အမေရိကန်ပြည်ထောင်စုသည် Xinjiang ဒေသတွင် လူ့အခွင့်အရေး အလွဲသုံးစားလုပ်မှုနှင့်ပတ်သက်၍ တရုပ်ကုမ္ပဏီအပေါ် ပိတ်ဆို့မှုများ သတ်မှတ်လိုက်သည်။

Xinjiang ဒေသတွင် Uyghur အသိုင်းအဝိုင်းတို့အပေါ် ပြင်းထန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ဆက်နွယ်၍ တရုပ်နိုင်ငံ၏ Xinjiang ကုန်ထုတ်လုပ်ရေးနှင့် ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ၎င်း၏အရာရှိ ၂ ဦးတို့ကို ပိတ်ဆို့အရေးယူမှုများ ချမှတ်လိုက်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Michael Pompeo က ဖော်ပြခဲ့သည်။ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ပြီးနောက် Mr Pompeo သည် ၎င်းတို့၏ နိုင်ငံသားများအပေါ် ကိုယ်တိုင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ပြုလုပ်နေသည့်အတွက် တရုပ်ကွန်မြူနစ်ပါတီကို ပစ်တင်ရှုတ်ချကြပါရန် ကမ္ဘာတဝှမ်းမှ နိုင်ငံများအား တိုက်တွန်းတောင်းဆိုခဲ့သည်။