အိန္ဒိယနိုင်ငံသည် ဟိန္ဒူ၊ Sikhs နှင့် အခြားသော လူနည်းစုများအပေါ် နှိပ်စက်ညှဉ်းပန်းမှုအတွက် ပါကစ္စတန်နိုင်ငံကို ရှုတ်ချလိုက်သည်။

အင်္ဂါနေ့၌ အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နိုင်ငံကို အကြမ်းဖက်ဝါဒ၏ ဗဟိုချက်မနေရာအဖြစ်နှင့် ဟိန္ဒူ၊ Sikhs နှင့် ခရစ်ယာန်တို့အပါအဝင် ၎င်းတို့၏ လူမျိုးစုနှင့် ဘာသာရေး လူနည်းစုများကို အစဉ် နှိပ်စက်လျှက် လူ့အခွင့်အရေးများ ချိုးဖောက်နေကြောင်း ဖော်ပြလိုက်သည်။ လူ့အခွင့်အရေး ကောင်စီ၏ ကြိမ်မြောက် အစည်းအဝေး၌ ပါကစ္စတန်နိုင်ငံကပြုလုပ်ခဲ့သည့် ထုတ်ပြန်ချက်များအတွက် တုံ့ပြန်ခွင့်ကျင့်သုံးလျှက် ကိုယ်တိုင် မလိုမုန်းထားရည်ရွယ်ချက်ဖြင့် လုပ်ကြံလွဲမှား ပြောဆိုမှုများနှင့်အတူ အိန္ဒိယနိုင်ငံကို မကောင်းပြောရန်မှာ ပါကစ္စတန်နိုင်ငံအတွက် အလေ့အကျင့်အတခု ဖြစ်လာနေပြီဖြစ်သည်ဟု အိန္ဒိယ ကိုယ်စားလှယ်က ဖော်ပြခဲ့သည်။