အိန္ဒိယနိုင်ငံသည် ကရာချီမြို့ အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်သည့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး၏ ဝေဖန်ချက်များကို ငြင်းဆိုလိုက်သည်။

အိန္ဒိယနိုင်ငံသည် ကရာချီမြို့ အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်သည့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး၏ ဝေဖန်ချက်များကို ငြင်းဆိုလိုက်ပြီး ဤအချက်များကို ယုတ္တိမရှိကြောင်း ဖော်ပြခဲ့သည်။ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး၏ လွဲမှားသော စွပ်စွဲချက်များအပေါ် သတင်းမီဒီယာတို့၏ မေးမြန်းချက်များအား တုံ့ပြန်ရာတွင် ပါကစ္စတန်နိုင်ငံသည် ၎င်းတို့၏ ပြည်တွင်းပြဿနာများအတွက် အိန္ဒိယနိုင်ငံအပေါ် အပြစ်မတင်သင့်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Mr. Anurag Srivastava က ဖော်ပြခဲ့သည်။ ပါကစ္စတန်နိုင်ငံကဲ့သို့မဟုတ်ဘဲ အိန္ဒိယနိုင်ငံသည် ကရာချီမြို့အပါအဝင် ကမ္ဘာ့မည်သည့်နေရာတွင်မဆို အကြမ်းဖက်ဝါဒအပေါ် ရှုတ်ချရာတွင် သည်းခံနှောင့်နှေးမှုမရှိဟု ၎င်းက ဖြည့်စွက်ဖော်ပြခဲ့သည်။