စိတ်နှလုံးမှ ပြောသောစကားများ (ဩဂုတ်လ ၃၀ ရက်၊ ၂၀၂၀ ခုနှစ်)

လေးစားအပ်ပါသော နိုင်ငံသားအပေါင်းတို့ မင်္ဂလာပါ ခင်ဗျာ..

လက်ရှိကာလဟာ ပွဲတော်တွေကို နေရာဒေသ အသီးသီးတို့မှာ ကျင်းပပြုလုပ်နေကြပြီး ပွဲလမ်းသဘင် ပေါများတဲ့ပွဲတော်ရာသီကာလ ဖြစ်ပါ့တယ်။ ဘာသာရေးအခမ်းအနားတွေအတွက်လည်း ကျင်းပရမယ့် ရာသီဖြစ်ပါတယ်။ ဒီလို ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ပျံ့ပွားနေတဲ့ အချိန်ကာလမျိုးမှာ ပြည်သူလူထုတို့ဟာ တဖက်မှာ ပွဲတော်တွေရဲ့ အနှစ်သာရနှင့် ထုံးတမ်းအစဉ်အလာတွေကို ထိန်းသိမ်း လုပ်ဆောင်နေကြပြီး တခြားတဖက်မှာဆိုရင်တော့ မိမိတို့ရဲ့ စိတ်နှလုံးကို ကိုင်လှုပ်မိစေတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာလုပ်ဆောင်နေကြတာကိုလည်း တွေ့ရပါတယ်။ ပြည်သူတွေဟာ ကိုယ်တိုင် စောင့်ရှောက်နေကြတဲ့အပြင် အခြားသူတွေကိုလည်း ဂရုစိုက်လျှက်နှင့် ၎င်းတို့ရဲ့ နေ့စဉ်ဖြစ်တဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ဆောင်နေကြပါတယ်။ နိုင်ငံအတွင်းပြုလုပ်နေတဲ့ ပွဲတော်တိုင်းမှာလိုပဲ ယခု တွေ့ကြုံရတဲ့ စိတ်ရှည်သည်းခံမှုနှင့် ရိုးဖြောင့်မှုတို့က မကြုံစဖူးဖြစ်ပါတယ်။ တချို့နေရာတွေမှာဆိုရင် မဟာပိန္နဲ ပွဲတော်ကြီးကို အွန်လိုင်းကနေ ကျင်းပနေကြပြီး နေရာဒေသအများအပြားတို့မှာလည်း ကိုယ့်ဒေသဝန်းကျင်နှင့်ကိုက်ညီတဲ့ မဟာပိန္နဲ ရုပ်ပွားတော်တွေကို ထားရှိပေးထားပါတယ်။ မိတ်ဆွေများခင်ဗျာ ကျနော်တို့ ပွဲတော်တွေကို ဂရုတစိုက် လေ့လာကြည့်မယ်ဆိုရင် ပွဲတော်တွေနှင့် သဘာဝပတ်ဝန်းကျင်တို့ရဲ့ကြားမှာ ဆက်နွယ်မှုရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ ကျနော်တို့ပွဲတော်တွေဟာ ဝန်းကျင်နှင့် သဘာဝတို့ အတူတကွ ပူးတွဲတည်ရှိမှုကို သွယ်ဝိုက် ဖော်ပြနေကြပြီး အခြားတဖက်မှာဆိုရင်တော့ ပွဲတော်အများအပြားတို့ဟာ သဘာဝ အလှတရားကို ကာကွယ်စောင့်ရှောက်ဖို့အတွက်ပဲ အသေအချာ ကျင်းပပြုလုပ်ကြတာ ဖြစ်ပါတယ်။

မိတ်ဆွေများခင်ဗျာ

Onam ပွဲတော်ကိုလည်း ပွဲတော်အနှစ်သာရနှင့် ပျော်ရွှင်ဝမ်းမြောက်စွာ ကျင်းပနေကြတာဖြစ်ပါတယ်။ ဒီပွဲတော်ဟာ Chingam လမှာ ကျရောက်ပါတယ်။ ပွဲတော်ကာလအတွင်းမှာတော့ ပြည်သူတွေဟာ အသစ်အဆန်း တခုခု ဝယ်ယူတာတွေ၊ လူနေအိမ်တွေကို အလှဆင်တာတွေ၊ ကြမ်းခင်းပန်းချီရေးဆွဲတာတွေနှင့် ပျော်ပွဲရွှင်ပွဲ အခမ်းအနားကျင်းပကြတာတွေ ပြုလုပ်လေ့ရှိကြပါတယ်။

လေးစားအပ်ပါသော နိုင်ငံသားများခင်ဗျာ……

ယခုလို ကိုရိုနာ ကပ်ဘေးဆိုက်ရောက်နေချိန်မျိုးမှာ နိုင်ငံတော်ဟာ ကဏ္ဍမျိုးစုံတို့အပေါ်မှာ တပြိုင်တည်း ရုန်းကန်လှုပ်ရှားနေရပါတယ်။ တချိန်တည်းမှာပဲ မိမိတို့အိမ်မှာ အချိန်ကာလ ကြာမြင့်စွာ အိမ်တွင်းအောင်းနေရတဲ့ကာအတွင်း အချိန်တွေကို ဘယ်လိုကျော်ဖြတ်ကြတယ်ဆိုတဲ့ မေးခွန်းက မကြာခဏ ပေါ်ပေါက်လာပါတယ်။

ကျွန်တော်တို့ဟာ ‘ဖန်တီးမှုဟာ ထာဝရဖြစ်ပြီး ဆက်လက်ဖြစ်ပွားနေတယ်’ ဆိုတဲ့ ဆိုရိုစကားတခုနှင့် အလားသဏ္ဍာန် တူကြပါတယ်။ အဲဒီလိုပဲ အိန္ဒိယနိုင်ငံဟာ ဧရာမကြီးမားလှတဲ့ ဘေးဒုက္ခကြီးတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး အခြားတဖက်မှာဆိုရင် အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားပြီး မြောက်များစွာသော ဖန်တီးမှုတွေ ပေါ်ပေါက်စေခဲ့ပါတယ်။ စာပေ တခေတ်ဆန်းသစ်မှုတွေ၊ သုတေသန အသစ်တွေ ပေါ်ပေါက်လာပြီး သဘောတရားအသစ်တွေလည်း ပေါ်လွင်လာခဲ့ပါတယ်။ ဒါဟာဆိုရင် အဆိုးဝါးဆုံးအချိန်တွေမှာတောင် ဘယ်ကဏ္ဍမှာမဆို မိမိတို့ရဲ့ စုံလင်လှတဲ့ ယဉ်ကျေးမဥဟာ နိုင်ငံရဲ့ တိုးတက်ရေးလမ်းကြောင်းကို ဦးတည်လျှက် ဆင့်ကဲတိုးတက်မှု ဖြစ်စဉ်ဟာ မတုန်မလှုပ် ဖြစ်ပေါ်လာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ အခက်အခဲဟူသမျှကို အောင်မြင်ရေး အုတ်မြစ်တွေအဖြစ် အမြဲတမ်း ပြောင်းလဲလျှောက်လှမ်းနိုင်ခဲ့ပါတယ်။ အလားတူသန္နိဋ္ဌာန်နှင့်ပဲ ဒီကနေ့ အခက်အခဲကာလကို ရှေ့ဆက်ချီတက်ကြရမှာဖြစ်ပါတယ်။ အားလုံးလှမ်းချီကြမယ်ဆိုရင် သန်းပေါင်း ၁ ထောင့်၊ ၃ ရာရှိတဲ့ ပြည်သူတွေရဲ့ စုပေါင်းအင်အားဟာ နိုင်ငံရဲ့ ဂုဏ်ရောင်ထွန်းပြောင်တဲ့ အမွေအနှစ်ကိုထိန်းသိမ်းပြီး ဒီထက်မက အဆင့်မြင့်အောင် ဒီနှစ်မှာ လုပ်ဆောင်နိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်မိပါတယ်။

ချစ်ခင်လေးစားအပ်ပါသော နိုင်ငံသား အပေါင်းတို့ခင်ဗျာ.

မိမိတို့ဟာ ကိုယ်ရင်ဆိုင်နေရတဲ့ ဘေးဒုက္ခ ဘယ်လောက်ပင်ကြီးမားစေကာမူ အိန္ဒိယနိုင်ငံရဲ့ နေထိုင်ရပ်တည်မှုနည်းလမ်းဟာ အားလုံးကို ကိုယ်ကျိုးမငဲ့ထမ်းရွက်ဖို့ လှုံ့ဆော်ပေးလျှက်ရှိပါတယ်။ ခက်ခဲတဲ့အချိန်ကာလတွေမှာ အိန္ဒိယနိုင်ငံ အကူအညီပေးလေ့ရှိတဲ့အတိုင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက်လည်း အားဖြည့်ပေးခဲ့ပါတယ်။ ဒီကာလအတွင်း ကမ္ဘာ့နိုင်ငံတွေဟာ အိန္ဒိယနိုင်ငံရဲ့ လူသားအားလုံးကို ချစ်မြတ်နိုးတဲ့စိတ်ဓာတ်အပေါ် နားလည်သဘောပေါက်ရုံမက နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ကာကွယ်စောင့်ရှောက်ဖို့အချိန်ရောက်လာရင်လည်း လုပ်ဆောင်တဲ့စိတ်ဓာတ်ကို သတိပြု မြင်တွေ့ခဲ့ကြပြီဖြစ်ပါတယ်။

Ladakh ဒေသအတွင်း အိန္ဒိယနိုင်ငံရဲ့ မြေနယ်နိမိတ်ကို မျက်စိကျနေသူတွေဟာ ထိုက်သင့်တဲ့တုံ့ပြန်မှု ရရှိခဲ့ကြပါတယ်။ မိခင်အိန္ဒိယနိုင်ငံရဲ့ ထင်ရှားမှု ဂုဏ်ပုဒ်ကို ဘယ်လိုမိစ္ဆာမျိုးကမှ အသရေဖျက်လို့ရမှာမဟုတ်ဘူးဆိုတာကို မိမိတို့ရဲ့ သတ္တိခဲ တပ်သားတွေက သက်သေပြထားပြီးဖြစ်ပါတယ်။ Ladakh ဒေသမှာ အာဇာနည်စိတ်ဓာတ် သွင်းခဲ့ကြတဲ့ သူရဲကောင်း တပ်မတော်သားတွေကို မိမိတို့တနိုင်ငံလုံးက ဦးညွှန်အလေးပြုလျှက် ရှိနေကြပါတယ်။

လေးစားအပ်ပါသော မိတ်ဆွေများခင်ဗျာ……

လွတ်လပ်ရေးမရမီက ကာကွယ်ရေးကဏ္ဍမှာဆိုရင် မိမိတို့နိုင်ငံဟာ ကမ္ဘာပေါ်မှာ တခြားနိုင်ငံ အများအပြားတို့ထက် သာလွန်ခဲ့ပါတယ်။ အဲဒီတုန်းက နောက်ကျန်နေခဲ့တဲ့ နိုင်ငံအများအပြားတို့ဟာ ဒီကနေ့ မိမိတို့ထက် ရှေ့ရောက်နေကြပြီဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးတဲ့နောက် မိမိတို့ဟာ အသာစီးရမှုအတွေ့အကြုံကိုအသုံးချပြီး ကာကွယ်ရေးကဏ္ဍမှာ ကြိုးပမ်းမှုတွေ ပြုလုပ်သင့်ခဲ့ပေမယ့် ကျွန်တော်တို့ မလုပ်ခဲ့ကြပါဘူး။ ဒါပေမယ့်လည်း ဒီကနေ့ခေတ် ကာကွယ်ရေးနှင့် နည်းပညာကဏ္ဍမှာဆိုရင်တော့ အိန္ဒိယနိုင်ငံဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်နေပြီဖြစ်ပြီး ကိုယ်တိုင် အားကိုးယုံကြည်နိုင်ပြီ ဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော မိတ်ဆွေများခင်ဗျာ.

ပြည်သူတွေရဲ့ ပါဝင်လုပ်ဆောင်ချက်မရှိဘူးဆိုရင် ဘာကိုမှ အောင်မြင်အောင် လုပ်လို့မရနိုင်ပါဘူး။ ဒါကြောင့်လည်း ကိုယ်ထူကိုယ်ထ အိန္ဒိယနိုင်ငံဖြစ်ဖို့ဆိုရင် နိုင်ငံသားတဦးအဖြစ် စုပေါင်းကြိုးပမ်းမှု၊ ဆုံးဖြတ် သန္နိဋ္ဌာန်တို့ဟာ မဖြစ်မနေ လိုအပ်ပါတယ်။ မိမိတို့နိုင်ငံ ပိုမိုကြံခိုင်တောင့်တင်းလေ ကမ္ဘာ့ငြိမ်းချမ်းရေး အလားအလာ ပိုများလေဖြစ်တယ်ဆိုတာကို အမှတ်ရသွားကြရမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ မျှော်မှန်းချက်ဟာ မိမိကိုယ်ကို ယုံကြည်ကိုးစားရေးဖြစ်ပါတယ်။ နိုင်ငံရဲ့ အစဉ်အလာကလည်း ယုံကြည်မှုရှိရေး၊ ချစ်ကြည်ရေးနှင့် ညီအကိုစိတ်ဓာတ်ဖြစ်တာကြောင့် အဲဒီ စည်းမျဉ်းတွေကိုလိုက်နာပြီး ရှေ့ဆက် ချီတက်သွားကြရမှာ ဖြစ်ပါတယ်။

ချစ်လှစွာသော နိုင်ငံသား အပေါင်းတို့ခင်ဗျာ..

ကိုရိုနာဗိုင်းရပ်စ်ပိုး ကျရောက်နေတဲ့ ယနေ့ကာလမျိုးမှာ နိုင်ငံတော်ဟာ လော့ဒေါင်းချမှတ်မှုတွေကနေ ရုန်းထွက်ဖို့ လုပ်ဆောင်နေပါတယ်။ ဒီလိုဖွင့်လှစ်ရာမှာ ကိုရိုဗိုင်းရပ်စ် တိုက်ဖျက်ရေးနှင့် စီးပွားရေး တိုးတက်အားကောင်းရေးဆိုတဲ့ အချက် ၂ ချက်အပေါ် အာရုံပြုသွားရမှာဖြစ်ပါတယ်။ ဒီအပြင် လော့ဒေါင်းတွေ ဖွင့်တဲ့အခါမှာ မိမိတို့ဟာ ပိတ်တုန်းကထက်ပိုပြီး သတိဝီရိယနှင့် နေသွားကြရမှာဖြစ်ပါတယ်။ မျက်နှာဖုံးစွပ်ဖို့၊ တဦးနှင့်တဦး ၄ တောင်လောက် အကွာဝေးထားဖို့နှင့် တခြားသော ကြိုတင်လုပ်ဆောင်ရမယ့် အရာတွေကို မလိုက်နာဘူးဆိုရင် ကိုယ့်အတွက် အန္တရာယ်ရှိတဲ့အပြင် ကိုယ့်အိမ်မှာရှိတဲ့ သက်ကြီးရွယ်အိုတွေနှင့် ကလေးတွေကို အန္တရာယ် ကျရောက်စေမှာဖြစ်တယ်ဆိုတာကိုတော့ အမြဲတမ်း နှလုံးသွင်းထားကြရမှာဖြစ်ပါတယ်။ နိုင်ငံသားအားလုံးကို ပန်ကြားလိုပါတယ်။ အမှုမဲ့ အမှတ်မဲ့ မနေကြပါနဲ့။ ကိုယ့်ကိုယ်ကိုနှင့် ပတ်ဝန်းကျင်ကို ဂရုစိုက်ကြပါ။

ချစ်လှစွာသော နိုင်ငံသားအပေါင်းတို့ခင်ဗျာ.

ကိုရိုနာဗိုင်းရပ်စ်ဟာ မိမိတို့နေထိုင်ပုံထိုင်နည်းကို အသေအချာ ပြောင်းလဲပေးလိုက်ပါတယ်။ယခုအခါ မုတ်သုံရာသီမိုးဟာ နိုင်ငံရဲ့ အစိတ်အပိုင်းအများအပြားသို့ ရောက်ရှိလာပြီဖြစ်ပြီး မိုးလေဝသ ပညာရှင်တွေဟာ မိုးရွာသွန်းမှုနှင့်ပတ်သက်လိုပ အလွန်အားရကျေနပ်နေကြပါတယ်။ မိုးရွာသွန်းမှုများမယ်ဆိုရင် မိမိတို့ရဲ့ တောင်သူဦးကြီးတွေဟာ ကောက်ပဲတွေ စိုက်ပျိုးကြမှာဖြစ်ပြီး ဝန်းကျင်တွေကလည်း စိမ်းလန်းစိုပြေနေကြမှာဖြစ်ပါတယ်။ မိုးရာသီကာလအတွင်း သဘာဝဟာ ကိုယ်တိုင် အလှဆင် နုပျိုစေလျှက်ရှိပါတယ်။ လူသားတွေဟာ သဘာဝရင်းမြစ်တွေကို လေ့လာဖော်ထုတ်နေကြသလို သဘာဝတရားကလည်း မိုးရာသီမှာ ဒါတွေကို ထပ်မံဖြည့်ဆည်းသိုလှောင်ပေးပါတယ်။ ဒါပေမယ့်လည်း အဲဒီလို ထပ်မံဖြည့်ဆည်းမှုတွေဟာ မိမိတို့အနေနှင့် မိခင်ကမ္ဘာမြေကြီးကို ပံ့ပိုးပြီး ကိုယ့်တာဝန်ကျေပြွန်အောင် လုပ်ဆောင်မှသာ ဖြစ်နိုင်ပါတယ်။

မိတ်ဆွေများခင်ဗျာ သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ဖို့အတွက် မိုးရာသီကာလအတွင်းမှာ တစုံတရာ အစပျိုးလုပ်ဆောင်သွားဖို့ ကြံဆကြရမှာဖြစ်ပါတယ်။ Ganesh Chaturthi ပွဲတော်အတွက်လည်း ပြင်ဆင်မှုတွေ စတင်သွားကြမှာဖြစ်ပါတယ်။ မိမိတို့အနေနှင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတကျတဲ့ မဟာပိန္နဲ ရုပ်တုပုံကြီးတွေထုလုပ်ပြီး ကိုးကွယ်ဖို့ မကြိုးစားကြတော့ဘူးလား။ ရုပ်တုကြီးတွေကိုပြုလုပ်ပြီး မြစ်ချောင်း၊ အင်းအိုင်ထဲမှာ စွန့်ပစ်ထားခဲ့ကြတာကြောင့် မြစ်ရေ၊ ချောင်းရေတွေနှင့် မြစ်ထဲကသတ္တဝါတွေအတွက် အန္တရာယ် ဖြစ်လာတာကို မကာကွယ်ကြတော့ဘူးလား။ ကျွန်ုပ်ရဲ့တောင်းဆိုမှုကို တက်တက်ကြွကြွ တုံ့ပြန်လုပ်ဆောင်ကြလိမ့်မယ်လို့ အခိုင်အမာ ယုံကြည်မိပါတယ်။အထူးသဖြင့် ကျနော့်ရဲ့ ဆရာဆရာမ မိတ်ဆွေများခင်ဗျာ

ကျနော်တို့နိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ ၇၅ ကြိမ်မြောက် လွတ်လပ်ရေးနေ့ပွဲတော်ကို ကျင်းပသွားကြမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးမရမီက ကျနော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးစစ်ပွဲဟာ သမိုင်းရှည်ကြီးတခု တွင်ကျန်ခဲ့ပါတယ်။ အဲဒီကာလအတွင်း လွတ်လပ်ရေးအတွက် တော်လှန်ခဲ့ကြတဲ့ နိုင်ငံရဲ့ ဘယ်နေရာ ဘယ်ဒေသမှာမဆို နိုင်ငံအတွက် အသက်သွေးချွေးတွေ မပေးဆပ်ခဲ့ရတဲ့ နေရာရယ်လို့ မရှိခဲ့ပါဘူး။ အဲဒီကာလတလျှောက်မှာ ရှေ့ဆောင်လမ်းပြခဲ့ကြတဲ့ ဆရာကြီးတွေရဲ့ကဏ္ဍဟာ အလွန်အရေးပါလှပါတယ်။ မိမိတို့ရဲ့ လွတ်လပ်ရေး ၇၅ နှစ်ပြည့်ကာလမှာလည်း အဲဒီလို တသီးပုဂ္ဂလ ဆရာအသီးသီးတို့ရဲ့ကြိုးပမ်းလုပ်ဆောင်ချက်တွေကို အောက်မေ့သတိတရရှိစွာနှင့် ဂုဏ်ပြုကြမယ်ဆိုရင် အင်မတန် လိုက်လျောညီထွေဖြစ်သွားမှာပဲဖြစ်ပါတယ်။ ဒါကြောင့် စက်တင်လာဘ ၅ ရက်နေ့ ဆရာများနေ့ ကျင်းပကြတဲ့အခါမှာ ဒီကိစ္စနှင့်ပတ်သက်ပြီး လူတိုင်းလူတိုင်း ပါဝင်လုပ်ဆောင်နိုင်ကြစေဖို့အရေး အစီအစဉ်တခုခု စတင်လုပ်ဆောင်ကြဖို့အတွက် ကျနော်တို့ရဲ့ မိတ်ဆွေကျောင်းဆရာအားလုံးတို့အပေါ် တောင်းဆိုလိုက်ပါတယ်။

လေးစားအပ်ပါသော နိုင်ငံသားအပေါင်းတို့ခင်ဗျာ.

နိုင်ငံတော်ဟာ တိုးတက်ရေးလမ်းကြောင်းပေါ်မှာ ရောက်ရှိနေပြီး ဒါကလည်း ဒီဖြစ်စဉ်အတွင်းမှာ နိုင်ငံသားတိုင်းတို့ သက်တောင့်သက်သာနှင့် လုပ်ဆောင်သွားနိုင်ကြမှာဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုရင် နိုင်ငံသားတွေဟာ အခရာကျပြီး ဒီကပ်ရောဂါကြီးကိုကျော်လွန်သွားနိုင်ရေး စုပေါင်းကြိုးပမ်းချက်တွေရဲ့ တစိတ်တကဏ္ဍဖြစ်ပါတယ်။ လူတဦးနှင့်တဦး အကွာအဝေး စံညွှန်းတွေ၊ မျက်နှာဖုံးစွပ်တာတွေလိုက်နာမယ်ဆိုရင် ဒီဗိုင်းရပ်စ်ကိုတိုက်ဖျက်ရာမှာ မိမိတို့အတွက် အထောက်အကူပြုစေမှာဖြစ်ပါတယ်။ အဲဒီလမ်းညွှန်ချက်တွေကိုလိုက်နာသွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ အဲဒီဆန္ဒမွန်တွေနှင့်အတူ ကျန်းကျန်းမာမာနှင့် ပျော်ရွှင်မှုရှိနိုင်ကြပါစေကြောင်းနှင့် လာမယ့် စိတ်နှလုံးမှပြောသော စကားများကဏ္ဍမှာ ထပ်မံ တွေ့ဆုံကြပါဦးစို့။

ကျေးဇူးများစွာ တင်ရှိလျှက်

မင်္ဂလာပါ။