Prahlad Singh Patel သည် လန်ဒန်မြို့၊ အိန္ဒိယ သံရုံးတွင် ပန်းပုရုပ်တု ၃ ခု လွှဲအပ်ပွဲအခမ်းအနားကို တက်ရောက်လျှက်ရှိသည်။

ယမန်နေ့၌ ယဉ်ကျေးမှုရေးရာဝန်ကြီး Prahlad Singh Patel သည် လန်ဒန်မြို့၊ အိန္ဒိယ သံရုံးတွင်ပြုလုပ်ခဲ့သည့် ပန်းပုရုပ်တု ခု လွှဲအပ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့သည်။ ဗြိတိန်နိုင်ငံရဲတပ်ဖွဲ့သည် အဆိုပါ ရာမ ဘုရား၊ Lakshamana နှင့် မယ်တော်သီတာ စသည့် ပန်းပုရုပ်တု ခုတို့ကို လန်ဒန်မြို့တွင် အိန္ဒိယသံရုံးသို့ လွှဲအပ်ပေးခဲ့သည်။ အခမ်းအနားသို့ အမှာစကားပြောကြားစဉ် Mr Patel သည် ဗြိတိန်ရဲတပ်ဖွဲ့၊ Tamil Nadu ပြည်နယ်အစိုးရ၏ အထူး Idol Wing တပ်ဖွဲ့၊ အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသန စစ်တမ်းနှင့် အိန္ဒိယ သံရုံးတို့ကို အဆိုပါ တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းများ အိန္ဒိယနိုင်ငံသို့ ပြန်လည်ဆောင်ယူနိုင်ရေး ကြိုးပမ်းမှုများအတွက် ချီးကျူးဂုဏ်ပြုကြောင်း ဖော်ပြခဲ့သည်။