့ “ရုရှားနိုင်ငံသို့ ကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ်” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Rajnath Singh ရဲ့ ရုရှားနိုင်ငံခရီးစဉ်ဟာ အိန္ဒိယနိုင်ငံအတွက်သာမက အထူးသဖြင့်တော့ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေတဲ့ အချိန်ကာလမျိုးမှာ ရုရှားနှင့် တရုပ်နိုင်ငံတို့အတွက်ပါ ထူးခြားအရေးပါမှုရှိပါတယ်။ ၃ ရက်ကြာ ခရီးစဉ်အတွင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဟာ ရုရှားနိုင်ငံမှ တပ်မတော် ထိပ်ပိုင်းတွေနှင့်အတူ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်ကာလမှာ ဆိုဗီယက် ပြည်ထောင်စုရဲ့ ဂျာမဏီတို့အပေါ် အနိုင်ရရှိမှု ၇၅ ကြိမ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ပြုဖို့ မော်စကိုမြို့မှ တပ်မတော် ချီတက်ပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။
အဲဒီခရီးစဉ်ဟာ အိန္ဒိယနှင့် ရုရှားတို့အကြား အထူးဖြစ်တဲ့ ဆက်ဆံရေးရဲ့ အရေးပါပုံကိုလည်း ပြသလျှက်ရှိပါတယ်။ ရုရှားနိုင်ငံဟာ အိန္ဒိယနှင့် တရုပ်နိုင်ငံတို့အကြား တင်းမာမှုတွေ လျောပါးစေဖို့ မျှတတဲ့လုပ်ဆောင်ချက်နှင့်အတူ လှမ်းချီလျှက်ရှိပါတယ်။ ရုရှား-အိန္ဒိယ-တရုပ် ပုံစံအတွက်နှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့နှင့် BRICS အဖွဲ့ စတဲ့ နိုင်ငံများစွာပါဝင်တဲ့ တခြားအဖွဲ့အစည်းတွေအတွက်လည်း အရေးပါးမှုရှိပါတယ်။ ကာကွယ်ရေးဝန်ကြီးဟာ ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Sergey Shoygu နှင့် အခြားသော ထိပ်တန်းခေါင်းဆောင်တွေနှင့်အတူ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
အိန္ဒိယနှင့် တရုပ်နိုင်ငံအကြား နယ်စပ်ဒေသအရေး စိန်ခေါ်ချက်တွေပေါ်ပေါက်နေချိန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ ရုရှားနိုင်ငံရဲ့ မဟာဗျူဟာ မိတ်ဖက် ၂ နိုင်ငံတို့အနေနှင့် ရုရှားနိုင်ငံကို ကြားခံထားသွားနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့ဟာ မဟာဗျူဟာ မိတ်ဖက်တွေဖြစ်နေကြပြီး ၎င်းတို့ရဲ့ဆက်ဆံရေးတွေမှာဆိုရင် တခြားနိုင်ငှုံတွေနှင့် လွတ်လပ်မှုရှိကြပါတယ်။ နယူးဒေလီအစိုးရဟာ မည်သို့သော အရေးကိစ္စကိုမဆို ရပ်တည်မယ့်ဆုံးဖြတ်ချက်ချဖို့အတွက် နိုင်ငံခြားရေးတွေမှာ ဘယ်နိုင်ငံရဲ့အကူအညီကိုမှ တောင်းခံခဲ့တာမျိုး မရှိခဲ့ပါဘူး။
ကာကွယ်ရေးဝန်ကြီး Rajnath Singh ရဲ့ ခရီးစဉ်ဟာ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့အကြား အထူးဆက်ဆံရေးတွေကိုလည်း ထပ်မံ မီးမောင်းထိုးဖော်ပြလိုက်တာဖြစ်ပါတယ်။ ဒါဟာ ပေါ်ပေါက်နေတဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်ကောင်းမွန်စေဖို့အတွက် ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းတွေ အိန္ဒိယနိုင်ငံသို့ အမြန်ဆုံး ပို့ဆောင်ပေးဖို့ မော်စကိုအစိုးရအတွက်လည်း အရေးကြီးလှပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Indrani Talukdar ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်။