ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထုတ်လုပ်ဖြန့်ဖြူးရာတွင် အိန္ဒိယနိုင်ငံ၏ ကဏ္ဍသည် အရေးပါလိမ့်မည်ဟု Bill Gates က ဖော်ပြလိုက်သည်။

မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူဖြစ်ပြီး ပရဟိတ ဒါနရှင်ဖြစ်သူ Bill Gates သည် ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်ရာတွင် အရေးပါသည့်ကဏ္ဍမှပါဝင်လုပ်ဆောင်ရန်နှင့် အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများအား ပေးသွင်းခွင့်ပြုရန် အိန္ဒိယနိုင်ငံ၏ဆန္ဒရှိမှုအနေဖြင့် ကမ္ဘာ့ကပ်ရောဂါ ထိန်းချုပ်ဟန့်တားရာတွင် အရေးပါလိမ့်မည်ဟု ဖော်ပြခဲ့သည်။ ကာကွယ်ဆေး ထွက်လာသည့်အချိန်တွင် အိန္ဒိယနိုင်ငံကို ပမာဏအများအပြားဖြင့် ထုတ်လုပ်ရောင်းချရန် ကမ္ဘာ့နိုင်ငံများက လိုလားနေကြောင်း ၎င်းကဖော်ပြခဲ့သည်။ သတင်းအေဂျင်စီ ဌာနတခုနှင့် တွေ့ဆုံမေးမြန်းမှုတခုတွင် Bill Gates သည် ကမ္ဘာ့ကပ်ရောဂါ ရင်ဆိုင်တွေ့ကြုံနေရမှုကို အာရုံပြုထားသည့် အဖွဲ့အစည်းအုတ်မြစ်သည် ကမ္ဘာစစ်ကြီးများအပြီး လောက၌ကြုံတွေ့ခဲ့ရသည့် အကြီးကျယ်ဆုံးသော အရာဖြစ်လိမ့်မည်ဟု ဖော်ပြခဲ့သည်။