အိန္ဒိယနိုင်ငံသည် ဘူတန်နိုင်ငံတွင် ရေအားလျှပ်စစ်စီမံကိန်းအတွက် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလိုက်သည်။

တနင်္လာနေ့၌ Thimphu မြို့တွင် ဘူတန်အစိုးရနှင့် Kholongchhu ရေအားလျှပ်စစ် ကုမ္ပဏီတို့အကြား မီဂါဝပ် ၆၀၀ ထုတ်လုပ်နိုင်မည့် Kholongchhu ပူးတွဲရေအားလျှပ်စစ် စီမံကိန်းအတွက် သဘောတူစာချုပ် သဝဏ်လွှာကို နိုင်ငံခြားရေးဝန်ကြီး Dr. S Jaishankar နှင့် ဘူတန် နိုင်ငံခြားရေးဝန်ကြီး Dr. Tandi Dorji တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤစီမံကိန်းကို ဘူတန်နိုင်ငံ Druk Green လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကုမ္ပဏီနှင့် အိန္ဒိယနိုင်ငံ Satluj Jal Vidyut Nigam ကုမ္ပဏီတို့အကြား ဖက်စပ်ဖွဲ့စည်းထားသည့် Kholongchhu ရေအားလျှပ်စစ် လီမီတက် ကုမ္ပဏီက အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဖြစ်သည်။