Kashmir ဒေသရဲ့ ယဉ်ကျေးမှုအမွေအနှစ်

ယနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Ashok Handoo ရေးသားပေးပို့ထားတဲ့ ‘Kashmir ဒေသရဲ့ ယဉ်ကျေးမှုအမွေအနှစ်အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အိန္ဒိယနိုင်ငံရဲ့ နှလုံးသည်းပြွတ်ဖြစ်တဲ့ Kashmir ဒေသဟာ တဦးရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာကို တခြားသူတဦးက တန်ဖိုးထားမှုရှိပြီး ခေတ်အဆက်ဆက် အတူတကွ ပူးတွဲတည်ရှိခဲ့တဲ့ အရောင်အသွေးစုံ ယဉ်ကျေးမှုတည်ရှိရာ အသင့်လျော်ဆုံး သာဓကတွေအနက် တခုဖြစ်ပါတယ်။ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့ လွှမ်းမိုးတဲ့ ရှုထောင့်စုံ အတွေးခေါ်တွေ ပေါင်းစုရာအရပ်ဖြစ်ပြီး ‘Kashmiriyat’ ဒေသရယ်လို့ အမွေအနှစ် တွင်ခဲ့ပါတယ်။ အဲဒီဒဿနရဲ့ အနှစ်ချုပ်ကတော့ ညီရင်းအစ်ကို သဟဇာတာကျစွာ နေထိုင်ကြဖို့ ဖြစ်ပါတယ်။

အစ္စလာမ်ဘာသာ မပေါ်ထွန်းမီ ၁၄ ရာစုနှစ်အတွင်းက Kashmir ဒေသဟာ ဟိန္ဒီဘာသာနှင့် ဗုဒ္ဓဘာသာတို့ရဲ့ အဆုံးအမအောက်မှာ ရှိခဲ့ကြပါတယ်။ အဲဒီနောက် အစ္စလာမ်ဘာသာ လွှမ်းမိုးမှုအောက် ကျရောက်ခဲ့ပါတယ်။ အဲဒီလို ဘာသာရေး လှိုင်းလုံးတွေရှိခဲ့ပေမယ့် စိတ်ဓာတ်နှင့် အတွေးအခေါ်တွေဟာ တဦးနှင့်တဦး ရန်ဘက်မရှိဘဲ လိုက်လျောညီထွေ တည်ရှိခဲ့ကြပါတယ်။ Lal Ded လို့ လူသိများတဲ့ Laleshwari ဆန်းပြားကဗျာကြီးဟာ ‘vakhs’ (ကဗျာပိုဒ်တွေမှာ) သွန်သင်ဆုံးမခဲ့ပါတယ်။ သူမဟာ အစ္စလာမ်ဘာသာခေတ်အကြိုနှင့် အဲဒီနောက်ပိုင်းကာလတွေကို ပေါင်းကူးပေးခဲ့သူဖြစ်ပြီး Nund Reshi လို့ အများသိရှိထားသူဖြစ်တဲ့ သူမနဲ့ခေတ်ပြိုင်ဖြစ်တဲ့ Sheikh Noor Ud Din Noorani မီးရှူး ကမ်းလှမ်းပေးခဲ့သူ ဖြစ်ပါတယ်။ Lal Ded ဟာ သာမန်ပြည်သူတွေအတွက် သူမရဲ့ဩဝါဒကြားခံအဖြစ် Kashmiri ဘာသာစကားကို အသုံးပြုဖို့ ပထမဆုံးသော ကဗျာဖြစ်ပါတယ်။

ဘာသာရေးဘက်မှာဆိုရင် ဟိန္ဒူနှင့် မူစလင်တို့ဟာ တဦးနှင့်တဦး လိုက်လျောညီထွေ နေလာခဲ့ကြပါတယ်။ ဒါကြောင့်လည်း အဲဒီ တောင်ကြားဒေသတဝှမ်းမှာ ဟိန္ဒူနှင့် မူစလင်ဘာသာဆိုင်ရာ ဝတ်ပြုကြည်ညိုရာ ဌာနနေရာတွေ အလားတူ ရှိနေကြတာဖြစ်ပါတယ်။ ဒါဟာ အစဉ်အဆက် နေထိုင်ခဲ့ကြသူတွေရဲ့ လောကီရေးရာ လက္ခဏာတွေဖြစ်ပြီး ဒီကနေ့မှာတော့ အစွန်းရောက်အုပ်စုတွေရဲ့ ရက်စက်ယုတ်မာမှုတွေနှင့် ပစ်မှတ်ထားရှိရာတွေ ဖြစ်လာခဲ့ပါတယ်။ တချို့သော အကြောင်းအရာလေးတွေကလွဲလို့ Kashmir ဒေသဟာ ငြိမ်းချမ်းရေး၊ အပြန်အလှန် ညီအကိုစိတ်ဓါတ်တွေ အမြဲတည်တံ့ခဲ့ရာဒေသ ဖြစ်ပါတယ်။ Nund Rishi ဟာ Kashmir ဒေသမှာ ရိုးရှင်းမှုကို သွန်သင်ခဲ့တဲ့ ပထမဆုံးသော Sufi ကဗျာဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ဖို့ အလေးပေး ဖော်ပြထားပါတယ်။ မိမိတို့ရဲ့ သစ်တောတွေ ရှိသလောက်ပဲ အစားအစာတွေ တည်ရှိလိမ့်မယ်ဆိုတဲ့ သူ့စကားဟာ လူထုအကြား အလွန်ကျော်ကြားခဲ့ပါတယ်။

Kashmiri ဒေသရဲ့ ပထဝီအနေအထားဟာ သီးသန့်အားဖြင့် တေးဂီတနှင့် ဂီတဆိုင်ရာ တူရိယာနယ်ပယ်မှာ အရှေ့အာရှနှင့် အာရှအလယ်ပိုင်းတို့မှ လွှမ်းမိုးမှု လှိုႈင်းတွေအမြဲရှိပါတယ်။ အာဖကန်နစ္စတန်နိုင်ငံကလည်း Kashmiri ဒေသရဲ့ တေးဂီတနှင့် များစွာ လွှမ်းမိုးဆင်တူမှုရှိပါတယ်။ ၁၂ ရာစုနှစ်အတွင်း သက္ကတဘာသာနှင့် Kalhana ရေးစပ်သီကုံးခဲ့တဲ့ Rajtarangini ဟာ ကမ္ဘာ့ပထမဆုံးသော သမိုင်းမှတ်တမ်းတင်ချက်ဖြစ်ပါတယ်။

ခေတ်သစ်ကာလမှာလည်း Kashmir ဒေသဟာ Mehjoor နှင့် Azad တို့လို ဟိန္ဒူမူစလင် ညီညွတ်ရေး ဟောပြောခဲ့သူနှင့် ညီအကိုစိတ်ဓာတ်ထားရှိရေး သွန်ပြခဲ့သူတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါကြောင့် Kashmir ဒေသမှာ ဂုဏ်ယူဖွယ် အချက်များစွာရှိနေပြီး ရှေ့ဆက် ရှင်သန် ရပ်တည်သွားမှာ ဖြစ်ပါတယ်စသဖြင့် ဆောင်းပါးရှင် Ashok Handoo ရေးသားဖော်ပြထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။