ယနေ့ နိုင်ငံတဝှမ်းတွင် Eid-ul-Azha ပွဲတော်နေ့ကို ကျင်းပစီစဉ်လျှက်ရှိသည်။

ယနေ့ အိန္ဒိယနိုင်ငံတဝှမ်းတွင် ဘာသာရေး အနှစ်သာရနှင့် ပျော်ရွှင်ဝမ်းမြောက်မှုတို့ဖြင့် Eid-ul-Azha သို့မဟုတ် Bakrid ပွဲတော်နေ့ကို ကျင်းပစီစဉ်လျှက်ရှိသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေသည့်အတွက် နေရာဒေသအများစုတို့တွင် Eidgahs နှင့် ဂရမ်း ဗလီကျောင်းများတွင် လူအများအပြား ဝတ်ပြုဆုတောင်းမှုများ ရှိမည်မဟုတ်ပေ။ ယုံကြည်သက်ဝင်သူများသည် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရန်ထုတ်ပြန်ထားသည့် လမ်းညွှန်ကြေညာချက်များနှင့်အညီ ရပ်ကွက်တွင်း ဗလီများနှင့် မိမိတို့ နေအိမ်များတွင် Eid ပွဲတော် ဝတ်ပြုမှုများ ပြုလုပ်သွားကြမည်ဖြစ်သည်။ Eid-ul-Azha ပွဲတော်သည် ဘုရားသခင်၏ညွှန်ကြားချက်ကို လိုက်နာရန် ၎င်း၏တဦးတည်းသော သားတော်ကို ယဇ်ပူဇော်ရန် တမန်တော် Ibrahim ၏ သဒ္ဒါတရားကို အထိမ်းအမှတ်ပြု ကျင်းပပြုလုပ်ခြင်းဖြစ်သည်။