အစိုးရသည် သြဂုတ်လ ၃၁ ရက်နေ့အထိ နိုင်ငံတကာ လေကြောင်းလိုင်း ခရီးစဉ်များအပေါ် ပိတ်ဆီးမှု တိုးမြှင့်လိုက်သည်။

အစိုးရသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတို့ ဖြစ်ပွားနေသည့်ကာလတွင် သြဂုတ်လ ၃၁ ရက်နေ့အထိ နိုင်ငံတကာ လေကြောင်းလိုင်း ခရီးစဉ်များအပေါ် ပိတ်ဆီးမှု တိုးမြှင့်လိုက်သည်။ သို့သော် အဆိုပါ ကန့်သတ်ချက်များသည် DGCA မှ အထူးသီးသန့်အတည်ပြုပေးသည့် နိုင်ငံတကာ ကုန်တင်လေကြောင်းလိုင်းအားလုံးနှင့် ခရီးစဉ်များကို ကျင့်သုံးနိုင်မည်မဟုတ်ပေ။ အိန္ဒိယသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် လော့ဒေါင်း ပိတ်ဆို့မှု မကြေညာမီ မတ်လ ၂၂ ရက်နေ့တွင် နိုင်ငံတကာ လေကြောင်းခရီးများကို ပထမဆုံး ရပ်ဆိုင်းခဲ့သည်။ ကပ်ရောဂါကြောင့် ခရီးသည်တင် လေယာဉ်များ တဖြည်းဖြည်း ပျံသန်းခွင့်ပြုမှုအဖြစ် အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နှင့် ဂျာမဏီနိုင်ငံတို့နှင့်အတူ ‘Transport Bubble’ သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။ ၂ နိုင်ငံအကြား လေကြောင်းပျံသန်းမှုများခွင့်ပြုသည့် ယင်းကဲ့သို့ အပြန်အလှန် သဘောတူညီချက်များကို ထိန်းချုပ်သတ်မှတ်ချက်များအရ ဘောင်ဝင်ထိန်းသိမ်းထားခြင်းဖြစ်သည်။